Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 13:23 - Common Language Bible

23 သို့​ရာ​တွင်​အ​နာ​ကွက်​သည်​မ​ပြန့်​ပွား​ဘဲ န​ဂို​မူ​လ​အ​တိုင်း​ရှိ​နေ​လျှင် အ​နာ​စိမ်း​၏ အ​မာ​ရွတ်​မျှ​သာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​က​ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 တောက် ထိန် ခြင်း သည် မ တိုး ဘဲ၊ နေ မြဲ နေ လျှင် မူ ကား၊ အ မာ ရွတ် သာ ဖြစ် က သန့် သည် ဟု ဖော် ပြ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သို့​မ​ဟုတ် နူ​ကွက်​မ​ရွေ့၊ မ​တိုး​ပွား​လျှင် အ​နာ​စိမ်း​ရွတ်​ဖြစ်၏။ ထို​သူ​စင်​ကြယ်၏​ဟု စီ​ရင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 အစက်အပြောက်​သည် ပျံ့သွား​ခြင်း​မ​ရှိ​ဘဲ နဂိုနေရာ​၌​ရှိ​နေ​လျှင် ၎င်း​သည် အနာစိမ်း​၏​အမာရွတ်​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် သူ့​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 13:23
13 ပူးပေါင်းရင်းမြစ်များ  

ထို​ပစ္စည်း​များ​သည်​သူ​၏​ပစ္စည်း​ဖြစ်​မှန်း​ယု​ဒ သိ​သ​ဖြင့်​ယု​ဒ​က``ငါ​သည်​သူ့​အား​ငါ့​သား ရှေ​လ​နှင့်​ထိမ်း​မြား​ပေး​ရန်​ဝတ္တ​ရား​ပျက်​ကွက် သော​ကြောင့်​ထို​သို့​သူ​ပြု​မူ​ပုံ​မှာ​နည်း​လမ်း ကျ​ပေ​သည်'' ဟု​ဆို​လေ​၏။ ယု​ဒ​သည်​နောက် တစ်​ဖန်​သူ​နှင့်​မ​အိပ်​တော့​ချေ။


ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​ပါ​ပြီ'' ဟု​ဝန်​ချ​လျှင်​နာ​သန် က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏​အ​ပြစ်​ကို ဖြေ​လွှတ်​၍​သေ​ဒဏ်​မှ​ချမ်း​သာ​စေ​တော် မူ​ပြီ။-


မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။


အ​နာ​ကွက်​ပြန့်​ပွား​လာ​ကြောင်း​ကို​တွေ့​ရှိ​ရ လျှင် ထို​သူ​၌​ရော​ဂါ​စွဲ​ကပ်​ပြီး​ဖြစ်​၍​သူ အား​မသန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။-


တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​မီး​လောင်​ခံ​ရ​၍ မီး​လောင်​သော​နေ​ရာ​တွင်​အ​ရေ​ပြား​ဖြူ​လာ လျှင်​ဖြစ်​စေ၊ နီ​ဖျော့​ဖျော့​ဖြစ်​လာ​လျှင်​ဖြစ်​စေ၊-


သို့​ရာ​တွင်​အ​နာ​ကွက်​၌​ရှိ​သော​အ​မွေး​သည် မ​ဖြူ၊ အ​နာ​တွင်း​မ​နက်၊ အ​နာ​၏​အ​ရောင်​လည်း ဖျော့​နေ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ထို​သူ​အား​ခု​နစ် ရက်​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-


ထို​အ​ခါ ``ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို​မ​သိ ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ​သ​ဖြင့်​အ​ပြင် သို့​ထွက်​၍​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​လေ​၏။


ထို​သူ​သည်​မ​ခံ​မ​ရပ်​နိုင်​လောက်​အောင်​ဝမ်း နည်း​မှု​မ​ဖြစ်​စေ​ရန် ယ​ခု​သူ့​အား​သင်​တို့ အ​ပြစ်​လွှတ်​၍​နှစ်​သိမ့်​အား​ပေး​ကြ​လော့။-


ညီ​အစ်​ကို​တို့​လူ​တစ်​ဦး​တစ်​ယောက်​သည်​မ​ကောင်း မှု​တစ်​စုံ​တစ်​ရာ​ပြု​သည်​ကို သင်​တို့​တွေ့​ရှိ​လျှင် ဝိ​ညာဉ်​ပါ​ရ​မီ​ရှိ​သော​သင်​တို့​က နူး​ညံ့​သိမ်​မွေ့ စွာ​ထို​သူ​ကို​ပြု​ပြင်​ပေး​ရ​မည်။ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​တိုင်​လည်း စုံ​စမ်း​သွေး​ဆောင်​ရာ သို့​မ​လိုက်​မ​ပါ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ