ဝတ်ပြု 14:18 - Common Language Bible18 လက်ဖဝါးထဲတွင်ကျန်ရှိသောဆီဖြင့် ထို သူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအား ဖြင့်သူသည်သန့်စင်ခြင်းဝတ်ကိုပြုရမည်။ အခန်းကိုကြည့်ပါ။Garrad Bible18 သန့် စေ ခြင်း လို သော သူ၏ ဦး ခေါင်း ပေါ် တွင် လက် ဝါး ရှိ ဆီ ကျန် နှင့် လောင်း ခြင်း များ ကို ပြု လျက်၊ ထာ ဝ ရ ဘု ရား ရှေ့ သူ့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible18 မိမိလက်၌ကြွင်းသေးသောဆီကို၊ စင်ကြယ်စေရသောသူ၏ခေါင်းပေါ်မှာ လောင်း၍ ထိုသူအဖို့အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 မိမိလက်ဖဝါးထဲမှ ကျန်သောဆီကို စင်ကြယ်စေခြင်းခံသောသူ၏ခေါင်းပေါ်၌ လိမ်းပေးရမည်။ ဤသို့ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ အခန်းကိုကြည့်ပါ။ |
ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။
သူသည်ဘုရားသခင်၏သန့်ရှင်းမြင့်မြတ် မှုအတွက် မဆောင်ရွက်ခဲ့မိသည့်လျော်ငွေ တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းအပို ဆောင်း၍ယဇ်ပုရောဟိတ်အားပေးရမည်။ ထို နောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏အပြစ် အတွက် သိုးထီးသို့မဟုတ်ဆိတ်ကိုပူဇော် သဖြင့်ထိုသူသည်အပြစ်လွတ်လိမ့်မည်။