Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 18:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 “​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ငါ​သည် သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 18:2
16 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင်​မှစ၍ နောင်လာမည့် သင့်​သားစဉ်မြေးဆက်​၏​ဘုရားသခင်​ဖြစ်​မည့်​အကြောင်း ငါ​၏​ပဋိညာဉ်​ကို ငါ​နှင့်​သင်​ကြား​၌​လည်းကောင်း​၊ နောင်လာမည့် သင့်​သားစဉ်မြေးဆက်​ကြား​၌​လည်းကောင်း တည်​စေ​၍ သူ​တို့​၏​မျိုးဆက်​အစဉ်အဆက်​တို့​၌ ထာဝရ​ပဋိညာဉ်​ဖြစ်​စေ​မည်​။


ထာဝရဘုရား​ကို မိမိ​ဘုရား​အဖြစ်​ကိုးကွယ်​သော​တိုင်းနိုင်ငံ​နှင့် ကိုယ်တော်​၏​အမွေခံ​အဖြစ် ကိုယ်တော်​ရွေးချယ်​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။


“​ငါ​သည် သင့်​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။


ငါ​သည် သင်​တို့​ကို ငါ​၏​လူမျိုး​တော်​အဖြစ်​သိမ်းယူ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​မည်​။ ငါ​သည် အီဂျစ်​လူမျိုး​တို့​၏​ထမ်းပိုး​အောက်​မှ သင်​တို့​ကို​ဆွဲထုတ်​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိမြင်​ကြ​လိမ့်မည်​။


ဘုရားရှင်​ထာဝရဘုရား​က ဤသို့​မိန့်​တော်မူ​ကြောင်း သူ​တို့​အား ဆင့်ဆို​လော့​။ အစ္စရေး​လူမျိုး​ကို ငါ​ရွေးချယ်​သော​နေ့​တွင် ငါ​သည် ယာကုပ်​အမျိုး​၏​သားစဉ်မြေးဆက်​အား ကတိသစ္စာ​ပြု​ခဲ့​၏​။ အီဂျစ်​ပြည်​၌ ငါ​မည်သူ​ဖြစ်ကြောင်း သူ​တို့​ကို သိ​စေ​ခဲ့​၏​။ ‘ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏’​ဟု သူ​တို့​အား ကတိသစ္စာ​ပြု​ခဲ့​၏​။


ငါ​သည် သူ​တို့​အား ‘သင်​တို့​ကိုးစား​သော စက်ဆုပ်ရွံရှာဖွယ်​ရာ​များ​ကို စွန့်ပစ်​လော့​။ အီဂျစ်​ရုပ်တု​များ​ဖြင့် ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​နှင့်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏’​ဟု မိန့်ဆို​ခဲ့​၏​။


ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ ငါ​သည် သန့်ရှင်း​သောကြောင့် သင်​တို့​သည်​လည်း သင်တို့ကိုယ်သင်တို့ သန့်ရှင်း​စေ​၍ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ မြေ​ပေါ်မှာ​တွားသွား​သော မည်သည့်​သတ္တဝါ​နှင့်​မျှ သင်တို့ကိုယ်သင်တို့ မ​ညစ်ညူး​စေ​နှင့်​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား


ထို့ကြောင့် သင်​တို့​ရှေ့​၌​ရှိ​သော​သူ​တို့​ပြုကျင့်​ကြ​သည့် စက်ဆုပ်ရွံရှာဖွယ်​ဓလေ့စရိုက်​တို့​ကို​မ​ပြုကျင့်​မိ​ရန် သင်​တို့​သည် ငါ​၏​ညွှန်ကြားချက်​ကို​စောင့်ထိန်း​ရ​မည်​။ ထို​ဓလေ့စရိုက်​တို့​အားဖြင့် သင်​တို့​ကိုယ်​သင်​တို့ မ​ညစ်ညူး​စေ​နှင့်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​ရ​မည်​။ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ရ​မည်​။ ထို​စီရင်ထုံးဖွဲ့ချက်​၊ ထို​ပြဋ္ဌာန်းချက်​အတိုင်း​လိုက်လျှောက်​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။


သင်​၏​စပျစ်ခြံ​တွင် ကောက်သင်း​မ​ကောက်​ရ​။ သင့်​စပျစ်ခြံ​မှ ကြွေကျ​သော​စပျစ်သီး​ကို​လည်း မ​ကောက်​ရ​။ ဆင်းရဲသား​နှင့်​တိုင်းတစ်ပါးသား​တို့​အတွက် ချန်ထား​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။


သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သည်​ဖြစ်၍ သင်​တို့​ထံ၌​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ကို ကိုယ့်​အမျိုးသားချင်း​ကဲ့သို့ မှတ်​ရ​မည်​။ သူ့​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။


သင်​တို့​ရှေ့​မှ ငါ​နှင်ထုတ်​မည့်​လူမျိုး​တို့​၏​ပြဋ္ဌာန်းချက်​များ​ကို မ​လိုက်လျှောက်​ရ​။ အကြောင်းမူကား သူ​တို့​သည် ထိုသို့သော​အမှု​ရှိသမျှ​တို့​ကို ပြုကျင့်​ကြ​၍ ငါ​သည် သူ​တို့​ကို ရွံရှာမုန်းတီး​၏​။


ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​သောကြောင့် သင်​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သန့်ရှင်း​စေ​၍ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ