သို့ဖြစ်၍ နေမန်၌စွဲသောအနာကြီးရောဂါသည် သင်နှင့် သင့်သားစဉ်မြေးဆက်တို့၌ အမြဲစွဲကပ်နေလိမ့်မည်”ဟု ဆို၏။ ဂေဟာဇိလည်း အနာကြီးရောဂါစွဲကပ်ပြီး နှင်းပွင့်ကဲ့သို့ဖြစ်၍ ဧလိရှဲထံမှ ထွက်သွားလေ၏။
ဝတ်ပြု 13:25 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးရမည်။ အစက်အပြောက်ထဲရှိအမွေးသည်ဖြူသွား၍ ထိုအစက်အပြောက်သည် အရေပြားအောက်ရောက်နေဟန်ရှိလျှင် ၎င်းသည် အပူလောင်နာရှိသောနေရာမှ ပေါ်လာသော အနာကြီးရောဂါဖြစ်၏။ ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ အနာကြီးရောဂါဖြစ်၏။ Common Language Bible ယဇ်ပုရောဟိတ်သည်ထိုအနာကိုစစ်ဆေးရ မည်။ အနာကွက်တွင်ရှိသောအမွေးများသည် ဖြူ၍အနာတွင်းနက်ကြောင်းတွေ့ရှိရလျှင် မီး လောင်သောအနာမှဖြစ်ပေါ်လာသောဆိုးရွား သည့်ကိုယ်ရေပြားရောဂါဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည်ထိုသူအားမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။- Garrad Bible တောက် ထိန် ခြင်း ၌ အ မွေး ဖြူ လျက်၊ အ ရေ ထက် နက် ကြောင်း ထင် မြင် လျှင်၊ မီး လောင် ရာ တွင် ပေါ် ထွက် သော နူ နာ ဖြစ် သ ဖြင့် မ သန့် ဟု ဖော် ပြ ရ မည်။ နူ နာ အ မှတ် လ က္ခ ဏာ မှန် ၏။ Judson Bible ယဇ်ပုရောဟိတ်သည် ကြည့်ရှုရမည်။ နူကွက်အမွေးဖြူ၍ အရေအောက်၌ စွဲဟန်ရှိလျှင်၊ မီးလောင်နာထဲကထွက်သော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာမှန်၏။ |
သို့ဖြစ်၍ နေမန်၌စွဲသောအနာကြီးရောဂါသည် သင်နှင့် သင့်သားစဉ်မြေးဆက်တို့၌ အမြဲစွဲကပ်နေလိမ့်မည်”ဟု ဆို၏။ ဂေဟာဇိလည်း အနာကြီးရောဂါစွဲကပ်ပြီး နှင်းပွင့်ကဲ့သို့ဖြစ်၍ ဧလိရှဲထံမှ ထွက်သွားလေ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ယခု သင်၏လက်ကို သင့်ရင်ခွင်ထဲသို့သွင်းလော့”ဟု မိန့်တော်မူလျှင် သူသည် မိမိ၏လက်ကို ရင်ခွင်ထဲသို့သွင်းပြီး ပြန်ထုတ်သောအခါ သူ၏လက်သည် အနာကြီးရောဂါစွဲ၍ နှင်းပွင့်ကဲ့သို့ဖြစ်လေ၏။
တစ်စုံတစ်ယောက်သည် ကိုယ်ခန္ဓာအရေပြား၌ မီးပူလောင်နာရှိ၍ အပူလောင်နာအစို၌ နီကြင်ကြင်အစက်အပြောက်၊ သို့မဟုတ် အဖြူရောင်အစက်အပြောက် ပေါ်လာသောအခါ
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးသောအခါ အစက်အပြောက်ထဲ၌ အမွေးသည် မဖြူ၊ အရေပြားအောက်ရောက်နေဟန်မရှိဘဲ ပါးသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့ကို ခုနစ်ရက် သီးခြားထားရမည်။
အကယ်၍ ကိုယ်ခန္ဓာအရေပြားပေါ်မှ အစက်အပြောက်သည် ဖြူနေ၍ အရေပြားအောက်သို့ရောက်နေဟန်မရှိ၊ အမွေးသည်လည်း မဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက် သီးခြားထားရမည်။
မိုးတိမ်သည် တဲတော်အပေါ်မှ ကွာသွားသည်နှင့် မိရိအံသည် အနာကြီးရောဂါစွဲ၍ နှင်းပွင့်ကဲ့သို့ဖြူလေ၏။ အာရုန်သည် မိရိအံကိုလှည့်ကြည့်သောအခါ အနာကြီးရောဂါစွဲနေသည်ကို မြင်လျှင်