ဝတ်ပြု 14:35 - Common Language Bible35 တစ်စုံတစ်ယောက်သောသူသည် မိမိ၏အိမ် တွင်ဖားဥစွဲကြောင်းတွေ့ရလျှင် ယဇ်ပုရော ဟိတ်ထံသို့သွားရောက်တိုင်ကြားရမည်။- အခန်းကိုကြည့်ပါ။Garrad Bible35 တိုက် ရှင် က၊ တိုက် တွင် အ မှတ် လ က္ခ ဏာ ဆိုး ဖြစ် ကြောင်း ကျွန် တော် ထင် ပါ သည် ဟု ပ ရော ဟိတ် ထံ သွား ရောက် တိုင် ကြား ရာ၊ အခန်းကိုကြည့်ပါ။Judson Bible35 အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့သွား၍၊ အကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ၏ဟုပြောဆိုလျှင်လည်းကောင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း35 အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့လာ၍ ‘အကျွန်ုပ်၏အိမ်၌ အနာစွဲသကဲ့သို့ဖြစ်နေသည်ကို တွေ့မြင်ရပါသည်’ဟု ပြောပြရမည်။ အခန်းကိုကြည့်ပါ။ |
အနန္တတန်ခိုးရှင်ထာဝရဘုရားကငါသည် ဤကျိန်စာကိုစေလွှတ်လိုက်မည်ဖြစ်၍ယင်း သည်ငါ၏နာမတော်ကိုတိုင်တည်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူမှန်သမျှနှင့်သူခိုးမှန် သမျှတို့၏အိမ်များတွင်ဝင်၍နေလိမ့်မည်။ ထိုအိမ်တို့သည်လည်းကျိန်စာထွက်ခွာသွား သောအခါ ယိုယွင်းပျက်စီးလျက်ကျန်ရစ် ကြလိမ့်မည်'' ဟုဆို၏။
အကျွန်ုပ်တို့သိမ်းယူခဲ့သောပစ္စည်းများထဲ တွင်လှပသောဗာဗုလုန်ဝတ်ရုံ၊ ငွေချိန်ငါး ပေါင်ခန့်နှင့်အချိန်တစ်ပေါင်ကျော်ခန့်ရှိ သောရွှေချောင်းကိုတွေ့ရ၍ လိုချင်မက်မော လှသဖြင့်ယူမိပါသည်။ အကျွန်ုပ်၏တဲထဲ တွင်ငွေကိုအောက်ဆုံး၌ထား၍မြှုပ်ထား ပါသည်'' ဟုယောရှုအားလျှောက်ထားလေ၏။