ဤသည်ကား သားယဉ်သားရဲတိရစ္ဆာန်၊ ငှက်၊ ရေထဲ၌လှုပ်ရှားသွားလာသောသက်ရှိသတ္တဝါအားလုံး၊ မြေကြီးပေါ်၌ တွားသွားသောသတ္တဝါအားလုံးတို့နှင့်ဆိုင်သောပညတ်တရားဖြစ်၍
ဝတ်ပြု 14:54 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား အနာကြီးရောဂါအမျိုးမျိုးနှင့်ဆိုင်သော ပညတ်တရားဖြစ်၏။ ယားနာ၊ Common Language Bible ဤပညတ်သည်ကား ဆိုးရွားသည့်ကိုယ်ရေ ပြားရောဂါများနှင့်ဆိုင်၍လည်းကောင်း၊- Garrad Bible နူ နာ၊ ပွေး နာ၊ အ ဝတ် နူ နာ၊ တိုက် နူ နာ၊ ဖု ထ နာ၊ ပေါ် ထွက် နာ၊ တောက် ထိန် နာ၊ အ မှတ် လ က္ခ ဏာ အ မျိုး မျိုး ကို သန့် မ သန့် ကြောင်း သင် ပြ ရန် တ ရား ကား ထို သို့ ဖြစ်၏။ နူ နာ ဆိုင် ရာ တ ရား ပင် တည်း ဟု မိန့် တော် မူ ၏။ Judson Bible ဤရွေ့ကား၊ စင်ကြယ်သည်၊ မစင်ကြယ်သည်ကို ပိုင်းခြား၍သိစေခြင်းငှာ၊ ဗောက်နူနာအစရှိသောနူနာအမျိုးမျိုး၊ အဝတ်၌စွဲသောနူနာ၊ အိမ်၌စွဲသောနူနာ၊ အဖု၊ ယားနာ၊ နူကွက်နှင့်ဆိုင်သော နူနာတရားဖြစ်သတည်းဟု မိန့်တော်မူ၏။ |
ဤသည်ကား သားယဉ်သားရဲတိရစ္ဆာန်၊ ငှက်၊ ရေထဲ၌လှုပ်ရှားသွားလာသောသက်ရှိသတ္တဝါအားလုံး၊ မြေကြီးပေါ်၌ တွားသွားသောသတ္တဝါအားလုံးတို့နှင့်ဆိုင်သောပညတ်တရားဖြစ်၍
ယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာအရေပြားပေါ်ရှိအနာကို ကြည့်ရှုစစ်ဆေးသောအခါ အနာထဲရှိအမွေးသည် ဖြူသွား၍ ထိုအနာသည် ကိုယ်ခန္ဓာအရေပြားအောက်ကိုရောက်နေဟန်ရှိလျှင် အနာကြီးရောဂါလက္ခဏာဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုအနာကို ကြည့်ရှုပြီးနောက် အနာရှိသောသူအား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
“အနာကြီးရောဂါစွဲခဲ့သောသူအား သန့်စင်စေခြင်းနေ့နှင့်ဆိုင်သောပညတ်တရားကား ဤသို့ဖြစ်၏။ သူ့ကို ယဇ်ပုရောဟိတ်ထံ ခေါ်လာရမည်။
ဤသည်ကား အနာကြီးရောဂါအနာစွဲ၍ မိမိ၏သန့်စင်ခြင်းအတွက် မတတ်နိုင်သောသူနှင့်ဆိုင်သည့်ပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
ငှက်အရှင်ကို မြို့ပြင်ရှိ ကွင်းပြင်သို့ လွှတ်လိုက်ရမည်။ ဤသို့ဖြင့် ထိုအိမ်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြု၍ ထိုအိမ်သည် စင်ကြယ်လိမ့်မည်။
ဘောဇဉ်ပူဇော်သက္ကာနှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အာရုန်၏သားတို့သည် ဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားရှေ့တော်၊ ယဇ်ပလ္လင်ရှေ့၌ ပူဇော်ရမည်။
“အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုလော့။ အပြစ်ဖြေရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အပြစ်ဖြေရာယဇ်ကောင်ကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၊ ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ ဤယဇ်သည် အလွန်သန့်ရှင်းသောယဇ်ဖြစ်၏။
“အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုလော့။ မီးရှို့ရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ မီးရှို့ရာယဇ်ကောင်ကို ယဇ်ပလ္လင်ပေါ်ရှိ မီးတောက်ပေါ်တွင် နံနက်တိုင်အောင် တစ်ညလုံးရှိစေ၍ ယဇ်ပလ္လင်၏မီးသည် တောက်လောင်လျက်နေရမည်။
အပြစ်ဒဏ်ဖြေရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အပြစ်ဒဏ်ဖြေရာယဇ်သည် အလွန်သန့်ရှင်း၏။
ဤသည်ကား မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်၊ အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာယဇ်နှင့် မိတ်သဟာယယဇ်တို့နှင့်ဆိုင်သောတရားဖြစ်၏။
တဲထဲ၌သေသောသူနှင့်ဆိုင်သောတရားကား ဤသို့တည်း။ လူသေတဲထဲသို့ဝင်သောသူ၊ တဲထဲရှိသောသူ မည်သူမဆို ခုနစ်ရက်ပတ်လုံး မစင်မကြယ်ဖြစ်၏။
ဤသည်ကား သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သောတရား ဖြစ်၏။ မယားသည် မိမိလင်ယောက်ျားနှင့်အတူနေထိုင်စဉ် ဖောက်ပြန်၍ မိမိကိုယ်မိမိညစ်ညူးစေသဖြင့်
နာဇရိလူနှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ နာဇရိလူသည် မိမိကိုယ်မိမိ သီးခြားထားသည့်ကာလပြည့်သောနေ့၌ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ လာရမည်။
အနာကြီးရောဂါလက္ခဏာနှင့်ပတ်သက်၍ သတိပြုလော့။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့က သင်တို့အားညွှန်ကြားသောအရာရှိသမျှကို အထူးလိုက်နာစောင့်ထိန်းရမည်။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့အား ငါမိန့်မှာထားသည့်အတိုင်း သင်တို့ လိုက်နာစောင့်ထိန်းရမည်။