ဝတ်ပြု 14:18 - မြန်မာ့စံမီသမ္မာကျမ်း မိမိလက်ဖဝါးထဲမှ ကျန်သောဆီကို စင်ကြယ်စေခြင်းခံသောသူ၏ခေါင်းပေါ်၌ လိမ်းပေးရမည်။ ဤသို့ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ Common Language Bible လက်ဖဝါးထဲတွင်ကျန်ရှိသောဆီဖြင့် ထို သူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအား ဖြင့်သူသည်သန့်စင်ခြင်းဝတ်ကိုပြုရမည်။ Garrad Bible သန့် စေ ခြင်း လို သော သူ၏ ဦး ခေါင်း ပေါ် တွင် လက် ဝါး ရှိ ဆီ ကျန် နှင့် လောင်း ခြင်း များ ကို ပြု လျက်၊ ထာ ဝ ရ ဘု ရား ရှေ့ သူ့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရ မည်။ Judson Bible မိမိလက်၌ကြွင်းသေးသောဆီကို၊ စင်ကြယ်စေရသောသူ၏ခေါင်းပေါ်မှာ လောင်း၍ ထိုသူအဖို့အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။ |
မိမိ၏လက်ဖဝါးထဲမှ ကျန်သောဆီအချို့ကို စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်း၊ ယာဘက်လက်မ၊ ယာဘက်ခြေမပေါ်၌ သုတ်လိမ်းထားသော အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးပေါ်၌ ထပ်၍သုတ်လိမ်းရမည်။
ယဇ်ပုရောဟိတ်သည် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် အရိအရွဲထွက်သူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို ပူဇော်သည့်အတိုင်း ဤနွားထီးကို ပူဇော်ရမည်။ ထိုသို့ပူဇော်ခြင်းအားဖြင့် ယဇ်ပုရောဟိတ်သည် သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူတို့သည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်၏အဆီကိုရှို့သကဲ့သို့ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ခေါင်းဆောင်၏အပြစ်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်မှအဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ထိုအဆီတို့ကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် သူ့အတွက်အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ဖြစ်သောသိုးမှ အဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ယဇ်ပုရောဟိတ်သည် ထိုအဆီတို့ကို ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကောင်ပေါ်တင်၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ထိုသူကျူးလွန်သောအပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
သူပြစ်မှားမိခဲ့သည့် သန့်ရှင်းသောအရာတစ်စုံတစ်ခုအတွက် အလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ ယဇ်ပုရောဟိတ်အားပေးရမည်။ ယဇ်ပုရောဟိတ်သည် သိုးထီးကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးခြင်းဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
ဘိသိက်ဆီအချို့ကို အာရုန်၏ခေါင်းပေါ်၌ လောင်း၍ သူ့ကိုသန့်ရှင်းစေရန် ဘိသိက်ပေးလေ၏။
မရည်ရွယ်ဘဲအပြစ်ပြုမိသော ထိုသူအတွက် ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောအခါ ထိုသူသည် အပြစ်လွှတ်ခြင်းခံရမည်။
ထို့ကြောင့် ကိုယ်တော်သည် လူတို့၏အပြစ်များအတွက် အသနားခံခြင်းအမှုကိုပြုရန် ဘုရားသခင်ရှေ့တော်၌ သနားကြင်နာတတ်သည့် သစ္စာရှိသောယဇ်ပုရောဟိတ်မင်းဖြစ်မည့်အကြောင်း အရာရာ၌ ညီအစ်ကိုများနှင့်တူရ၏။