ထိုအခါ ဇေရုယာ၏သား အဘိရှဲက ရှင်ဘုရင်အား “ဤခွေးသေကောင်သည် အဘယ်ကြောင့် အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျိန်ဆဲရသနည်း။ ယခု အကျွန်ုပ်သွား၍ သူ့ခေါင်းကို ဖြတ်ပစ်ပါရစေ”ဟု လျှောက်၏။
လုကာ 9:54 - မြန်မာ့စံမီသမ္မာကျမ်း တပည့်တော်ယာကုပ်နှင့်ယောဟန်တို့သည် ထိုအဖြစ်ကိုမြင်လျှင် “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မိုးကောင်းကင်မှ မီးကျလာစေ၍ သူတို့ကိုလောင်ကျွမ်းစေရန် ကိုယ်တော်အလိုရှိပါသလော”ဟု မေးလျှောက်ကြ၏။ Common Language Bible ဤအခြင်းအရာကိုကိုယ်တော်၏တပည့်တော် များဖြစ်ကြသောယာကုပ်နှင့်ယောဟန်တို့မြင် ကြသောအခါ ``အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျ၍ထိုသူတို့အားလောင် ကျွမ်းစေရန်အလိုရှိတော်မူသလော'' ဟုမေး လျှောက်ကြ၏။ Garrad Bible တ ပည့် တော် ဖြစ် သူ ယာ ကုပ်၊ ယော ဟန် တို့ သိ မြင် သော် အ ရှင် ဘု ရား၊ ကောင်း ကင် မှ မီး ကျ၍ သူ တို့ ကို ကျွမ်း လောင် ရန် တ ပည့် တော် တို့ ဓိ ဋ္ဌာန် စေ လို တော် မူ သ လော ဟု မေး လျှောက် ကြ သော်၊ Judson Bible ထိုအကြောင်းကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကို လောင်စေခြင်းငှာ အလိုရှိတော်မူသလောဟု လျှောက်ကြသော်၊ ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်များဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည် ထိုအခြင်းအရာကို မြင်ကြသော် “သခင်… အကျွန်ုပ်တို့သည် ကောင်းကင်မှ မီးကျစေ၍ ထိုသူတို့ကို လောင်ကျွမ်းစေရန် အလိုရှိတော်မူသလော” ဟု မေးလျှောက်ကြ၏။ မြန်မာ ထိုအကြောင်းကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကို လောင်စေခြင်းငှာ အလိုရှိတော်မူသလောဟု လျှောက်ကြသော်၊ |
ထိုအခါ ဇေရုယာ၏သား အဘိရှဲက ရှင်ဘုရင်အား “ဤခွေးသေကောင်သည် အဘယ်ကြောင့် အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျိန်ဆဲရသနည်း။ ယခု အကျွန်ုပ်သွား၍ သူ့ခေါင်းကို ဖြတ်ပစ်ပါရစေ”ဟု လျှောက်၏။
ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်မြို့သားတို့ကို ဆင့်ခေါ်ပြီးလျှင် သူတို့နှင့်စကားပြော၏။ ဂိဗောင်မြို့သားတို့သည် အစ္စရေးအနွယ်ဝင်မဟုတ်။ အာမောရိလူမျိုးအကြွင်းအကျန်များ ဖြစ်ကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့နှင့်ကတိသစ္စာပြုခဲ့သော်လည်း ရှောလုမင်းကြီးသည် အစ္စရေးအမျိုးနှင့် ယုဒအမျိုးတို့အဖို့စိတ်အားကြီး၍ သူတို့ကို သုတ်သင်ရန် ကြိုးစားခဲ့၏။
ထို့နောက် ရှင်ဘုရင်က တပ်သားငါးဆယ်အုပ်တပ်မှူးနှင့် သူ၏တပ်သားငါးဆယ်ကို ဧလိယထံသို့ စေလွှတ်၏။ တပ်မှူးက ဧလိယနေထိုင်ရာ တောင်ထိပ်သို့ တက်သွားပြီး “အို ဘုရားသခင်၏လူ၊ ‘ဆင်းလာပါ’ဟူ၍ ရှင်ဘုရင်မိန့်မှာလိုက်ပါ၏”ဟု ဆို၏။
ထို့နောက် သူက “ထာဝရဘုရားအဖို့ ငါ မည်မျှစိတ်အားကြီးသည်ကို ငါနှင့်လိုက်၍ကြည့်ပါ”ဟု ဆို၍ မိမိ၏စစ်ရထားတွင် လိုက်ပါစီးနင်းစေ၏။
သို့သော် ယေဟုသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တရားတို့ကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းလိုစိတ်မရှိ။ အစ္စရေးလူမျိုးကို လမ်းမှားစေသော ယေရောဗောင်၏အပြစ်များကို မစွန့်ဘဲနေ၏။
သတ်ရသောအချိန်နှင့် ကျန်းမာစေရသောအချိန်ရှိ၏။ ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသောအချိန်ရှိ၏။
မိုးကြိုး၏သားများဟူ၍အဓိပ္ပာယ်ရသည့် ဗောနေရဂက်ဟုကိုယ်တော်အမည်ပေးထားသော ဇေဗေဒဲ၏သားယာကုပ်နှင့် ယာကုပ်၏ညီယောဟန်၊
ထိုမှတစ်ပါး ကြီးမားသောနိမိတ်လက္ခဏာများကိုပြုလျက် လူတို့ရှေ့တွင် ကောင်းကင်မှ မြေကြီးပေါ်သို့ မီးကိုပင် ကျလာစေ၏။
ထိုသားရဲ၏ခေါင်းတစ်လုံးသည် သေအောင်သတ်ဖြတ်ခြင်းခံရပြီးသကဲ့သို့ဖြစ်သော်လည်း ထိုသေစေသောဒဏ်ရာသည် ပျောက်ကင်းသွားလေ၏။ ထိုအခါ တစ်ကမ္ဘာလုံးသည်အံ့ဩလျက် ထိုသားရဲနောက်သို့လိုက်ကြ၏။