ထာဝရအရှင်ဘုရားသခင်ကလည်း မိန်းမအား “သင်ပြုသောဤအမှုကား မည်သို့နည်း”ဟု မိန့်တော်မူလျှင် မိန်းမက “မြွေသည် အကျွန်ုပ်ကိုလှည့်စား၍ အကျွန်ုပ်စားမိပါသည်”ဟု လျှောက်လေ၏။
ဝတ်ပြု 12:5 - မြန်မာ့စံမီသမ္မာကျမ်း သမီးမိန်းကလေးကိုမွေးဖွားလျှင် သူသည် ဓမ္မတာလာသကဲ့သို့ တစ်ဆယ့်လေးရက်ပတ်လုံး မစင်ကြယ်။ သွေးသန့်စင်ဖို့ ရက်ပေါင်းခြောက်ဆယ့်ခြောက်ရက် စောင့်ရမည်။ Common Language Bible သမီးကိုဖွားမြင်သောအမျိုးသမီးသည် ဋ္ဌမ္မ တာရာသီပေါ်ချိန်၌မသန့်ရှင်းသကဲ့သို့ မီး ဖွားပြီးတစ်ဆယ့်လေးရက်အတွင်းဘာသာ ရေးထုံးနည်းအရမသန့်ရှင်းချေ။ မိခင်သည် သွေးသန့်သည့်ကာလမတိုင်မီ နောက်ထပ်ခြောက် ဆယ့်ခြောက်ရက်အတွင်းဘာသာရေးထုံးနည်း အရမသန့်ရှင်းချေ။ Garrad Bible သား မိန်း မ ကို ဖွား မြင် လျှင် မူ ကား ရာ သီ ရောက် ရာ ထုံး နည်း အ တိုင်း မ သန့် ဘဲ နှစ် သိ တင်း ပတ် လုံး နေ ရ လျက် အ သွေး ဖြင့် သန့် အောင် ခြောက် ဆယ့် ခြောက် ရက် တိုင် တိုင် ဆက် လက် နေ ရ မည်။ Judson Bible သားမိန်းမကိုဖွားမြင်လျှင်၊ ဥတုရောက်သကဲ့သို့ တစ်ဆယ်လေးရက်ပတ်လုံး မစင်ကြယ်နေရမည်။ စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ၍၊ အရက်ခြောက်ဆယ်ခြောက်ရက်ပတ်လုံး နေရမည်။ |
ထာဝရအရှင်ဘုရားသခင်ကလည်း မိန်းမအား “သင်ပြုသောဤအမှုကား မည်သို့နည်း”ဟု မိန့်တော်မူလျှင် မိန်းမက “မြွေသည် အကျွန်ုပ်ကိုလှည့်စား၍ အကျွန်ုပ်စားမိပါသည်”ဟု လျှောက်လေ၏။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ မိန်းမသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလျှင် သူသည် ဓမ္မတာလာသောအခါ မစင်ကြယ်သကဲ့သို့ ခုနစ်ရက်ပတ်လုံး မစင်ကြယ်။
မိန်းမသည် သွေးသန့်စင်ဖို့ ရက်ပေါင်းသုံးဆယ့်သုံးရက်စောင့်ရမည်။ မိမိသန့်စင်ရာနေ့ရက်မပြည့်မချင်း မည်သည့်သန့်ရှင်းသောအရာကိုမျှမထိရ၊ သန့်ရှင်းရာဌာနသို့ မလာရ။
သားယောက်ျားအတွက်ဖြစ်စေ၊ သမီးမိန်းကလေးအတွက်ဖြစ်စေ သန့်စင်ရာနေ့ရက်ပြည့်သောအခါ သူသည် မီးရှို့ရာယဇ်အတွက် တစ်နှစ်သားအရွယ်သိုးသငယ်တစ်ကောင်နှင့် အပြစ်ဖြေရာယဇ်အတွက် ခိုငယ်တစ်ကောင်၊ သို့မဟုတ် ချိုးငှက်တစ်ကောင်ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။