ယေဇကျေလ 16:50 - မြန်မာ့စံမီသမ္မာကျမ်း50 သူတို့သည် ဘဝင်မြင့်၏။ ငါ့ရှေ့မှောက်တွင်ပင် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြု၏။ ထို့ကြောင့် ငါမြင်သောအခါ သူတို့ကို ငါဖယ်ရှားပစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible50 သူတို့သည်မာနကြီး၍ငါမုန်းသည့်အမှု တို့ကိုပြုကြ၏။ သို့ဖြစ်၍သင်ကောင်းစွာ သိသည်အတိုင်း ငါသည်သူတို့အားပျက်စီး စေ၏။ အခန်းကိုကြည့်ပါ။Garrad Bible50 ရှေ့ တော် တွင် မောက် မာ ခြင်း၊ ရွံ ရှာ ဖွယ် ပြု ခြင်း များ တည်း။ ထို သို့ သိ မြင် သော်၊ ချင်း တို့ ကို ငါ ပယ် ရှား၏။ အခန်းကိုကြည့်ပါ။Judson Bible50 မာနထောင်လွှား၍ ငါ့ရှေ့မှာ စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကိုပြုကြ၏။ ထိုကြောင့်၊ သင်မြင်သည် အတိုင်းသူတို့ကို ငါပယ်ရှင်းပြီ။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။