ထိုသူတို့သည် လောတကိုဟစ်ခေါ်လျက် “ယနေ့ညတွင် သင့်ထံသို့ရောက်လာသောယောက်ျားတို့သည် အဘယ်မှာရှိသနည်း။ ငါတို့သည် သူတို့နှင့်ဆက်ဆံလိုသည်ဖြစ်၍ သူတို့ကို ငါတို့ထံထုတ်ခဲ့လော့”ဟု ဆိုကြ၏။
ဝတ်ပြု 18:22 - မြန်မာ့စံမီသမ္မာကျမ်း မိန်းမနှင့် သင်အိပ်သကဲ့သို့ ယောက်ျားနှင့် မအိပ်ရ။ ထိုအမှုသည် စက်ဆုပ်ရွံရှာဖွယ်အမှုဖြစ်၏။ Common Language Bible ယောကျာ်းခြင်းကာမစပ်ယှက်ခြင်းမပြုရ။ ဘုရားသခင်သည်ထိုအကျင့်ကိုစက်ဆုပ် ရွံရှာတော်မူ၏။- Garrad Bible မိန်း မ နှင့် အိပ် စက် သည့် နည်း တူ ယောက်ျား ချင်း မ အိပ် စက် ရ။ ရွံ ရှာ ဖွယ် ဖြစ် ၏။ Judson Bible မိန်းမနှင့် ပေါင်းဖော်သကဲ့သို့ ယောက်ျားချင်းမပေါင်းဖော်ရ။ ရွံရှာဖွယ်အမှုဖြစ်၏။ |
ထိုသူတို့သည် လောတကိုဟစ်ခေါ်လျက် “ယနေ့ညတွင် သင့်ထံသို့ရောက်လာသောယောက်ျားတို့သည် အဘယ်မှာရှိသနည်း။ ငါတို့သည် သူတို့နှင့်ဆက်ဆံလိုသည်ဖြစ်၍ သူတို့ကို ငါတို့ထံထုတ်ခဲ့လော့”ဟု ဆိုကြ၏။
ပြည်တော်တွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာလည်း ရှိ၏။ အစ္စရေးလူမျိုးတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့ပြုသည့် စက်ဆုပ်ရွံရှာဖွယ်အရာရှိသမျှတို့ကို ပြုကြ၏။
တစ်စုံတစ်ယောက်သည် မိန်းမနှင့် အိပ်သကဲ့သို့ ယောက်ျားချင်းနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံးသည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြသောကြောင့် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊
ပြည့်တန်ဆာ၏အဖိုးအခနှင့် ခွေး၏အဖိုးအခကို ကတိသစ္စာတစ်စုံတစ်ခုအတွက် သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ မယူဆောင်လာရ။ အကြောင်းမူကား ထိုအရာနှစ်ခုစလုံးကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
တရားနှင့်မညီမေထုန်ပြုသူများ၊ လိင်တူဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သောသူများ၊ မမှန်မကန်သက်သေထွက်ဆိုသောသူများနှင့် မှန်ကန်ပြည့်စုံသောဩဝါဒကိုဆန့်ကျင်သည့် အခြားအရာအားလုံးတို့အတွက်ရှိကြောင်းကို ငါတို့သိကြ၏။
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် ၎င်းတို့၏ပတ်ဝန်းကျင်မြို့များသည်လည်း ထိုသူတို့နည်းတူ တရားနှင့်မညီမေထုန်ပြုခြင်း၌ကျင်လည်၍ သဘာဝနှင့်ဆန့်ကျင်သော သွေးသားတပ်မက်ခြင်းအလိုသို့လိုက်ကြသဖြင့် ထာဝရမီးနှင့်ဆိုင်သော အပြစ်ဒဏ်ကိုခံရလျက် သင်ခန်းစာယူစရာဖြစ်လာကြ၏။
ထိုသို့ ကောင်းမွန်စွာစားသောက်နေကြစဉ် ဆိုးညစ်သောမြို့သားတို့သည် အိမ်ကိုဝိုင်းထား၍ တံခါးထုရိုက်လျက် “သင့်အိမ်သို့ရောက်လာသောယောက်ျားနှင့် ဆက်ဆံလို၍ သူ့ကိုထုတ်ပေးပါ”ဟု အိမ်ရှင်အဖိုးအိုအား ဆို၏။