အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော လူမျိုးခြားတို့နှင့် အစ္စရေးဘုရင်တို့ပြုကျင့်သောဓလေ့စရိုက်များနောက်သို့ လိုက်ကြ၏။
ဝတ်ပြု 18:3 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့နေထိုင်ခဲ့သည့် အီဂျစ်ပြည်၏ဓလေ့ထုံးစံအတိုင်း မပြုကျင့်ရ။ သင်တို့ကို ငါပို့ဆောင်မည့် ခါနာန်ပြည်၏ဓလေ့ထုံးစံအတိုင်း မပြုကျင့်ရ။ သူတို့၏ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်ရ။ Common Language Bible သင်တို့နေထိုင်ခဲ့ဖူးသောအီဂျစ်ပြည်ရှိ လူ တို့၏အလေ့အကျင့်များကိုသော်လည်းကောင်း၊ သင်တို့အားငါယခုပို့ဆောင်နေထိုင်စေမည့် ခါနာန်ပြည်ရှိလူတို့၏အလေ့အကျင့်များ ကိုသော်လည်းကောင်းမကျင့်ကြနှင့်။- Garrad Bible သင် တို့ နေ ထိုင် ခဲ့ သော အိ ဂျစ် ပြည် အ ကျင့် ဓ လေ့ အ လိုက် လည်း ကောင်း၊ ငါ ပို့ ဆောင် မည့် ခါ နာန် ပြည် အ ကျင့် ဓ လေ့ အ လိုက် လည်း ကောင်း သင် တို့ မ ပြု မ ကျင့် ရ။ ၎င်း အ ထုံး အ ဖွဲ့ များ အ တိုင်း မ လျှောက် မ လိုက် ကြ ရ။ Judson Bible သင်တို့နေဖူးသော အဲဂုတ္တုပြည်၏အကျင့်ကိုလည်းကောင်း၊ သင်တို့ကို ငါပို့ဆောင်လတ္တံ့သော ခါနာန်ပြည်၏အကျင့်ကိုလည်းကောင်း၊ သင်တို့သည်မကျင့်၊ သူတို့တရားလမ်းသို့ မလိုက်ရကြ။ |
အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော လူမျိုးခြားတို့နှင့် အစ္စရေးဘုရင်တို့ပြုကျင့်သောဓလေ့စရိုက်များနောက်သို့ လိုက်ကြ၏။
လူမျိုးခြားတို့နှင့် ရောနှောဆက်ဆံ၍ ထိုသူတို့၏ဓလေ့ထုံးစံများကို သင်ယူကြ၏။
သူတို့၏ဘုရားများကို မပျပ်ဝပ်ရ။ မကိုးကွယ်ရ။ သူတို့၏ဓလေ့ထုံးစံများအတိုင်း မပြုကျင့်ရ။ ထိုဘုရားများကို ရှင်းရှင်းဖြိုဖျက်ရမည်။ သူတို့အထွတ်အမြတ်ထားသောကျောက်တိုင်များကို အကုန်အစင်ဖြိုလှဲရမည်။
အီဂျစ်ပြည်တွင်ပြုခဲ့သော ပြည့်တန်ဆာအလုပ်ကိုမစွန့်။ အပျိုဖြန်းဘဝကပင် ယောက်ျားတို့သည် သူနှင့်အိပ်၏။ သူ၏အပျိုရည်ကိုဖျက်ဆီးပြီး သူနှင့်ဖောက်ပြန်မှားယွင်းကြ၏။
သင်တို့ရှေ့မှ ငါနှင်ထုတ်မည့်လူမျိုးတို့၏ပြဋ္ဌာန်းချက်များကို မလိုက်လျှောက်ရ။ အကြောင်းမူကား သူတို့သည် ထိုသို့သောအမှုရှိသမျှတို့ကို ပြုကျင့်ကြ၍ ငါသည် သူတို့ကို ရွံရှာမုန်းတီး၏။
သင်တို့သည် ဤလောက၏ပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိနိုင်ရန် စိတ်နှလုံးကို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခြင်းရှိကြလော့။
သင်တို့သည် သူတို့၏ရွံရှာဖွယ်ရာများဖြစ်သည့် သစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ရွှေရုပ်တု၊ ငွေရုပ်တုတို့ကို တွေ့မြင်ခဲ့ကြ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှောက်မှနှင်ထုတ်တော်မူသောအခါ သင့်စိတ်ထဲ၌ ‘ထာဝရဘုရားသည် ငါ၏ဖြောင့်မတ်ခြင်းကြောင့် ဤပြည်ကိုပိုင်ဆိုင်ရန် ငါ့ကိုပို့ဆောင်တော်မူ၏’ဟု မအောက်မေ့ရ။ ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သူတို့၏ဆိုးယုတ်မှုကြောင့် သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။