Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 8:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 မောရှေ​သည် သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​အချို့​ကို​ယူ​၍ အာရုန်​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့် ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး အ​နည်း​ငယ်​ကို​ယူ​၍ အာ​ရုန်​၏​လက်​ယာ နား​ပျဉ်း​ကို​လည်း​ကောင်း၊ လက်​ယာ​လက်​မ နှင့်​လက်​ယာ​ခြေ​မ​တို့​ကို​လည်း​ကောင်း သုတ်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 စီ ရင် ပြီး မှ မော ရှေ သည် အ သွေး ကို ယူ လျက် အာ ရုန် ၏ လက်ျာ နား ပျင်း၊ လက်ျာ လက် မ၊ လက်ျာ ခြေ မ များ၌ သုတ် ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သိုး​ကို​သတ်​ပြီး​မှ၊ မော​ရှေ​သည်​အ​သွေး​ကို​ယူ၍၊ အာ​ရုန်၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၌​လည်း​ကောင်း၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 8:23
18 ပူးပေါင်းရင်းမြစ်များ  

ထို​သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​အချို့​ကို​ယူ​၍ အာရုန်​၏​ယာဘက်​နားပျဉ်း​နှင့် သူ့​သား​တို့​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ သူ​တို့​၏​ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​ပေး​ရ​မည်​။ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌​လည်း သွေး​ကို​ဖျန်း​ရ​မည်​။


ယဇ်ပလ္လင်​ပေါ်​ရှိ​သွေး​အချို့​နှင့် ဘိသိက်​ဆီ​အချို့​ကို​ယူ​၍ အာရုန်​နှင့်​သူ​၏​အဝတ်တန်ဆာ​ပေါ်၌​လည်းကောင်း​၊ သူ့​သား​တို့​နှင့် သူ့​သား​တို့​၏​အဝတ်တန်ဆာ​ပေါ်၌​လည်းကောင်း ဖျန်း​ရ​မည်​။ သို့ပြုလျှင် အာရုန်​နှင့်​သူ​၏​အဝတ်တန်ဆာ​သည်​လည်းကောင်း​၊ သူ့​သား​တို့​နှင့်​သူ့​သား​တို့​၏​အဝတ်တန်ဆာ​သည်​လည်းကောင်း သန့်ရှင်း​လိမ့်မည်​။


ယဇ်ပုရောဟိတ်​သည် အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို​ယူ​၍ စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​ပေါ်၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့် ယာဘက်​ခြေမ​ပေါ်၌​လည်းကောင်း သုတ်လိမ်း​ရ​မည်​။


မိမိ​၏​လက်ဖဝါး​ထဲမှ ကျန်​သော​ဆီ​အချို့​ကို စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​၊ ယာဘက်​လက်မ​၊ ယာဘက်​ခြေမ​ပေါ်၌ သုတ်လိမ်း​ထား​သော အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​ပေါ်၌ ထပ်၍​သုတ်လိမ်း​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​သော​သိုးသငယ်​ကို​သတ်​ပြီးလျှင် အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို​ယူ​၍ စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​ပေါ်၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​ပေါ်၌​လည်းကောင်း သုတ်လိမ်း​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် မိမိ​လက်ဖဝါး​ထဲ​ရှိ​ဆီ​အချို့​ကို စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​၊ ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​ပေါ်၌ သုတ်လိမ်း​ထား​သော အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​ပေါ်၌ ထပ်၍​သုတ်လိမ်း​ရ​မည်​။


ဤသည်ကား မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ အပြစ်ဒဏ်ဖြေရာယဇ်​၊ အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​ယဇ်​နှင့် မိတ်သဟာယယဇ်​တို့​နှင့်ဆိုင်သော​တရား​ဖြစ်​၏​။


သို့ဖြစ်၍ ညီအစ်ကို​တို့၊ ဘုရားသခင်​၏​ကရုဏာ​တော်​အားဖြင့် သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​လို​သည်​မှာ သင်​တို့​၏​ကိုယ်ခန္ဓာ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​သည့် သန့်ရှင်း​၍​အသက်ရှင်​သော​ယဇ်​အဖြစ် ပူဇော်​ကြ​လော့။ ဤသည်ကား သင်​တို့​ပြု​အပ်​သော ဝိညာဉ်ရေး​ဆိုင်ရာ​ဝတ်ပြု​ခြင်း​ဖြစ်​၏။


သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို​လည်း မတရားမှု​၏​လက်နက်​များ​အဖြစ် အပြစ်​အား မ​ဆက်သ​ကြ​နှင့်။ ထိုသို့​ပြု​မည့်​အစား သေ​သော​သူ​တို့​ထဲမှ အသက်ရှင်​လာ​သူ​ကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်​အား ဆက်သ​၍ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​လက်နက်​များ​အဖြစ် ဘုရားသခင်​အား ဆက်သ​ကြ​လော့။


သင်​တို့​၏​သွေးသား​ဇာတိ​အားနည်း​သောကြောင့် ငါ​သည် လောကီ​ဝေါဟာရ​အားဖြင့် ပြောဆို​၏။ ယခင်​က သင်​တို့​သည် မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ညစ်ညူး​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​၏​ကျွန်​အဖြစ် ဆက်သ​၍ တရားမဲ့​ခြင်း​ထဲသို့ ရောက်​ခဲ့​ကြ​သည့်​နည်းတူ ယခု မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​ကျွန်​အဖြစ် ဆက်သ​၍ သန့်ရှင်း​ခြင်း​သို့​ရောက်​ကြ​လော့။


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ပတ္ထနာ​ပြု​ကြ​သည့် အရပ်ရပ်​တို့​၌​ရှိ​သော​သူ​အပေါင်း​တို့​နှင့်အတူ​သန့်ရှင်း​သူ​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၍ ခရစ်တော်​ယေရှု​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​များ​တည်းဟူသော ကောရိန္သု​မြို့​၌​ရှိ​သည့် ဘုရားသခင်​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကိုယ်တော်​သည် ထို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​နှင့် ငါ​တို့​၏​သခင်​ဖြစ်​တော်မူ​၏။


သင်​တို့​သည် ဘုရားသခင်​အားဖြင့် ခရစ်တော်​ယေရှု​၌​တည်​နေ​ကြ​၏။ ခရစ်တော်​သည် ငါ​တို့​အတွက် ဘုရားသခင်​ထံမှ​လာ​သော ဉာဏ်ပညာ​ဖြစ်​တော်မူ​ပြီး ဖြောင့်မတ်​ခြင်း၊ သန့်ရှင်း​ခြင်း​နှင့် ရွေးနုတ်​ခြင်း​ဖြစ်​တော်မူ​၏။


သင်​တို့​ကို အဖိုးအခ​ပေး​၍ ဝယ်ယူ​ထား​တော်မူ​၏။ ထို့ကြောင့် သင်​တို့​၏​ကိုယ်ခန္ဓာ​အားဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​ကြ​လော့။


ငါ​သည် မည်သည့်​အရာ​၌​မျှ ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ခါတိုင်း​ကဲ့သို့ ယခု​အခါ​တွင်​လည်း ရဲရင့်​ခြင်း​အပြည့်အဝ​ရှိ​လျက် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ ငါ​၏​ကိုယ်ခန္ဓာ​အားဖြင့် ခရစ်တော်​သည် ချီးမွမ်း​ခြင်း​ခံရ​မည့်​အကြောင်း မျှော်လင့်​တောင့်တ​၏။


ထိုမျှမက သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော ဝတ်ပြု​ခြင်း​နှင့်​ယဇ်​ပူဇော်​ခြင်း​တို့​အပေါ်၌ ငါ​သွန်းလောင်း​ပူဇော်​ခြင်း​ခံရ​မည်​ဆိုလျှင်​လည်း ငါ​ဝမ်းမြောက်​၏။ သင်​တို့​အားလုံး​နှင့်အတူ ငါ​ဝမ်းမြောက်​၏။


မကောင်း​မှု​အမျိုးစုံ​တို့​ကို ရှောင်ကြဉ်​ကြ​လော့။


အကြောင်းမူကား ခပ်သိမ်း​သော​အရာ​တို့​၏​အကြောင်းခံ​နှင့် ခပ်သိမ်း​သော​အရာ​တို့​၏​အရင်း​အမြစ်​ဖြစ်​တော်မူ​သော​ဘုရားသခင်​သည် များစွာ​သော​သား​တို့​ကို ဘုန်း​အသရေ​တော်​ထဲသို့​ခေါ်ဆောင်​လာ​ရာ​၌ သူ​တို့​၏​ကယ်တင်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​သော​အရှင်​အား ဒုက္ခ​ဝေဒနာ​အားဖြင့် စုံလင်​စေ​တော်မူ​သည်​မှာ သင့်လျော်​ပေ​၏။


ကိုယ်တော်​သည် သား​တော်​ဖြစ်​သော်လည်း ဒုက္ခ​ဝေဒနာ​ခံစား​ခြင်း​အားဖြင့် နာခံ​မှု​ကို​သင်ယူ​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ