ပြည်တော်တွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာလည်း ရှိ၏။ အစ္စရေးလူမျိုးတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့ပြုသည့် စက်ဆုပ်ရွံရှာဖွယ်အရာရှိသမျှတို့ကို ပြုကြ၏။
ဝတ်ပြု 18:27 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် သင်တို့မတိုင်မီ ထိုပြည်၌နေထိုင်သောလူတို့သည် ထိုစက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကိုပြုကျင့်ကြသဖြင့် ပြည်သည် ညစ်ညူးလေပြီ။ |
ပြည်တော်တွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာလည်း ရှိ၏။ အစ္စရေးလူမျိုးတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့ပြုသည့် စက်ဆုပ်ရွံရှာဖွယ်အရာရှိသမျှတို့ကို ပြုကြ၏။
အစ္စရေးဘုရင်တို့ လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ခဲ့၏။ အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ကိုယ့်သားကိုပင် မီးရှို့ပူဇော်ခဲ့၏။
သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြု၏။
ယဇ်ပုရောဟိတ်အကြီးအကဲအပေါင်းတို့နှင့် ပြည်သူပြည်သားတို့သည်လည်း လူမျိုးခြားတို့ပြုသည့်စက်ဆုပ်ရွံရှာဖွယ်အမှုများအတိုင်း ဖောက်ပြန်မှားယွင်းကြ၏။ ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားသန့်ရှင်းစေတော်မူခဲ့သောအိမ်တော်ကိုလည်း ညစ်ညူးစေကြ၏။
သူတို့သည် ဘဝင်မြင့်၏။ ငါ့ရှေ့မှောက်တွင်ပင် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြု၏။ ထို့ကြောင့် ငါမြင်သောအခါ သူတို့ကို ငါဖယ်ရှားပစ်၏။
တစ်ယောက်က အိမ်နီးချင်းမယားနှင့် ဖောက်ပြန်၍ တစ်ယောက်က ချွေးမကို ညစ်ညမ်းအောင်ပြု၏။ တစ်ယောက်က အဖေတူအမေကွဲအစ်မ၊ သို့မဟုတ် နှမကို အဓမ္မပြုကျင့်၏။
“တောကန္တာရရှိ စပျစ်သီးကဲ့သို့ အစ္စရေးကို ငါတွေ့ခဲ့၏။ အဦးဆုံးသီး၍ အဦးဆုံးမှည့်သောသဖန်းသီးကဲ့သို့ သင်တို့၏ဘိုးဘေးတို့ကိုလည်း ငါမြင်ခဲ့၏။ သို့သော် သူတို့သည် ဗာလပေဂုရဘုရားထံသို့သွားပြီး မိမိတို့ကိုယ်ကို ရှက်ဖွယ်သောအရာလက်သို့ အပ်လိုက်ကြ၏။ ထို့ကြောင့် သူတို့သည် သူတို့ချစ်သောအရာကဲ့သို့ ရွံရှာဖွယ်ရာဖြစ်လေ၏။
ထိုသို့သောအမှုတစ်စုံတစ်ခုနှင့်မျှ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။ အကြောင်းမူကား သင်တို့ရှေ့မှ ငါနှင်ထုတ်သည့်လူမျိုးတို့သည် ထိုသို့သောအမှုရှိသမျှတို့ဖြင့် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေကြ၏။
သင်တို့မူကား ငါ၏ပြဋ္ဌာန်းချက်များ၊ ငါ၏စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ ထိုစက်ဆုပ်ရွံရှာဖွယ်တစ်စုံတစ်ခုကိုမျှ မပြုကျင့်ရ။
သင်တို့သည် ထိုပြည်ကိုညစ်ညူးစေလျှင် ပြည်သည် သင်တို့ရှေ့၌ရှိသောလူမျိုးကိုအန်ထုတ်သကဲ့သို့ သင်တို့ကိုလည်း အန်ထုတ်လိမ့်မည်။
သို့မဟုတ်လျှင် ထိုလူမျိုးတို့သည် သူတို့၏ဘုရားများအတွက်ပြုသော စက်ဆုပ်ရွံရှာဖွယ်ရာရှိသမျှတို့ကို သင်တို့ကိုသင်ကြားပေး၍ သင်တို့ပြုသဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုပြစ်မှားကြလိမ့်မည်။
ပြည့်တန်ဆာ၏အဖိုးအခနှင့် ခွေး၏အဖိုးအခကို ကတိသစ္စာတစ်စုံတစ်ခုအတွက် သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ မယူဆောင်လာရ။ အကြောင်းမူကား ထိုအရာနှစ်ခုစလုံးကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
အကြောင်းမူကား ထိုသို့သောအားဖြင့် မတရားသောအမှုကိုပြုသောသူအပေါင်းတို့အား သင်၏ဘုရားသခင်ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
‘ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသောအရာဖြစ်သည့် ရုပ်တုဆင်းတုကို လက်မှုအတတ်ဖြင့် သွန်းလုပ်၍ လျှို့ဝှက်သောနေရာ၌စိုက်ထူသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ကျယ်လောင်သောအသံဖြင့် ဆိုရမည်။ ထိုအခါ လူအပေါင်းတို့က ‘အာမင်’ဟု ပြန်ဆိုရမည်။