ဤသည်ကား သူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်း၍ တရားတော်တို့ကို လိုက်နာကျင့်သုံးကြမည့်အကြောင်းတည်း။ ဟာလေလုယ။
ဝတ်ပြု 18:4 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာရမည်။ ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းရမည်။ ထိုစီရင်ထုံးဖွဲ့ချက်၊ ထိုပြဋ္ဌာန်းချက်အတိုင်းလိုက်လျှောက်ရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ Common Language Bible ငါ၏ပညတ်များကိုစောင့်ထိန်း၍ ငါမိန့်မှာ သမျှကိုလိုက်လျှောက်လော့။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။- Garrad Bible ငါ့ ဆုံး ဖြတ် ချက်၊ ထုံး ဖွဲ့ ချက် များ ကို ပြု ကျင့် စောင့် ထိန်း လျက် လျှောက် လိုက် ကြ လော့။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘုရား ပေ တည်း။ Judson Bible ငါစီရင်ချက်ရှိသည်အတိုင်းကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှာ စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ |
ဤသည်ကား သူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်း၍ တရားတော်တို့ကို လိုက်နာကျင့်သုံးကြမည့်အကြောင်းတည်း။ ဟာလေလုယ။
ကိုယ်တော်သည် တစ်သမတ်တည်းစောင့်ထိန်းရမည့် မိမိ၏ဥပဒေသတို့ကို ချမှတ်ထားတော်မူ၏။
ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါ၏ပြဋ္ဌာန်းချက်တို့ကို လိုက်လျှောက်ကြလော့။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းကြလော့။
ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး၍ ငါ၏တရားလမ်းများသို့ လိုက်လျှောက်စေမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းစေမည်။
ငါ့အစေအပါးဒါဝိဒ်သည် သူတို့ကိုအုပ်စိုးသည့်ဘုရင်ဖြစ်မည်။ သူတို့အားလုံး သိုးထိန်းတစ်ပါးတည်းသာရှိမည်။ သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာ၍ ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းကြလိမ့်မည်။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
သင်တို့မူကား ငါ၏ပြဋ္ဌာန်းချက်များ၊ ငါ၏စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ ထိုစက်ဆုပ်ရွံရှာဖွယ်တစ်စုံတစ်ခုကိုမျှ မပြုကျင့်ရ။
သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်။ ထိုအရာတို့ကိုပြုကျင့်လျှင် ထိုအရာတို့အားဖြင့် အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
သင်သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းရမည်။ အမျိုးမတူသောတိရစ္ဆာန်ကို မိတ်မလိုက်စေရ။ သင်၏လယ်ထဲ၌ အမျိုးမတူသောမျိုးစေ့ကို ရောမကြဲရ။ အမျိုးမတူသောချည်ဖြင့် ရက်ထားသောအဝတ်ကို မဝတ်ရ။
ငါ၏ပြဋ္ဌာန်းချက်၊ ငါ၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို စောင့်ထိန်းရမည်။ လိုက်နာရမည်။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
သင်တို့ကို ငါပို့ဆောင်၍ သင်တို့နေထိုင်သည့်ပြည်သည် သင်တို့ကို မအန်ထုတ်မည့်အကြောင်း ငါ၏ပြဋ္ဌာန်းချက်၊ ငါ၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။
သင်တို့ကူးသွား၍သိမ်းပိုက်နေထိုင်မည့်ပြည်၌ လိုက်နာရမည့် ပညတ်တော်၊ ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို သင်တို့အားသင်ကြားပေးရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူခဲ့၏။