ထိုပစ္စည်းတို့ကိုမှတ်မိသဖြင့် ယုဒက “သူသည် ငါ့ထက်ဖြောင့်မတ်မှန်ကန်၏။ ငါမူကား ငါ့သားရှေလကို သူနှင့်မပေးစားဘဲနေမိပြီ”ဟု ဆိုလေ၏။ ယုဒသည် သူနှင့် နောက်တစ်ဖန်မဆက်ဆံတော့ပေ။
ဝတ်ပြု 13:23 - မြန်မာ့စံမီသမ္မာကျမ်း အစက်အပြောက်သည် ပျံ့သွားခြင်းမရှိဘဲ နဂိုနေရာ၌ရှိနေလျှင် ၎င်းသည် အနာစိမ်း၏အမာရွတ်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ Common Language Bible သို့ရာတွင်အနာကွက်သည်မပြန့်ပွားဘဲ နဂိုမူလအတိုင်းရှိနေလျှင် အနာစိမ်း၏ အမာရွတ်မျှသာဖြစ်သောကြောင့် ယဇ်ပုရော ဟိတ်ကထိုသူအားဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ Garrad Bible တောက် ထိန် ခြင်း သည် မ တိုး ဘဲ၊ နေ မြဲ နေ လျှင် မူ ကား၊ အ မာ ရွတ် သာ ဖြစ် က သန့် သည် ဟု ဖော် ပြ ရ မည်။ Judson Bible သို့မဟုတ် နူကွက်မရွေ့၊ မတိုးပွားလျှင် အနာစိမ်းရွတ်ဖြစ်၏။ ထိုသူစင်ကြယ်၏ဟု စီရင်ရမည်။ |
ထိုပစ္စည်းတို့ကိုမှတ်မိသဖြင့် ယုဒက “သူသည် ငါ့ထက်ဖြောင့်မတ်မှန်ကန်၏။ ငါမူကား ငါ့သားရှေလကို သူနှင့်မပေးစားဘဲနေမိပြီ”ဟု ဆိုလေ၏။ ယုဒသည် သူနှင့် နောက်တစ်ဖန်မဆက်ဆံတော့ပေ။
ထိုအခါ ဒါဝိဒ်မင်းကြီးက နာသန်အား “ထာဝရဘုရားကို ငါပြစ်မှားမိပါပြီ”ဟု ဆိုလျှင် နာသန်က ဒါဝိဒ်မင်းကြီးအား “ထာဝရဘုရားသည် မင်းကြီးအပြစ်ကို ဖြေလွှတ်တော်မူပြီဖြစ်၍ မင်းကြီး မသေရပါ။
မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည် ကြီးပွားမည်မဟုတ်။ ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား ကရုဏာတော်ကိုခံစားရလိမ့်မည်။
အနာသည် အရေပြားပေါ်၌ ပို၍ပျံ့သွားလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ အနာရောဂါဖြစ်၏။
တစ်စုံတစ်ယောက်သည် ကိုယ်ခန္ဓာအရေပြား၌ မီးပူလောင်နာရှိ၍ အပူလောင်နာအစို၌ နီကြင်ကြင်အစက်အပြောက်၊ သို့မဟုတ် အဖြူရောင်အစက်အပြောက် ပေါ်လာသောအခါ
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးသောအခါ အစက်အပြောက်ထဲ၌ အမွေးသည် မဖြူ၊ အရေပြားအောက်ရောက်နေဟန်မရှိဘဲ ပါးသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့ကို ခုနစ်ရက် သီးခြားထားရမည်။
ထိုအခါ ပေတရုသည်“ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု ယေရှုမိန့်တော်မူခဲ့သည့်စကားကို သတိရသဖြင့် အပြင်သို့ထွက်၍ သည်းထန်စွာငိုကြွေးလေ၏။
ထို့ကြောင့် ယခုအခါတွင် သင်တို့သည် သူ့ကိုခွင့်လွှတ်၍ နှစ်သိမ့်ပေးသင့်၏။ သို့မဟုတ်လျှင် သူသည် ကြီးစွာသောဝမ်းနည်းခြင်း၌ နစ်မွန်းသွားလိမ့်မည်။
ညီအစ်ကိုတို့၊ လူတစ်ဦးသည် ကျူးလွန်သောအပြစ်တစ်စုံတစ်ခုထဲ၌ နစ်မွန်းနေလျှင် ဝိညာဉ်သဘောရှိသောသင်တို့သည် နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးကြလော့။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ခြင်းသို့မကျရောက်စေရန် သတိပြုကြလော့။