ငါ၏စိတ်နှလုံးထဲ၌ အပြစ်ဒုစရိုက်ကို ငါထွေးပိုက်ထားခဲ့လျှင် ဘုရားရှင်သည် နားညောင်းတော်မူလိမ့်မည်မဟုတ်။
ဝတ်ပြု 15:31 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ အစ္စရေးအမျိုးသားတို့သည် သူတို့အလယ်ရှိ ငါကိန်းဝပ်တော်မူရာတဲတော်ကို သူတို့၏မစင်ကြယ်ခြင်းဖြင့် ညစ်ညူးစေ၍ သေရမည့်အဖြစ်သို့ မရောက်ကြစေရန် သူတို့၏မစင်ကြယ်ခြင်းမှ သူတို့ကိုကင်းစင်စေရမည်။ Common Language Bible ထာဝရဘုရားသည်စခန်းအလယ်တွင် တည် ရှိသည့်စံတော်မူရာတဲတော်ကိုမညစ်ညမ်း စေခြင်းအလို့ငှာ မသန့်စင်သောအမှုများ နှင့်ဆိုင်၍ ဣသရေလအမျိုးသားတို့ကို မောရှေအားဖြင့်သတိပေးတော်မူ၏။ အကယ်၍သူတို့သည်တဲတော်ကို ညစ်ညမ်း စေလျှင်အသက်သေဆုံးရကြမည်။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အ လယ် တွင် တည် သော ငါ့ စံ ရာ တော် ကို မ သန့် အောင် ပြု မိ ကြ လျှင်၊ မ သန့် လျက် နေ စဉ် မ သေ ကြ စေ ရန် မ သန့် သော အ ဖြစ် နှင့် ထို လူ မျိုး ကို အ သီး အ ခြား ထား ရ မည်။ Judson Bible ထိုသို့ ဣသရေလအမျိုးသားတို့သည် မိမိတို့တွင်ရှိသော ငါ့တဲတော်ကို ညစ်ညူးစေ၍၊ မိမိတို့မစင်ကြယ်ရာ၌ မသေစေခြင်းငှာ၊ သူတို့ကို မစင်ကြယ်ခြင်းနှင့် ကင်းစင်စေရမည်။ |
ငါ၏စိတ်နှလုံးထဲ၌ အပြစ်ဒုစရိုက်ကို ငါထွေးပိုက်ထားခဲ့လျှင် ဘုရားရှင်သည် နားညောင်းတော်မူလိမ့်မည်မဟုတ်။
ထိုမျှသာမက ငါ့ကို သူတို့ပြုသောအမှုဟူမူကား ထိုနေ့တွင်ပင် သန့်ရှင်းရာဌာနကိုညစ်ညူးစေ၍ ဥပုသ်နေ့ကိုရှုတ်ချကြ၏။
“အချင်းလူသား၊ အစ္စရေးအမျိုးတို့သည် မိမိတို့ပြည်၌နေထိုင်စဉ်က သူတို့၏အပြုအမူအကျင့်အကြံများဖြင့် ပြည်ကိုညစ်ညူးစေကြ၏။ သူတို့၏အပြုအမူအကျင့်အကြံတို့သည် ဓမ္မတာလာသောမိန်းမ မစင်ကြယ်သကဲ့သို့ဖြစ်၏။
ငါ၏လူမျိုးတော်တို့အား သန့်ရှင်းမြင့်မြတ်သောအရာနှင့် သာမန်အရာတို့ကို သွန်သင်ပြရမည်။ ညစ်ညူးသောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း ပိုင်းခြားပြရမည်။
ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုအပေါင်းတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေပြီဖြစ်၍ ငါအသက်ရှင်သည်နှင့်အညီ သင့်ကို မသနား၊ မညှာတာဘဲ သုတ်သင်ပစ်မည်။
ထိုမင်းသည်လည်း တစ်သီတင်းအတွက် လူအများတို့နှင့်အခိုင်အမာပဋိညာဉ်ဖွဲ့လိမ့်မည်။ သို့သော် သီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ရပ်စဲစေလိမ့်မည်။ သုတ်သင်ဖျက်ဆီးခြင်းခံရမည်ဟူသော စီရင်သတ်မှတ်ချက်သည် ဖျက်ဆီးသောသူအပေါ် ကျရောက်မည်။ ထိုအချိန်တိုင်အောင် ထိုဖျက်ဆီးသောသူသည် ရွံရှာဖွယ်ရာများ၏တောင်ပံပေါ်တွင် တည်နေလိမ့်မည်”ဟု ဆို၏။
စင်ကြယ်သောအရာနှင့် မစင်ကြယ်သောအရာ၊ စားခွင့်ရှိသောတိရစ္ဆာန်နှင့် စားခွင့်မရှိသောတိရစ္ဆာန်တို့ကို ခွဲခြားနိုင်ရန်ဖြစ်၏”ဟု မိန့်တော်မူ၏။
ဤသည်ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကိုကြေညာနိုင်ရန် သိုးမွေးအဝတ်၊ ချည်ချောအဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌စွဲသည့် မှိုစွဲနာနှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
ငါ၏ဥပုသ်နေ့ကို စောင့်ထိန်း၍ ငါ၏သန့်ရှင်းရာဌာနကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
ထိုသူသည် မိမိသားမြေးကို မောလုတ်ဘုရားအားပေးလှူခြင်းဖြင့် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍ ငါ၏သန့်ရှင်းသောနာမတော်ကိုရှုတ်ချသောကြောင့် ငါသည် သူ့ကို မျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
သို့သော် သူသည် ကိုယ်အင်္ဂါချို့ယွင်းသောကြောင့် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေရာမရောက်မည့်အကြောင်း ကန့်လန့်ကာအတွင်းသို့ မဝင်ရ၊ ယဇ်ပလ္လင်သို့လည်း မချဉ်းကပ်ရ။ အကြောင်းမူကား ငါထာဝရဘုရားသည် ထိုအရာတို့ကို သန့်ရှင်းစေပြီ”ဟု မိန့်တော်မူ၏။
လူသေအလောင်းကို ထိမိပြီး မိမိကိုယ်မိမိ မသန့်စင်စေသောသူမည်သူမဆို ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်ကို ညစ်ညူးစေရာရောက်၏။ သူသည် အစ္စရေးလူမျိုးထဲမှ ပယ်ဖျက်ခြင်းကို ခံရမည်။ သူသည် စင်ကြယ်စေခြင်းရေဖျန်းခြင်းကို မခံသောကြောင့် မစင်မကြယ်ဖြစ်၏။ အညစ်အကြေးသည် သူ၌ရှိနေဆဲဖြစ်၏။
မစင်ကြယ်သောသူသည် မိမိကိုယ်မိမိ မသန့်စင်စေလျှင်မူကား ထာဝရဘုရား၏သန့်ရှင်းရာဌာနကို ညစ်ညူးစေရာရောက်သောကြောင့် သူသည် လူအစုအဝေးထဲမှ ပယ်ဖျက်ခြင်းခံရမည်။ စင်ကြယ်စေခြင်းရေဖြင့်ဖျန်းခြင်းကို မခံသောကြောင့် သူသည် မစင်ကြယ်သောသူဖြစ်၏။
သူတို့နှင့်အတူ ငါကိန်းဝပ်ရာ သူတို့၏တပ်စခန်းကို မညစ်ညူးစေမည့်အကြောင်း ထိုသို့သောသူ ယောက်ျား၊ မိန်းမဟူသမျှကို တပ်စခန်းအပြင်သို့ ထွက်သွားစေရမည်”ဟု မိန့်တော်မူ၏။
မည်သူမဆို ဘုရားသခင်၏ဗိမာန်တော်ကိုဖျက်ဆီးလျှင် ဘုရားသခင်သည် သူ့ကိုဖျက်ဆီးတော်မူလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်၏ဗိမာန်တော်သည် သန့်ရှင်း၍ သင်တို့သည် ထိုဗိမာန်တော်ဖြစ်ကြ၏။
အနာကြီးရောဂါလက္ခဏာနှင့်ပတ်သက်၍ သတိပြုလော့။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့က သင်တို့အားညွှန်ကြားသောအရာရှိသမျှကို အထူးလိုက်နာစောင့်ထိန်းရမည်။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့အား ငါမိန့်မှာထားသည့်အတိုင်း သင်တို့ လိုက်နာစောင့်ထိန်းရမည်။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကိုနင်းချေ၍ မိမိအားသန့်ရှင်းစေသောပဋိညာဉ်ဆိုင်ရာသွေးတော်ကို မစင်ကြယ်သည့်အရာဟု မှတ်ယူလျက် ကျေးဇူးတော်နှင့်ဆိုင်သောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုသောသူသည် မည်မျှလောက် ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်ကြသနည်း။
အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲစေ၍ တစ်ပါးတည်းသောအရှင်ဖြစ်တော်မူသော ငါတို့၏သခင်ယေရှုခရစ်တော်ကို ငြင်းပယ်ကြသည့် ဘုရားတရားမဲ့သောသူအချို့တို့သည် တိတ်တခိုးဝင်ရောက်လာကြ၏။ သူတို့သည် ဤပြစ်ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ရှေးယခင်ကပင် ရေးထားလေပြီ။
ထို့ကြောင့် ဧလိ၏အိမ်သူအိမ်သားတို့ကို ငါကျိန်ထားခဲ့ပြီ။ ဧလိအိမ်သူအိမ်သားတို့၏ဒုစရိုက်အပြစ်သည် ယဇ်ပူဇော်ခြင်း၊ ဘောဇဉ်ပူဇော်သက္ကာပူဇော်ခြင်းအားဖြင့် မည်သည့်အခါမျှအပြစ်လွတ်မည်မဟုတ်”ဟု မိန့်တော်မူ၏။