Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 21:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 နွား​သည် ယောက်ျား​၊ သို့မဟုတ် မိန်းမ တစ်စုံတစ်ယောက်​ကို​ဝှေ့​သဖြင့် ထို​သူ​သေ​လျှင် နွား​ကို ခဲ​နှင့်​မုချ​ပေါက်သတ်​ရ​မည်​။ ထို​နွား​၏​အသား​ကို​မ​စား​ရ​။ ပိုင်ရှင်​မူကား အပြစ်​ကင်းလွတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ``နွား​တစ်​ကောင်​သည်​လူ​တစ်​ယောက်​ကို​ဦး​ချို​ဖြင့် ဝှေ့​သတ်​လျှင် ထို​နွား​ကို​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ မည်။ ထို​နွား​၏​အ​သား​ကို​မ​စား​ရ။ သို့​ရာ​တွင် နွား​ပိုင်​ရှင်​ကို​အ​ပြစ်​ဒဏ်​မ​ပေး​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 နွား သည် လူ ယောက်ျား၊ လူ မိန်း မ ကို သေ အောင် ဝှေ့ လျှင် ခဲ နှင့် ပစ် သတ် စေ။ အ သား ကို မ စား ရ။ နွား ရှင် မူ ကား အ ပြစ် ကင်း စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 နွား​သည် လူ​ယောက်ျား၊ မိန်း​မ​ကို​ခွေ့၍ လူ​သေ​လျှင်၊ စင်​စစ်​ထို​နွား​ကို ကျောက်​ခဲ​နှင့်​ပစ်၍​သတ်​ရ​မည်။ အ​သား​ကို​လည်း မ​စား​ရ။ နွား​ရှင်​ကို​ကား၊ အ​ပြစ်​လွှတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 21:28
5 ပူးပေါင်းရင်းမြစ်များ  

ထိုနည်းတူ မိမိ​ကျွန်ယောက်ျား​၊ သို့မဟုတ် ကျွန်မိန်းမ​၏​သွား​ကို​ကျိုး​စေ​လျှင် သူ​၏​သွား​အတွက် သူ့​ကို​လွတ်လပ်​သော​သူ​အဖြစ် ထွက်သွား​ခွင့်​ပြု​ရ​မည်​။


ထို​နွား​သည် ယခင်​ကတည်းက ဝှေ့​တတ်​သော​နွား​ဖြစ်ကြောင်း ပိုင်ရှင်​ကို​သတိပေး​သော်လည်း ထို​နွား​ကို​မ​ထိန်းသိမ်း​သဖြင့် လူ​ယောက်ျား​၊ သို့မဟုတ် လူ​မိန်းမ​ကို​ဝှေ့သတ်​လျှင် ထို​နွား​ကို ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ ပိုင်ရှင်​သည်​လည်း သေဒဏ်​ခံရ​မည်​။


နွား​သည် ကျွန်ယောက်ျား​၊ သို့မဟုတ် ကျွန်မိန်းမ​ကို​ဝှေ့​လျှင် ထို​ကျွန်​၏​သခင်​အား ငွေ​ရှယ်ကယ်​သုံးဆယ်​ပေး​ရ​မည်​။ နွား​ကို​လည်း ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ