ဝတ်ပြု 22:15 - မြန်မာ့စံမီသမ္မာကျမ်း15 ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ပေးလှူပူဇော်သည့် သန့်ရှင်းသောပူဇော်သက္ကာကို မညစ်ညူးစေရ။ အခန်းကိုကြည့်ပါ။Common Language Bible15-16 ယဇ်ပုရောဟိတ်များသည်သန့်ရှင်းသောပူ ဇော်သကာကိုမစားထိုက်သောသူအားစား စေခြင်းဖြင့် ပူဇော်သကာကိုမညစ်ညမ်းစေ ရ၊ ထိုပူဇော်သကာကိုမစားထိုက်သူသည်စား မိလျှင်အပြစ်ကူးလွန်၍ဒဏ်ခံရမည်။ ငါ သည်ထာဝရဘုရားဖြစ်၏။ ငါသည်ပူဇော် သကာများကိုသန့်ရှင်းစေတော်မူ၏'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible15-16 ပ ရော ဟိတ် တို့ သည် ထာ ဝ ရ ဘု ရား ထံ ဣ သ ရေ လ အ မျိုး သား တို့ မြှောက် ဆက် ကြ သော ဝ ထ္ထု များ ကို ညှိုး ပုပ် စေ အောင် သုံး ဆောင် ကြ သည့် အ တွက် လူ မျိုး အ ပေါ် တွင် ပြစ် ဒဏ် ခံ ထိုက် သော ဒု စ ရိုက် ဝန် မ တင် ကြ ရ။ ငါ သည် ထို ဝ တ္ထု များ ကို သီး သန့် ထား သော ထာ ဝ ရ ဘု ရား ပေ တည်း ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible15 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပူဇော်၍၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။
အာရုန်နှင့်သူ၏သားတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ဝင်သောအခါဖြစ်စေ၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်းကပ်သောအခါဖြစ်စေ အပြစ်သင့်၍မသေစေရန် ထိုဘောင်းဘီကိုဝတ်ရမည်။ ဤသည်ကား အာရုန်နှင့် နောင်လာမည့်သူ၏သားစဉ်မြေးဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။