ဝတ်ပြု 19:30 - မြန်မာ့စံမီသမ္မာကျမ်း30 ငါ၏ဥပုသ်နေ့ကို စောင့်ထိန်း၍ ငါ၏သန့်ရှင်းရာဌာနကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible30 ဥပုသ်နေ့ကိုစောင့်ထိန်း၍ ငါ့အားဝတ်ပြုရာ ဌာနတော်ကိုရိုသေလော့။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible30 ငါ့ ဥ ပုသ် နေ့ ကို စောင့် ရှောက် ခြင်း၊ သန့် ရှင်း ရာ ဌာ န ကို ခန့် ညား ခြင်း ပြု ကြ လော့၊ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။ အခန်းကိုကြည့်ပါ။Judson Bible30 ငါ့ဥပုသ်နေ့တို့ကိုစောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
မိမိကိုယ်တိုင်ထွင်းထုထားသော ရုပ်တုဆင်းတုကိုလည်း ဘုရားသခင်၏အိမ်တော်တွင် ထားရှိ၏။ ဘုရားသခင်က ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးမျိုးနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။