ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
ဝတ်ပြု 18:2 - မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ |
ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
ထာဝရဘုရားကို မိမိဘုရားအဖြစ်ကိုးကွယ်သောတိုင်းနိုင်ငံနှင့် ကိုယ်တော်၏အမွေခံအဖြစ် ကိုယ်တော်ရွေးချယ်သောလူမျိုးသည် မင်္ဂလာရှိ၏။
“ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ငါသည် သင်တို့ကို ငါ၏လူမျိုးတော်အဖြစ်သိမ်းယူမည်။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ ငါသည် အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကိုဆွဲထုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ဤသို့မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။ အစ္စရေးလူမျိုးကို ငါရွေးချယ်သောနေ့တွင် ငါသည် ယာကုပ်အမျိုး၏သားစဉ်မြေးဆက်အား ကတိသစ္စာပြုခဲ့၏။ အီဂျစ်ပြည်၌ ငါမည်သူဖြစ်ကြောင်း သူတို့ကို သိစေခဲ့၏။ ‘ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု သူတို့အား ကတိသစ္စာပြုခဲ့၏။
ငါသည် သူတို့အား ‘သင်တို့ကိုးစားသော စက်ဆုပ်ရွံရှာဖွယ်ရာများကို စွန့်ပစ်လော့။ အီဂျစ်ရုပ်တုများဖြင့် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု မိန့်ဆိုခဲ့၏။
ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သင်တို့ကိုယ်သင်တို့ သန့်ရှင်းစေ၍ သန့်ရှင်းသောသူများဖြစ်ရမည်။ မြေပေါ်မှာတွားသွားသော မည်သည့်သတ္တဝါနှင့်မျှ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။
ထို့ကြောင့် သင်တို့ရှေ့၌ရှိသောသူတို့ပြုကျင့်ကြသည့် စက်ဆုပ်ရွံရှာဖွယ်ဓလေ့စရိုက်တို့ကိုမပြုကျင့်မိရန် သင်တို့သည် ငါ၏ညွှန်ကြားချက်ကိုစောင့်ထိန်းရမည်။ ထိုဓလေ့စရိုက်တို့အားဖြင့် သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာရမည်။ ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းရမည်။ ထိုစီရင်ထုံးဖွဲ့ချက်၊ ထိုပြဋ္ဌာန်းချက်အတိုင်းလိုက်လျှောက်ရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
သင်၏စပျစ်ခြံတွင် ကောက်သင်းမကောက်ရ။ သင့်စပျစ်ခြံမှ ကြွေကျသောစပျစ်သီးကိုလည်း မကောက်ရ။ ဆင်းရဲသားနှင့်တိုင်းတစ်ပါးသားတို့အတွက် ချန်ထားရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ သင်တို့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားကို ကိုယ့်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ သူ့ကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
သင်တို့ရှေ့မှ ငါနှင်ထုတ်မည့်လူမျိုးတို့၏ပြဋ္ဌာန်းချက်များကို မလိုက်လျှောက်ရ။ အကြောင်းမူကား သူတို့သည် ထိုသို့သောအမှုရှိသမျှတို့ကို ပြုကျင့်ကြ၍ ငါသည် သူတို့ကို ရွံရှာမုန်းတီး၏။
ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သောကြောင့် သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းစေ၍ သန့်ရှင်းသောသူများဖြစ်ရမည်။