ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး၍ ငါ၏တရားလမ်းများသို့ လိုက်လျှောက်စေမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းစေမည်။
ဝတ်ပြု 14:17 - မြန်မာ့စံမီသမ္မာကျမ်း မိမိ၏လက်ဖဝါးထဲမှ ကျန်သောဆီအချို့ကို စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်း၊ ယာဘက်လက်မ၊ ယာဘက်ခြေမပေါ်၌ သုတ်လိမ်းထားသော အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးပေါ်၌ ထပ်၍သုတ်လိမ်းရမည်။ Common Language Bible တစ်ဖန်သူသည်ဘာသာရေးထုံးနည်း အရ သန့်စင်ခြင်းဝတ်ကိုပြုနေသူ၏ လက်ယာနားပျဉ်း၊ လက်ယာလက်မ၊ လက် ယာခြေမတို့တွင်လက်ဖဝါးထဲမှဆီ နှင့်သိုး၏သွေးအနည်းငယ်ဖြင့်သုတ် ရမည်။- Garrad Bible လက် ဝါး ရှိ ဆီ ကျန် အ နက် သန့် စေ ခြင်း လို သော သူ၏ လက်ျာ နား ပျင်း၊ လက်ျာ လက် မ၊ လက်ျာ ခြေ မ များ၌ ပြစ် ဒဏ် ပြေ ရာ သ က္ကာ၏ အ သွေး ပေါ် တွင် သုတ် ခြင်း၊ Judson Bible မိမိလက်၌ကြွင်းသောဆီကို စင်ကြယ်စေရသော သူ၏လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်းရှိသော ဒုစရိုက်ဖြေရာယဇ်ကောင်အသွေးအပေါ်မှာ ထည့်ရမည်။ |
ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး၍ ငါ၏တရားလမ်းများသို့ လိုက်လျှောက်စေမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းစေမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးအချို့ကိုယူ၍ စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်းပေါ်၌လည်းကောင်း၊ ယာဘက်လက်မနှင့် ယာဘက်ခြေမပေါ်၌လည်းကောင်း သုတ်လိမ်းရမည်။
မိမိ၏ယာဘက်လက်ချောင်းကို ဘယ်ဘက်လက်ဖဝါးထဲရှိဆီထဲသို့နှစ်၍ ထာဝရဘုရားရှေ့တော်၌ ထိုဆီကို မိမိလက်ချောင်းဖြင့် ခုနစ်ကြိမ်ဖျန်းရမည်။
မိမိလက်ဖဝါးထဲမှ ကျန်သောဆီကို စင်ကြယ်စေခြင်းခံသောသူ၏ခေါင်းပေါ်၌ လိမ်းပေးရမည်။ ဤသို့ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
မောရှေသည် သိုးထီးကိုသတ်ပြီးလျှင် သွေးအချို့ကိုယူ၍ အာရုန်၏ယာဘက်နားပျဉ်း၌လည်းကောင်း၊ ယာဘက်လက်မနှင့် ယာဘက်ခြေမ၌လည်းကောင်း သုတ်လိမ်း၏။
မောရှေသည် ဘိသိက်ဆီအချို့နှင့် ယဇ်ပလ္လင်ပေါ်ရှိသွေးအချို့ကိုယူ၍ အာရုန်နှင့်သူ၏အဝတ်တန်ဆာ၊ သူ့သားတို့နှင့်သူ့သားတို့၏အဝတ်တန်ဆာ တို့အပေါ်၌ ဖျန်း၏။ ဤသို့ဖြင့် အာရုန်နှင့်သူ၏အဝတ်တန်ဆာ၊ သူ့သားတို့နှင့်သူ့သားတို့၏အဝတ်တန်ဆာ တို့ကိုသန့်ရှင်းစေ၏။
အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။