ထို့နောက် သူတို့အား “သင်တို့သည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။ အသုံးအဆောင်များလည်း သန့်ရှင်း၏။ ရွှေငွေတို့သည်လည်း သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအား စေတနာအလျောက်ပေးလှူသောပူဇော်သက္ကာ ဖြစ်၏။
ဝတ်ပြု 22:2 - မြန်မာ့စံမီသမ္မာကျမ်း “အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုလော့။ ငါ၏သန့်ရှင်းသောနာမတော်ကို ရှုတ်ချရာမရောက်မည့်အကြောင်း ငါ့အား အစ္စရေးအမျိုးသားတို့ ဆက်ကပ်သည့် သန့်ရှင်းသောပူဇော်သက္ကာကို ပူဇော်ရာ၌ ဂရုပြုရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ Garrad Bible သန့် ရှင်း သော နာ မ တော် ကို မ ညှိုး ပုပ် ကြ စေ ရန် ငါ့ အ ဖို့ ဣ သ ရေ လ အ မျိုး သား တို့ သီး သန့် ထား သော ဝ တ္ထု များ ကို သန့် သော အ ဖြစ် နှင့် သာ သုံး ဆောင် ကြ ရ မည့် အ ကြောင်း အာ ရုန် နှင့် သား တို့ အား ဆင့် ဆို လော့။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။ Judson Bible အာရုန်နှင့် သူ၏သားတို့သည် ငါ့အဖို့သန့်ရှင်းစေသောအရာအားဖြင့်၊ သန့်ရှင်းသော ငါ၏နာမတော်ကိုမရှုတ်မချဘဲ၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောအရာများနှင့် ကိုယ်ကိုကိုယ်ကွာစေရမည်အကြောင်း ဆင့်ဆိုလော့။ ငါသည် ထာဝရဘုရားဖြစ်၏။ |
ထို့နောက် သူတို့အား “သင်တို့သည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။ အသုံးအဆောင်များလည်း သန့်ရှင်း၏။ ရွှေငွေတို့သည်လည်း သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအား စေတနာအလျောက်ပေးလှူသောပူဇော်သက္ကာ ဖြစ်၏။
သားအိမ်မှအဦးဆုံးထွက်လာသောသူရှိသမျှနှင့် သင်တို့၏တိရစ္ဆာန်များမှ အဦးဆုံးပေါက်သောသားပေါက်ရှိသမျှတို့ကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ အထီးဟူသမျှ ထာဝရဘုရားပိုင်တော်မူ၏။
၎င်းကို အာရုန်၏နဖူးပေါ်၌ဆင်ခြင်းဖြင့် သန့်ရှင်းသောပူဇော်သက္ကာအဝဝတို့ကို အစ္စရေးအမျိုးသားတို့ဆက်ကပ်ပူဇော်ရာမှ ဖြစ်လာသည့် သန့်ရှင်းသောပူဇော်သက္ကာဆိုင်ရာအပြစ်ကို အာရုန်ဆောင်ယူရမည်။ အစ္စရေးအမျိုးသားတို့အား ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ၎င်းသည် သူ၏နဖူးပေါ်၌ အစဉ်ရှိရမည်။
ထွက်သွားကြ။ ထွက်သွားကြ။ ထိုအရပ်မှ ထွက်ခွာသွားကြ။ မစင်ကြယ်သောအရာကို မထိကြနှင့်။ ထိုအရပ်မှ ထွက်ခွာသွားကြလော့။ ထာဝရဘုရား၏တဲတော်တန်ဆာပလာများကို ထမ်းသောသူတို့၊ သန့်ရှင်းစင်ကြယ်ခြင်းရှိကြလော့။
သင်တို့သည် ငါ၏သန့်ရှင်းသောအမှုတော်ကို မထမ်းဆောင်။ ငါ၏သန့်ရှင်းရာဌာနအမှုကို ထမ်းရမည့်အစား အခြားသူတို့ကို ထမ်းစေကြ၏’ဟု မိန့်တော်မူ၏။
ထိုသို့ အစ္စရေးအမျိုးသားတို့သည် သူတို့အလယ်ရှိ ငါကိန်းဝပ်တော်မူရာတဲတော်ကို သူတို့၏မစင်ကြယ်ခြင်းဖြင့် ညစ်ညူးစေ၍ သေရမည့်အဖြစ်သို့ မရောက်ကြစေရန် သူတို့၏မစင်ကြယ်ခြင်းမှ သူတို့ကိုကင်းစင်စေရမည်။
သင်၏သားမြေးတို့ကို မောလုတ်ဘုရားအားပူဇော်ရန် မပေးရ။ သင့်ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ငါ့နာမတော်ကိုတိုင်တည်၍ မဟုတ်မမှန်ကျိန်ဆိုခြင်းမပြုရ။ သင့်ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ထိုသူသည် မိမိသားမြေးကို မောလုတ်ဘုရားအားပေးလှူခြင်းဖြင့် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍ ငါ၏သန့်ရှင်းသောနာမတော်ကိုရှုတ်ချသောကြောင့် ငါသည် သူ့ကို မျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
သူတို့သည် သူတို့၏ဘုရားသခင်အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ သူတို့ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ သူတို့ဘုရားသခင်အဖို့ စားဖွယ်ရာဖြစ်သော ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်များကို ပူဇော်ရသောသူများဖြစ်သောကြောင့် သူတို့သည် သန့်ရှင်းခြင်းရှိကြရမည်။
အစ္စရေးအမျိုးသားတို့အလယ်၌ ငါသည် သန့်ရှင်းသောအရှင်ဖြစ်မည့်အကြောင်း သင်တို့သည် ငါ၏သန့်ရှင်းသောနာမကို မရှုတ်ချရ။ ငါသည် သင်တို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။
သင်တို့သည် ဆယ်ဖို့တစ်ဖို့ထဲမှအကောင်းဆုံးကို ပေးလှူပူဇော်သောကြောင့် သင်တို့အပေါ် အပြစ်သင့်မည်မဟုတ်။ သင်တို့မသေရမည့်အကြောင်း အစ္စရေးအမျိုးသားတို့၏သန့်ရှင်းသောအရာတို့ကို မညစ်ညူးစေရ”ဟု မိန့်တော်မူ၏။
သင်၏နွား၊ သင်၏သိုးတို့မှမွေးသော သားဦးအထီးရှိသမျှကို သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းစေရမည်။ နွားသားဦးကို မခိုင်းရ။ သိုးသားဦးကို အမွေးမညှပ်ရ။