ဉာဏ်ပညာသည် သင်၏စိတ်နှလုံးထဲသို့ဝင်၍ အသိပညာသည် သင်၏စိတ်ဝိညာဉ်ကို ရွှင်လန်းဝမ်းမြောက်စေသောအခါ
ဝတ်ပြု 11:3 - မြန်မာ့စံမီသမ္မာကျမ်း တိရစ္ဆာန်တို့ထဲမှ ခွာနှစ်ခြမ်းကွဲ၍ စားမြုံ့ပြန်သောတိရစ္ဆာန်ဟူသမျှ သင်တို့စားခွင့်ရှိ၏။ Common Language Bible ခွာကွဲ၍စားမြုံ့ပြန်တတ်သော တိရစ္ဆာန် များ၏အသားကိုစားနိုင်သည်။- Garrad Bible သား ယဉ် သား ရဲ တို့ အ နက် ခွာ ကွဲ ပြား လျက် စား မြှုံ့ ပြန် တတ် သော အ ကောင် ဟူ သ မျှ ကို စား အပ် ၏။ Judson Bible ခွာကွဲပြား၍စားမြုံ့ပြန်သောသားများကို သင်တို့သည် စားရသောအခွင့်ရှိ၏။ |
ဉာဏ်ပညာသည် သင်၏စိတ်နှလုံးထဲသို့ဝင်၍ အသိပညာသည် သင်၏စိတ်ဝိညာဉ်ကို ရွှင်လန်းဝမ်းမြောက်စေသောအခါ
အသိဉာဏ်နည်းပါးခြင်းကိုစွန့်ပယ်၍ အသက်ရှင်လော့။ အသိဉာဏ်လမ်းကိုလိုက်လော့”ဟု ဆို၏။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ မြေကြီးပေါ်ရှိ တိရစ္ဆာန်အပေါင်းတို့ထဲမှ သင်တို့စား၍ရသောတိရစ္ဆာန်ဟူမူကား
ခွာနှစ်ခြမ်းမကွဲသောတိရစ္ဆာန်၊ စားမြုံ့မပြန်သောတိရစ္ဆာန်အားလုံးတို့သည် သင်တို့အဖို့ မစင်ကြယ်။ ၎င်းတို့ကိုထိသောသူအားလုံးတို့သည်လည်း မစင်ကြယ်။
သို့သော်လည်း စားမြုံ့ပြန်သောအကောင်၊ ခွာကွဲသောအကောင်တို့ထဲမှ သင်တို့စားခွင့်မရှိသောအကောင်ဟူမူကား ကုလားအုတ်သည် စားမြုံ့ပြန်သော်လည်း ခွာမကွဲသောကြောင့် သင်တို့အဖို့ မစင်ကြယ်၊
ရှာဖန်ယုန်သည် စားမြုံ့ပြန်သော်လည်း ခွာမကွဲသောကြောင့် သင်တို့အဖို့ မစင်ကြယ်၊
ဝက်သည် ခွာနှစ်ခြမ်းကွဲသော်လည်း စားမြုံ့မပြန်သောကြောင့် သင်တို့အဖို့ မစင်ကြယ်၊
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့၌ရှိသောသူတို့ထက် စိတ်ထားမြင့်မြတ်ကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားကို စေတနာစိတ်အပြည့်အဝဖြင့် လက်ခံ၍ ထိုအတိုင်းဟုတ်၊ မဟုတ် ကျမ်းစာကို နေ့စဉ်လေ့လာကြ၏။
“ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍
တိရစ္ဆာန်တို့ထဲမှ ခွာနှစ်ခြမ်းကွဲ၍ စားမြုံ့ပြန်သော တိရစ္ဆာန်ဟူသမျှ သင်တို့စားခွင့်ရှိ၏။
ဝက်သည် ခွာကွဲသော်လည်း စားမြုံ့မပြန်သောကြောင့် သင်တို့အဖို့ မစင်ကြယ်။ အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။
သင်၏တိုးတက်မှုသည် လူအပေါင်းတို့ရှေ့၌ထင်ရှားရန် ထိုအမှုအရာများကို ကြိုးစားအားထုတ်၍ ၎င်းတို့၌ မိမိကိုယ်ကိုနှစ်မြှုပ်ထားလော့။