Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 14:36 - Common Language Bible

36 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အိမ်​သို့​သွား​ရောက် မ​စစ်​ဆေး​မီ ပစ္စည်း​ရှိ​သ​မျှ​ကို​အ​ပြင်​သို့ ထုတ်​စေ​ရ​မည်။ ထို​သို့​မ​ပြု​လုပ်​လျှင်​အိမ်​ထဲ ၌​ရှိ​သ​မျှ​သော​ပစ္စည်း​များ​ကို​မ​သန့်​စင်​ဟု ကြေ​ညာ​ရ​မည်။ ထို​နောက်​သူ​သည်​အိမ်​ထဲ သို့​ဝင်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 ပ ရော ဟိတ် သည် အ မှတ် လ က္ခ ဏာ ရှု ကြည့် ရန် တိုက် တွင်း သို့ မ ဝင် မီ တိုက် တွင်း ရှိ သ မျှ မ သန့် ရာ မ ရောက် စေ ခြင်း ငှါ မိန့် မှာ သည့် အ တိုင်း တိုက် ကို လွတ် လပ် စေ ပြီး နောက် အ ရှု အ ကြည့် ဝင် ရောက် လျက် အ မှတ် လ က္ခ ဏာ ကို ရှု ကြည့် ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ထို​အိမ်၌​ရှိ​သ​မျှ​တို့​သည်၊ မ​စင်​ကြယ်​ရာ​သို့​ရောက်​မည်​ကို စိုး​ရိမ်၍၊ ယဇ်​ပု​ရော​ဟိတ်​သည် နူ​နာ​ကို​အ​ကြည့်​အ​ရှု​မ​ဝင်​မီ၊ ရှိ​သ​မျှ​ကို​ထုတ်​စေ​ခြင်း​ငှာ စီ​ရင်​ရ​မည်။ ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် ထို​အိမ်​ကို​အ​ကြည့်​အ​ရှု​ဝင်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ယဇ်ပုရောဟိတ်​သည် အိမ်​ထဲ​ရှိ​ပစ္စည်း​အားလုံး​မစင်ကြယ်​ဟု မ​ကြေညာ​မိ​စေရန် သူ​သည် အနာ​ကို​ကြည့်ရှု​စစ်ဆေး​ရန် အိမ်​ထဲသို့​မ​ဝင်​မီ အိမ်​ကို​အလွတ်​ထား​ရ​မည့်​အကြောင်း မိန့်မှာ​ရ​မည်​။ ထို့နောက်မှ ယဇ်ပုရောဟိတ်​သည် အိမ်​ကို​ကြည့်ရှု​စစ်ဆေး​ရန် ဝင်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:36
7 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ကောင်း​ကင်​ဘုံ​က​အ​ခြား​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​က၊ ``ထွက်​ခဲ့​ကြ​လော့။ ငါ​၏​လူ​စု​တော်​တို့၊ သူ့​ထံ​မှ​ထွက်​ခဲ့​ကြ​လော့။ သူ​နှင့်​အ​တူ​အ​ပြစ်​မ​ကူး​ကြ​နှင့်။ သူ​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​ကို​မ​ခံ​ကြ​နှင့်။


ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​ဘယ် သူ​မျှ​မ​ငြင်း​မ​ပယ်​စေ​နှင့်။ မြစ်​ခါး​ပင်​သည် မိ​မိ​၏​အ​ဆိပ်​ဖြင့်​လူ​အ​များ​အား​ဒုက္ခ ပေး​တတ်​၏။ အ​ဘယ်​သူ​မျှ​ထို​အ​ပင်​ကဲ့ သို့​မ​ဖြစ်​စေ​နှင့်။-


သင်​တို့​အ​ယူ​အ​ဆ​မ​မှား​ကြ​နှင့်။ ``အ​ပေါင်း အ​သင်း​မ​ကောင်း​လျှင်​လူ​ကောင်း​ပျက်​စီး​တတ် ၏။-''


တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​အိမ် တွင်​ဖား​ဥ​စွဲ​ကြောင်း​တွေ့​ရ​လျှင် ယဇ်​ပု​ရော ဟိတ်​ထံ​သို့​သွား​ရောက်​တိုင်​ကြား​ရ​မည်။-


ဖား​ဥ​ကို​စစ်​ဆေး​ရ​မည်။ အိမ်​ထ​ရံ​ပေါ် တွင်​စိမ်း​ဖန့်​ဖန့်၊ နီ​ကြန့်​ကြန့်​ဖား​ဥ​စွဲ​သည့် အ​ကွက်​များ​ချိုင့်​ဝင်​နေ​ကြောင်း​တွေ့​ရှိ​ရ လျှင်၊-


တဲ​တွင်း​၌​အ​ဖုံး​မ​ရှိ​သော​အိုး​ခွက်​ရှိ​သ​မျှ တို့​သည်​လည်း​ညစ်​ညမ်း​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ