ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
ဝတ်ပြု 14:21 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ဆင်းရဲသောသူဖြစ်၍ မတတ်နိုင်လျှင် မိမိအဖို့ အပြစ်ဖြေလွှတ်ခြင်းအတွက် ချီလွှဲရမည့်အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သိုးသငယ်အထီးတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကိုလည်းကောင်း၊ ဆီတစ်လောဃကိုလည်းကောင်း၊ Common Language Bible ထိုသူသည်ဆင်းရဲသဖြင့် အထက်ပါပူဇော် သကာများကိုသန့်စင်ခြင်းဝတ်အတွက် အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရန် မတတ်နိုင်လျှင် သိုးထီးကလေးတစ်ကောင် ကိုသာယူဆောင်ခဲ့ရမည်။ ထိုယဇ်သည်ယဇ် ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးလှူဘွယ်ဖြစ်သည်။ သူသည်ဘောဇဉ် ပူဇော်သကာအတွက် သံလွင်ဆီနှင့်ရော သောမုန့်ညက်နှစ်ပေါင်ကိုလည်းကောင်း၊ သံ လွင်ဆီအဝက်သားကိုလည်းကောင်းယူခဲ့ ရမည်။- Garrad Bible သူ သည် ဆင်း ရဲ ၍ လက် ဝယ် မ ရှိ လျှင် ကိုယ် အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု စေ ရန် ဦး တိုက် ရ သော ပြစ် ဒဏ် ပြေ ရာ သ က္ကာ အ ဖြစ် သိုး သား ငယ် အ ထီး တစ် ကောင် ကို လည်း ကောင်း၊ ဘော ဇဉ် သ က္ကာ အ ဖြစ် ဆီ ရော သော မုန့် ညက် တစ် စ ရွတ် ကို လည်း ကောင်း၊ Judson Bible ထိုသူသည်ဆင်းရဲ၍ ဤမျှလောက်မတတ်နိုင်လျှင်၊ ချီလွှဲ၍ မိမိအပြစ်ဖြေခြင်းကိုပြုစရာဖို့၊ ဒုစရိုက်ဖြေရာယဇ် သိုးသငယ်တစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာဖို့ ဆီရောသောမုန့်ညက်တစ်ဩမဲနှင့် ဆီတစ်လောဃကိုလည်းကောင်း၊ |
ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
ဆင်းရဲသောသူကိုပြက်ရယ်ပြုသောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ သူတစ်ပါးဘေးဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
ချမ်းသာသောသူနှင့် ဆင်းရဲသောသူတို့၏ တူညီသောအချက်မှာ သူတို့အားလုံးကို ထာဝရဘုရားဖန်ဆင်းတော်မူခြင်းပင်ဖြစ်၏။
ဘောဇဉ်ပူဇော်သက္ကာအဖြစ် နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်များအတွက် တတ်နိုင်သလောက်၊ အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်ကို စီစဉ်ပေးရမည်။
သူသည် ထာဝရဘုရားအား ငှက်ကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် ချိုးငှက်ကိုဖြစ်စေ၊ ခိုငယ်ကိုဖြစ်စေ ပူဇော်ရမည်။
အကယ်၍ သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူဆောင်လာရမည်။ တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုမိန်းမအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် စင်ကြယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ရှစ်ရက်မြောက်သောနေ့၌ အပြစ်အနာအဆာကင်းသောသိုးသငယ်အထီးနှစ်ကောင်၊ အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံနှင့် ဆီတစ်လောဃကို ယူဆောင်လာရမည်။
ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကိုလည်းကောင်း မိမိတတ်နိုင်သည့်အတိုင်း ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၍ ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
ကတိသစ္စာပြုထားသူသည် ဆင်းရဲ၍ သင်တန်ဖိုးဖြတ်ထားသည့်အတိုင်း မတတ်နိုင်လျှင် ယဇ်ပုရောဟိတ်ထံသို့ လာရမည်။ ယဇ်ပုရောဟိတ်သည် သူ့ကို တန်ဖိုးဖြတ်ရမည်။ သူတတ်နိုင်သည့်အတိုင်း ယဇ်ပုရောဟိတ်သည် သူ့ကို တန်ဖိုးဖြတ်ရမည်။
သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သည့်အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ယူဆောင်လာ၍ ပူဇော်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၍ ၎င်းအပေါ်၌ ဆီမထည့်ရ။ လော်ဗန်ကိုလည်း မတင်ရ။
သူသည် သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ထာဝရဘုရားထံသို့ ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့ဘက်သို့မျက်နှာမူလျက် မြွက်ဆိုတော်မူသည်မှာ“ဆင်းရဲနွမ်းပါးသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။
အကြောင်းမူကား သင်တို့သည် ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်ကိုသိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သူ၏ဆင်းရဲခြင်းအားဖြင့် သင်တို့ကြွယ်ဝကြမည့်အကြောင်း သင်တို့အတွက် ဆင်းရဲခြင်းကိုခံတော်မူ၏။
ဆင်းရဲသားကို မြေမှုန့်ထဲမှ ဆွဲထူ၍ နွမ်းပါးသူကို ပြာပုံထဲမှချီမတော်မူပြီး မင်းသားတို့နှင့်အတူထိုင်စေတော်မူ၏။ ဘုန်းကြီးသောပလ္လင်ကို အမွေဆက်ခံစေတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ကမ္ဘာမြေကြီး၏အုတ်မြစ်ကို ပိုင်တော်မူ၍ ကမ္ဘာလောကကို ထိုအုတ်မြစ်ပေါ်တွင် ချထားတော်မူ၏။