အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးနှစ်ကောင်၊ မီးရှို့ရာယဇ်အတွက် သိုးထီးတစ်ကောင်ကို အစ္စရေးအမျိုးသားလူထုထံမှ ယူရမည်။
ဣသရေလအမျိုးသားတို့သည် အပြစ် ဖြေရာယဇ်အတွက်ဆိတ်ထီးနှစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက်သိုးထီးတစ်ကောင် ကိုအာရုန်ထံသို့ယူဆောင်ခဲ့ရမည်။-
ဣ သ ရေ လ အ မျိုး သား ပ ရိ သတ် မှ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဆိတ် ထီး နှစ် ကောင်၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် သိုး ထီး တစ် ကောင် ကို ခံ ယူ ပြီး နောက်၊
အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်နှစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ သိုးတစ်ကောင်ကို၊ ဣသရေလအမျိုးသား ပရိသတ်လက်မှ ခံယူရမည်။
သူတို့သည် တိုင်းပြည်အတွက်၊ သန့်ရှင်းရာဌာနတော်အတွက်၊ ယုဒပြည်သူတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီး ခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်၊ သိုးသငယ် ခုနစ်ကောင်၊ ဆိတ်ထီး ခုနစ်ကောင်တို့ကို ယူဆောင်လာပြီး ဟေဇကိမင်းကြီးက အာရုန်၏သားမြေးယဇ်ပုရောဟိတ်တို့အား ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင်ပူဇော်ရန် မိန့်ဆို၏။
ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲတွင် နွားအကောင်တစ်ရာ၊ သိုးထီးအကောင်နှစ်ရာ၊ သိုးသငယ်အကောင်လေးရာနှင့် အစ္စရေးလူမျိုးအပေါင်းတို့အပြစ်ဖြေရာယဇ်အဖို့ အစ္စရေးအမျိုးအနွယ်အရေအတွက်နှင့်အညီ ဆိတ်ထီးတစ်ဆယ့်နှစ်ကောင်တို့ကို ပူဇော်ကြ၏။
သူသည် သိုးဆိတ်များထဲမှ သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ မီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။
ဘိသိက်ခံယဇ်ပုရောဟိတ်သည် အပြစ်ပြုသဖြင့် လူတို့အပေါ် အပြစ်သက်ရောက်စေလျှင်လည်းကောင်း သူကျူးလွန်သောအပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသည့် နွားထီးပျိုတစ်ကောင်ကို ထာဝရဘုရားအား ပူဇော်ရမည်။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်ကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီး၏ခေါင်းပေါ်၌ တင်ကြ၏။
“အာရုန်နှင့်သူ၏သားများ၊ အဝတ်တန်ဆာများ၊ ဘိသိက်ဆီ၊ အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့မုန့်တောင်းကို ယူဆောင်လာပြီး
အာရုန်အား “အပြစ်ဖြေရာယဇ်အတွက် နွားအုပ်ထဲမှနွားသငယ်တစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို သင့်အဖို့ယူ၍ ထာဝရဘုရားရှေ့တော်၌ ပူဇော်လော့။
အပြစ်ဖြေလွှတ်ခြင်းနှင့်ဆိုင်သောအပြစ်ဖြေရာယဇ်၊ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်နှင့်ဆိုင်သောဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ပုံမှန်မီးရှို့ရာယဇ်တို့နှင့်ဆိုင်သောသွန်းလောင်းရာပူဇော်သက္ကာတို့အပြင် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။