ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကို ဗျာဒိတ်ပေးတော်မူ၏။ “သင်တို့၏အပြစ်ကို သင်တို့သေသည့်တိုင်အောင် ဖြေလွှတ်လိမ့်မည်မဟုတ်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ဝတ်ပြု 11:24 - မြန်မာ့စံမီသမ္မာကျမ်း ထိုအကောင်များအားဖြင့် သင်တို့သည် မစင်မကြယ်ဖြစ်မည်။ ၎င်းတို့၏အသေကောင်ကိုထိမိသောသူတိုင်းသည် နေဝင်ချိန်အထိ မစင်ကြယ်။ Common Language Bible အောက်ဖော်ပြပါတိရစ္ဆာန်တို့၏အသေကောင် များကိုထိကိုင်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းဘဲရှိလိမ့်မည်။ ခွာကွဲ၍စားမြုံ့ ပြန်သောတိရစ္ဆာန်များမှတစ်ပါးအခြားခွာ ရှိတိရစ္ဆာန်အားလုံးနှင့် အုပ်ဖမ်းတတ်သောလက် ရှိသည့်ခြေလေးချောင်းသတ္တဝါအားလုံးတို့ ဖြစ်သည်။ ထိုတိရစ္ဆာန်တို့၏အသေကောင်များ ကိုသယ်ဆောင်သွားသူသည် မိမိ၏အဝတ် များကိုဖွပ်လျှော်ရမည်။ သို့သော်လည်းသူ သည်ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့် မည်။ Garrad Bible သင် တို့ သည် ထို အ ကောင် များ အား ဖြင့် မ သန့် ရာ ရောက် ကြ လိမ့် မည်။ အ သေ ကောင် ကို ထိ မိ သော သူ တိုင်း ညဉ့် ဦး တိုင် မ သန့် လျက် နေ ရ မည်။ Judson Bible ထိုတိရစ္ဆာန်အားဖြင့် သင်တို့စင်ကြယ်ခြင်း ပျက်တတ်၏။ သူတို့အသေကောင်ကို ထိသောသူသည်၊ ညဉ့်ဦးတိုင်အောင် မစင်ကြယ်။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကို ဗျာဒိတ်ပေးတော်မူ၏။ “သင်တို့၏အပြစ်ကို သင်တို့သေသည့်တိုင်အောင် ဖြေလွှတ်လိမ့်မည်မဟုတ်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ခြေလေးချောင်းရှိ၍ ပျံတတ်သော ပိုးမွှားသတ္တဝါအားလုံးသည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။
၎င်းတို့၏အသေကောင်ကို ကိုင်သောသူတိုင်း မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
တွားသွားသတ္တဝါရှိသမျှတို့တွင် ထိုအကောင်တို့သည် သင်တို့အဖို့ မစင်ကြယ်သောအကောင်များဖြစ်၏။ ထိုအကောင်များသေသောအခါ အသေကောင်ကိုထိမိသောသူတိုင်း နေဝင်ချိန်အထိ မစင်ကြယ်။
ထို့ကြောင့် ထိုအကောင်တို့၏အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။ ထိုအကောင်တို့သည် သင်တို့အဖို့ မစင်ကြယ်။
ထိုအိမ်ကိုပိတ်ထားသောကာလအတွင်း အိမ်ထဲသို့ဝင်သောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
ထိုသူထိုင်ခဲ့သည့်ဝတ္ထုပစ္စည်းတစ်ခုခုကို ထိမိသောသူတိုင်း နေဝင်ချိန်ထိ မစင်မကြယ်ဖြစ်၏။ ထိုဝတ္ထုပစ္စည်းများကို သယ်ဆောင်သွားသောသူသည် မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
အရိအရွဲထွက်သူသည် မိမိလက်ကိုရေမဆေးဘဲ တစ်စုံတစ်ယောက်ကိုထိမိလျှင် အထိခံရသူသည် မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
ယဇ်ပုရောဟိတ်သည် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် အရိအရွဲထွက်သူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
သူ၏အိပ်ရာကိုထိသောသူတိုင်း မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
သူထိုင်ခဲ့သည့်ဝတ္ထုပစ္စည်းတစ်ခုခုကိုထိမိသောသူတိုင်း မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
အိပ်ရာပေါ်၌ဖြစ်စေ၊ သူထိုင်ခဲ့သည့်ဝတ္ထုပစ္စည်းပေါ်၌ဖြစ်စေ စွန်းနေသောအရာကို ထိမိသောသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
၎င်းတို့ကို ထိမိသောသူတိုင်း မစင်မကြယ်ဖြစ်၏။ မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
ထိုသူ၏အိပ်ရာကို ထိမိသောသူတိုင်း မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိမိသောသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
အရိအရွဲထွက်သူထိုင်ခဲ့သောဝတ္ထုပစ္စည်းပေါ်၌ ထိုင်မိသောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
အရိအရွဲထွက်သူ၏ကိုယ်ခန္ဓာကိုထိမိသောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
အရိအရွဲထွက်သူသည် စင်ကြယ်သောသူကို တံတွေးထွေးမိလျှင် တံတွေးထွေးခံရသောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
အဇာဇယ်အဖို့ ဆိတ်သငယ်ကို လွှတ်သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
ထိုအရာတို့ကိုရှို့သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
အာရုန်၏သားစဉ်မြေးဆက်တို့ထဲမှ တစ်စုံတစ်ယောက်သည် အနာကြီးရောဂါစွဲလျှင်၊ သို့မဟုတ် အရိအရွဲထွက်လျှင် ထိုသူသည် မစင်ကြယ်မချင်း သန့်ရှင်းသောပူဇော်သက္ကာကို စားခွင့်မရှိ။ အသေကောင်ကြောင့် မစင်မကြယ်ဖြစ်သွားသောအရာ တစ်စုံတစ်ခုကို ထိမိသောသူဖြစ်စေ၊ သုက်ရည်ထွက်သောသူဖြစ်စေ၊
မစင်မကြယ်ဖြစ်စေနိုင်သည့် တွားသွားသတ္တဝါတစ်ကောင်ကောင်၊ သို့မဟုတ် အညစ်အကြေးတစ်စုံတစ်ရာကြောင့် မစင်မကြယ်ဖြစ်နေသောသူကို ထိမိသောသူဖြစ်စေ
ထိုသို့သောအရာကို ထိမိသောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုသူသည် ရေမချိုးလျှင် သန့်ရှင်းသောပူဇော်သက္ကာကို စားခွင့်မရှိ။
တစ်စုံတစ်ယောက်သည် မစင်ကြယ်သောတောရိုင်းတိရစ္ဆာန်အသေကောင်၊ ယဉ်ပါးသောတိရစ္ဆာန်အသေကောင်၊ တွားသွားသောတိရစ္ဆာန်အသေကောင်စသည့် မစင်ကြယ်သောအရာတစ်စုံတစ်ခုအား ထိမိသည်ကို သတိမမူမိလျှင်လည်း သူသည် မစင်ကြယ်ရာသို့ရောက်၍ သူ့အပေါ် အပြစ်သက်ရောက်မည်။
တစ်စုံတစ်ဦးသည် လူ၏အညစ်အကြေးကိုဖြစ်စေ၊ မစင်ကြယ်သောတိရစ္ဆာန်ကိုဖြစ်စေ၊ မစင်ကြယ်သောရွံရှာဖွယ်ရာ တစ်စုံတစ်ခုကိုဖြစ်စေ မစင်ကြယ်သောမည်သည့်အရာကိုမဆို ထိမိပြီး ထာဝရဘုရားအဖို့ ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
ထို့နောက် ယဇ်ပုရောဟိတ်သည် မိမိအဝတ်ကို လျှော်၍ ရေချိုးပြီးမှ တပ်စခန်းထဲသို့ ဝင်နိုင်၏။ သို့သော် ယဇ်ပုရောဟိတ်သည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
အယူမလွဲကြနှင့်။ မကောင်းသောအပေါင်းအဖော်တို့သည် ကောင်းသောအကျင့်စာရိတ္တကို ပျက်စီးစေကြ၏။
“ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍
အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။
သင်တို့သည် ခရစ်တော်နှင့်အတူသေဆုံး၍ လောက၏အခြေခံတရားမှ ခွဲခွာခဲ့သည်ဆိုလျှင် အဘယ်ကြောင့် လောက၌အသက်ရှင်နေသကဲ့သို့
ထိုသို့ပူဇော်ရလျှင် ကမ္ဘာတည်ချိန်မှစ၍ ဒုက္ခဝေဒနာကို အကြိမ်ကြိမ်ခံစားရပေလိမ့်မည်။ ယခုမူကား မိမိကိုယ်ကိုပူဇော်ခြင်းအားဖြင့် အပြစ်တရားကိုပယ်ဖျက်ရန် ကပ်ကာလအဆုံး၌ တစ်ကြိမ်တည်းပေါ်ထွန်းတော်မူ၏။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။