ဤသို့ပြုမူခြင်းများသည် ယေရောဗောင်မင်းမျိုးမင်းနွယ်အတွက် အပြစ်ဖြစ်လာပြီး သူတို့ကို မြေမျက်နှာပြင်ပေါ်မှဖျက်ဆီးသုတ်သင်ပစ်ရမည့်အခြေသို့ ဆိုက်လေ၏။
ဝတ်ပြု 14:35 - မြန်မာ့စံမီသမ္မာကျမ်း အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့လာ၍ ‘အကျွန်ုပ်၏အိမ်၌ အနာစွဲသကဲ့သို့ဖြစ်နေသည်ကို တွေ့မြင်ရပါသည်’ဟု ပြောပြရမည်။ Common Language Bible တစ်စုံတစ်ယောက်သောသူသည် မိမိ၏အိမ် တွင်ဖားဥစွဲကြောင်းတွေ့ရလျှင် ယဇ်ပုရော ဟိတ်ထံသို့သွားရောက်တိုင်ကြားရမည်။- Garrad Bible တိုက် ရှင် က၊ တိုက် တွင် အ မှတ် လ က္ခ ဏာ ဆိုး ဖြစ် ကြောင်း ကျွန် တော် ထင် ပါ သည် ဟု ပ ရော ဟိတ် ထံ သွား ရောက် တိုင် ကြား ရာ၊ Judson Bible အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့သွား၍၊ အကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ၏ဟုပြောဆိုလျှင်လည်းကောင်း၊ |
ဤသို့ပြုမူခြင်းများသည် ယေရောဗောင်မင်းမျိုးမင်းနွယ်အတွက် အပြစ်ဖြစ်လာပြီး သူတို့ကို မြေမျက်နှာပြင်ပေါ်မှဖျက်ဆီးသုတ်သင်ပစ်ရမည့်အခြေသို့ ဆိုက်လေ၏။
ဘေးအန္တရာယ်သည် သင့်အပေါ်သို့ ကျရောက်မည်မဟုတ်။ ဘေးဒဏ်သည်လည်း သင်၏တဲအနီးသို့ ချဉ်းကပ်မည်မဟုတ်။
ထာဝရဘုရား၏ကျိန်ခြင်းသည် ဆိုးယုတ်သောသူ၏အိမ်ပေါ်သို့သက်ရောက်၏။ သို့သော် ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့၏အိမ်ကို ကောင်းချီးပေးတော်မူ၏။
ယဇ်ပုရောဟိတ်သည် အိမ်ထဲရှိပစ္စည်းအားလုံးမစင်ကြယ်ဟု မကြေညာမိစေရန် သူသည် အနာကိုကြည့်ရှုစစ်ဆေးရန် အိမ်ထဲသို့မဝင်မီ အိမ်ကိုအလွတ်ထားရမည့်အကြောင်း မိန့်မှာရမည်။ ထို့နောက်မှ ယဇ်ပုရောဟိတ်သည် အိမ်ကိုကြည့်ရှုစစ်ဆေးရန် ဝင်ရမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဤစာလိပ်ကို ငါစေလွှတ်သဖြင့် သူခိုး၏အိမ်ထဲ၌လည်းကောင်း၊ ငါ့နာမဖြင့် မဟုတ်မမှန်ကျိန်ဆိုသူ၏အိမ်ထဲ၌လည်းကောင်း ဝင်နေ၍ သစ်သား၊ ကျောက်တုံးတို့ပါမကျန် ထိုအိမ်ကို ဖျက်ဆီးပစ်လိမ့်မည်”ဟု ငါ့အား ပြောပြ၏။
စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့ မယူလာရ။ ထိုအရာသည် ကျိန်ခြင်းခံရသောအရာဖြစ်၍ ယူလာလျှင် သင်သည် ထိုအရာကဲ့သို့ ကျိန်ခြင်းခံရလိမ့်မည်။ ထိုအရာကို လုံးလုံးရွံမုန်းရမည်။
အကျွန်ုပ်သည် တိုက်ယူသောပစ္စည်းထဲ၌ လှပသောရှိနာပြည်သားဝတ်လုံတစ်ထည်၊ ငွေရှယ်ကယ်နှစ်ရာနှင့် အလေးချိန်ရှယ်ကယ်ငါးဆယ်ရှိသောရွှေချောင်းတစ်ချောင်းကို တွေ့သောအခါ တပ်မက်စိတ်ဝင်၍ ယူမိပါပြီ။ အကျွန်ုပ်၏တဲအတွင်း မြေအောက်၌ဝှက်ထားလျက်ရှိပါ၏။ ငွေသည် အောက်ဆုံး၌ ရှိပါ၏”ဟု ပြန်ဖြေလေ၏။