ထိုသူကို လက်ဖြင့်မထိဘဲ စင်စစ်ခဲနှင့်ပေါက်သတ်ရမည်။ သို့မဟုတ် မြားနှင့်ပစ်သတ်ရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အသက်မရှင်ရ။ သိုးချိုကို သံရှည်ဆွဲ၍မှုတ်မှသာ လူတို့သည် ဤတောင်သို့လာကြရမည်”ဟု မိန့်တော်မူ၏။
ဝတ်ပြု 20:16 - မြန်မာ့စံမီသမ္မာကျမ်း မိန်းမသည် တိရစ္ဆာန်တစ်ကောင်ကောင်ထံသို့ချဉ်းကပ်၍ မိတ်လိုက်ခြင်းကိုပြုလျှင် ထိုမိန်းမနှင့်တကွ တိရစ္ဆာန်ကိုပါ သတ်ရမည်။ သူတို့သည် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။ Common Language Bible မိန်းမတစ်ဦးသည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုမိန်းမနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။ Judson Bible မိန်းမသည်လည်း၊ မိမိနှင့် တိရစ္ဆာန်၏ပေါင်းဖော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။ |
ထိုသူကို လက်ဖြင့်မထိဘဲ စင်စစ်ခဲနှင့်ပေါက်သတ်ရမည်။ သို့မဟုတ် မြားနှင့်ပစ်သတ်ရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အသက်မရှင်ရ။ သိုးချိုကို သံရှည်ဆွဲ၍မှုတ်မှသာ လူတို့သည် ဤတောင်သို့လာကြရမည်”ဟု မိန့်တော်မူ၏။
နွားသည် ယောက်ျား၊ သို့မဟုတ် မိန်းမ တစ်စုံတစ်ယောက်ကိုဝှေ့သဖြင့် ထိုသူသေလျှင် နွားကို ခဲနှင့်မုချပေါက်သတ်ရမည်။ ထိုနွား၏အသားကိုမစားရ။ ပိုင်ရှင်မူကား အပြစ်ကင်းလွတ်၏။
နွားသည် ကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမကိုဝှေ့လျှင် ထိုကျွန်၏သခင်အား ငွေရှယ်ကယ်သုံးဆယ်ပေးရမည်။ နွားကိုလည်း ခဲနှင့်ပေါက်သတ်ရမည်။
တိရစ္ဆာန်တစ်ကောင်ကောင်နှင့်မေထုန်ပြုခြင်းဖြင့် ထိုတိရစ္ဆာန်နှင့် ညစ်ညူးမှုကို မပြုရ။ မိန်းမသည်လည်း တိရစ္ဆာန်နှင့် ဆက်ဆံခြင်းကို မပြုရ။ ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။
တစ်စုံတစ်ယောက်သည် တိရစ္ဆာန်နှင့်မေထုန်ပြုလျှင် သူသည် မုချအသတ်ခံရမည်။ ထိုတိရစ္ဆာန်ကိုလည်း သတ်ရမည်။
တစ်စုံတစ်ယောက်သည် မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမကိုယူ၍ ဆက်ဆံခြင်းကိုပြုလျှင် ထိုအမှုသည် ရှက်ဖွယ်သောအမှုဖြစ်၏။ သူတို့သည် မိမိတို့၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သူသည် မိမိအစ်မ၊ သို့မဟုတ် နှမနှင့်ဆက်ဆံခြင်းကိုပြုသောကြောင့် ကိုယ့်အပြစ် ကိုယ်ခံရမည်။
အကြောင်းမူကား “တိရစ္ဆာန်ပင် ထိုတောင်ကိုထိမိလျှင် ခဲနှင့်ပေါက်သတ်ရမည်”ဟူသောအမိန့်တော်ကို သူတို့မခံနိုင်ခဲ့ကြချေ။