ဝတ်ပြု 13:25 - Common Language Bible25 ယဇ်ပုရောဟိတ်သည်ထိုအနာကိုစစ်ဆေးရ မည်။ အနာကွက်တွင်ရှိသောအမွေးများသည် ဖြူ၍အနာတွင်းနက်ကြောင်းတွေ့ရှိရလျှင် မီး လောင်သောအနာမှဖြစ်ပေါ်လာသောဆိုးရွား သည့်ကိုယ်ရေပြားရောဂါဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည်ထိုသူအားမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible25 တောက် ထိန် ခြင်း ၌ အ မွေး ဖြူ လျက်၊ အ ရေ ထက် နက် ကြောင်း ထင် မြင် လျှင်၊ မီး လောင် ရာ တွင် ပေါ် ထွက် သော နူ နာ ဖြစ် သ ဖြင့် မ သန့် ဟု ဖော် ပြ ရ မည်။ နူ နာ အ မှတ် လ က္ခ ဏာ မှန် ၏။ အခန်းကိုကြည့်ပါ။Judson Bible25 ယဇ်ပုရောဟိတ်သည် ကြည့်ရှုရမည်။ နူကွက်အမွေးဖြူ၍ အရေအောက်၌ စွဲဟန်ရှိလျှင်၊ မီးလောင်နာထဲကထွက်သော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာမှန်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးရမည်။ အစက်အပြောက်ထဲရှိအမွေးသည်ဖြူသွား၍ ထိုအစက်အပြောက်သည် အရေပြားအောက်ရောက်နေဟန်ရှိလျှင် ၎င်းသည် အပူလောင်နာရှိသောနေရာမှ ပေါ်လာသော အနာကြီးရောဂါဖြစ်၏။ ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ အနာကြီးရောဂါဖြစ်၏။ အခန်းကိုကြည့်ပါ။ |