အကြောင်းမူကား အကျွန်ုပ်၏ဒုစရိုက်များသည် အကျွန်ုပ်၏ဦးခေါင်းကို လွှမ်းမိုးသည်အထိ များပြား၍ ဝန်ထုပ်ကြီးကဲ့သို့ အကျွန်ုပ်အတွက် လေးလံလွန်းပါ၏။
ဝတ်ပြု 22:16 - မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းသောပူဇော်သက္ကာကို စားမိစေခြင်းဖြင့် သူတို့အပေါ် ဒုစရိုက်အပြစ်ဒဏ် မကျရောက်စေရ။ ငါသည် သူတို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ Judson Bible ထိုအရာတို့ကိုစားမိ၍ ပြစ်မှားသောအပြစ်ကို မခံစေရ။ ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။ |
အကြောင်းမူကား အကျွန်ုပ်၏ဒုစရိုက်များသည် အကျွန်ုပ်၏ဦးခေါင်းကို လွှမ်းမိုးသည်အထိ များပြား၍ ဝန်ထုပ်ကြီးကဲ့သို့ အကျွန်ုပ်အတွက် လေးလံလွန်းပါ၏။
၎င်းကို အာရုန်၏နဖူးပေါ်၌ဆင်ခြင်းဖြင့် သန့်ရှင်းသောပူဇော်သက္ကာအဝဝတို့ကို အစ္စရေးအမျိုးသားတို့ဆက်ကပ်ပူဇော်ရာမှ ဖြစ်လာသည့် သန့်ရှင်းသောပူဇော်သက္ကာဆိုင်ရာအပြစ်ကို အာရုန်ဆောင်ယူရမည်။ အစ္စရေးအမျိုးသားတို့အား ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ၎င်းသည် သူ၏နဖူးပေါ်၌ အစဉ်ရှိရမည်။
“အပြစ်ဖြေရာယဇ်၏အသားသည် အထူးသန့်ရှင်း၏။ လူထုတို့၏ဒုစရိုက်ကိုယူဆောင်သွားရန်နှင့် ထာဝရဘုရားရှေ့တော်၌ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ထိုအသားကို သင်တို့အားပေးထားတော်မူပြီ။ သို့ဖြစ်၍ သင်တို့သည် အဘယ်ကြောင့် သန့်ရှင်းရာဌာနတော်၌ မစားကြသနည်း။
သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းရမည်။ လိုက်နာရမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။
သူ၏သားသမီးတို့ကို ကိုယ့်လူမျိုးအလယ်၌ မရှုတ်ချရ။ အကြောင်းမူကား ငါသည် သူ့ကိုသန့်ရှင်းစေသောထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
သို့သော် သူသည် ကိုယ်အင်္ဂါချို့ယွင်းသောကြောင့် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေရာမရောက်မည့်အကြောင်း ကန့်လန့်ကာအတွင်းသို့ မဝင်ရ၊ ယဇ်ပလ္လင်သို့လည်း မချဉ်းကပ်ရ။ အကြောင်းမူကား ငါထာဝရဘုရားသည် ထိုအရာတို့ကို သန့်ရှင်းစေပြီ”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်သည် သင်၏ဘုရားသခင်အား စားဖွယ်ရာကိုဆက်သရသောကြောင့် သင်သည် သူ့ကို သန့်ရှင်းစေရမည်။ သူသည် သင့်အဖို့ သန့်ရှင်းသောသူဖြစ်ရမည်။ အကြောင်းမူကား သင်တို့ကိုသန့်ရှင်းစေသော ငါထာဝရဘုရားသည် သန့်ရှင်း၏။
ယဇ်ပုရောဟိတ်တို့သည် ငါ၏ညွှန်ကြားချက်ကို ရှုတ်ချခြင်းဖြင့် အပြစ်ခံရ၍ မသေရမည့်အကြောင်း ငါ၏ညွှန်ကြားချက်ကို စောင့်ထိန်းရမည်။ ငါသည် သူတို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။
သုံးရက်မြောက်သောနေ့၌ မိတ်သဟာယယဇ်အသားကို အနည်းငယ်မျှပင်စားမိလျှင် ထိုယဇ်ကို လက်ခံတော်မူမည်မဟုတ်။ ပူဇော်သောသူကိုလည်း အသိအမှတ်ပြုမည်မဟုတ်။ ထိုယဇ်သည် ရွံရှာဖွယ်ဖြစ်၏။ ၎င်းကိုစားမိသောသူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
ထာဝရဘုရားက အာရုန်အား “သန့်ရှင်းရာဌာနနှင့်ပတ်သက်၍ ပြစ်မှားမိသောအပြစ်ကို သင်နှင့်သင်၏သားများ၊ သင့်ဘိုးဘေး၏အမျိုးအနွယ်များ ခံကြရမည်။ ယဇ်ပုရောဟိတ်အရိုက်အရာနှင့်ပတ်သက်၍ ပြစ်မှားမိသောအပြစ်ကို သင်နှင့်သင်၏သားများ ခံကြရမည်။
သင်တို့သည် ဆယ်ဖို့တစ်ဖို့ထဲမှအကောင်းဆုံးကို ပေးလှူပူဇော်သောကြောင့် သင်တို့အပေါ် အပြစ်သင့်မည်မဟုတ်။ သင်တို့မသေရမည့်အကြောင်း အစ္စရေးအမျိုးသားတို့၏သန့်ရှင်းသောအရာတို့ကို မညစ်ညူးစေရ”ဟု မိန့်တော်မူ၏။
မိုက်မဲသောမျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ထိုရွှေလော၊ သို့မဟုတ် ထိုရွှေကိုသန့်ရှင်းစေသည့် ဗိမာန်တော်လော။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။