ဝတ်ပြု 22:3 - မြန်မာ့စံမီသမ္မာကျမ်း3 သင့်သားစဉ်မြေးဆက်၏မျိုးဆက်တစ်လျှောက်တွင် မစင်ကြယ်သောသူ မည်သူမဆို ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ဆက်ကပ်သည့် သန့်ရှင်းသောပူဇော်သက္ကာအနီးသို့ ချဉ်းကပ်လျှင် ထိုသူသည် ငါ့ရှေ့မှောက်မှ ပယ်ရှင်းခြင်းခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible3 သင်၏အဆက်အနွယ်ထဲမှဘာသာရေးထုံး နည်းအရမသန့်ရှင်းသူသည်၊ ဣသရေလ အမျိုးသားတို့ ငါ့အားဆက်ကပ်သောပူဇော် သကာများအနီးသို့ချဉ်းကပ်မိလျှင် သူ သည်နောက်တစ်ဖန်ယဇ်ပလ္လင်နှင့်ဆိုင်သောဝတ် ကိုမဆောင်ရွက်ရ။ ဤပညတ်ကိုသင်တို့ ထာဝစဉ်လိုက်နာရကြမည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 သင် တို့ အ မျိုး အ နွယ် အ စဉ် အ ဆက် အ နက် အ ကြင် သူ သည် ထာ ဝ ရ ဘု ရား အ ဖို့ ဣ သ ရေ လ အ မျိုး သား တို့ သီး သန့် ထား သော ဝ တ္ထု များ ကို မ သန့် သော အ ဖြစ် နှင့် ချဉ်း ကပ် အံ့။ ထို သူ သည် ငါ့ မျက် မှောက် မှ ပယ် ရှား ခံ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible3 ထာဝရဘုရားအဖို့ ဣသရေလအမျိုးသားသန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသောအရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ်အမျိုးသားမည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကိုခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။ |
လူသေအလောင်းကို ထိမိပြီး မိမိကိုယ်မိမိ မသန့်စင်စေသောသူမည်သူမဆို ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်ကို ညစ်ညူးစေရာရောက်၏။ သူသည် အစ္စရေးလူမျိုးထဲမှ ပယ်ဖျက်ခြင်းကို ခံရမည်။ သူသည် စင်ကြယ်စေခြင်းရေဖျန်းခြင်းကို မခံသောကြောင့် မစင်မကြယ်ဖြစ်၏။ အညစ်အကြေးသည် သူ၌ရှိနေဆဲဖြစ်၏။