အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 8:42 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား တစ်ဆယ့်နှစ်​နှစ်​အရွယ်​ခန့်​ရှိ​သော သူ​၏​တစ်ဦးတည်း​သော​သမီး​သည် သေ​အံ့ဆဲဆဲ​ဖြစ်​နေ​၏။ ကိုယ်တော်​ကြွ​တော်မူ​စဉ် လူထု​ပရိသတ်​သည် ကိုယ်တော်​ထံ​စုပြုံ​တိုးဝှေ့​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ဤ​သို့​တောင်း​ပန်​ရ​သည့်​အ​ကြောင်း​မှာ​သူ​၏ တစ်​ဦး​တည်း​သော​တစ်​ဆယ့်​နှစ်​နှစ်​အ​ရွယ် သ​မီး​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ​နေ​သော​ကြောင့် ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​နှင့်​အ​တူ​လိုက်​သွား​သော အ​ခါ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို တိုး​ဝှေ့​မိ​ကြ​၏။-

အခန်းကိုကြည့်ပါ။

Judson Bible

တစ်​ဆယ်​နှစ်​နှစ်​အ​ရွယ်​ရှိ​သော မိ​မိ၌ တစ်​ယောက်​တည်း​သော​သ​မီး​သည် သေ​ဆဲ​ရှိ​သော​ကြောင့်၊ မိ​မိ​အိမ်​သို့ ကြွ​တော်​မူ​မည်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်၍ ကြွ​တော်​မူ​စဉ်​တွင် လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို ထိ​ခိုက်​တိုက်​မိ​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သူ​၏​ဆယ့်နှစ်နှစ်​အရွယ် တစ်ဦးတည်း​သော သမီးငယ်​သည် သေလု​ဆဲဆဲ​ရှိ၏။ ယေရှု​သည် ဝတ်ပြုဆောင်မှူး​နှင့်အတူ ကြွတော်မူ​စဉ် လူအုပ်​သည် ယေရှု​ထံ စုပြုံ​တိုးဝှေ့ကြ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

တစ်​ဆယ်​နှစ်​နှစ်​အ​ရွယ်​ရှိ​သော မိ​မိ၌ တစ်​ယောက်​တည်း​သော​သ​မီး​သည် သေ​ဆဲ​ရှိ​သော​ကြောင့်၊ မိ​မိ​အိမ်​သို့ ကြွ​တော်​မူ​မည်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်၍ ကြွ​တော်​မူ​စဉ်​တွင် လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို ထိ​ခိုက်​တိုက်​မိ​ကြ၏။-

အခန်းကိုကြည့်ပါ။



လုကာ 8:42
15 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် နေထွက်ချိန်​နှင့် နေဝင်ချိန်​ကြား​၌​ပင် အမှုန့်​ဖြစ်သွား​နိုင်​၏​။ သတိ​မ​ထား​မိ​ချိန်​မှာပင် အစဉ်​ပျက်စီး​သွား​နိုင်​၏​။


အရိပ်​ကဲ့သို့​ဖြတ်သန်း​သွား​၍ အချည်းနှီး​ဖြစ်​သည့် လူ​၏​အနည်းငယ်​သော​အသက်တာ​နေ့ရက်​များ​၌ လူ့​အသက်တာ​အတွက် မည်သည့်​အရာ​ကောင်းမြတ်​သည်​ကို မည်သူ​သိ​နိုင်​သနည်း​။ သူ့​နောက်တွင် နေ​အောက်​၌ မည်သည့်​အရာ​ဖြစ်ပျက်​မည်​ကို သူ့​အား​မည်သူ​ပြောပြ​နိုင်​သနည်း​။


“​အချင်း​လူသား​၊ သင်​ချစ်မြတ်နိုး​သော​သူ​ကို တစ်ခဏအတွင်း ငါ​ရုပ်သိမ်း​ပစ်​မည်​။ သင်​မ​ငိုကြွေး​မ​မြည်တမ်း​နှင့်​။ မျက်ရည်​မ​ကျ​နှင့်​။


အချင်း​လူသား​၊ ယခုမူ သူ​တို့​ဂုဏ်ယူအားထား​ရာ​ခံတပ်ကြီး​၊ သူ​တို့​နှစ်သက်မြတ်နိုး​ရာ​၊ ချစ်ခင်​စွဲလမ်း​ရာ​နှင့် သူ​တို့​သား​သမီး​တို့​ကို ငါ​သိမ်းယူ​သွား​မည့်​နေ့ ရောက်လာ​လိမ့်မည်​။


ငါ​သည် ဒါဝိဒ်​အမျိုးအနွယ်​မှစ၍ ဂျေရုဆလင်​မြို့သူမြို့သား​တို့​အား သနားကြင်နာ​တတ်​သော​စိတ်သဘော​၊ ဆုတောင်း​ပတ္ထနာပြု​တတ်​သော​စိတ်သဘော​ကို သွန်းလောင်း​ပေး​မည်​။ သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​ခဲ့​သော​ငါ့​ကို မြင်​ရ​သောအခါ တစ်ဦးတည်း​သော​သား​အတွက် မြည်တမ်း​သကဲ့သို့ မြည်တမ်း​ရ​လိမ့်မည်​၊ သားဦး​အတွက် ခါးသီး​စွာ​ခံစား​ရ​သကဲ့သို့ ခါးသီး​စွာ​ခံစား​ရ​လိမ့်မည်​။


ထို့ကြောင့် ကိုယ်တော်​သည် သူ​နှင့်အတူ​လိုက်သွား​တော်မူ​၏။ များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​ပြီး ကိုယ်တော်​ကို​တိုးဝှေ့​မိ​ကြ​၏။


မြို့​တံခါး​အနီး​သို့​ရောက်​တော်မူ​သော​အချိန်​တွင် လူ​တို့​သည် သေဆုံး​သော​သူ​တစ်​ယောက်​ကို မြို့​ပြင်​သို့​ထုတ်ဆောင်​လာ​ကြ​၏။ သူ​သည် မိခင်​ဖြစ်​သူ​မုဆိုးမ​၏​တစ်ဦးတည်း​သော​သား​ဖြစ်​၏။ များစွာ​သော​မြို့သူ​မြို့သား​တို့​သည်​လည်း ထို​အမျိုးသမီး​နှင့်အတူ​ရှိ​ကြ​၏။


ထိုအခါ ယာဣရု​အမည်​ရှိ​သော​လူ​တစ်​ဦး​သည် အထံ​တော်​သို့​ရောက်လာ​၏။ ထို​သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​ဖြစ်​၏။ သူ​သည် ယေရှု​၏​ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​ကာ မိမိ​အိမ်​သို့​ကြွ​တော်မူ​ရန် တောင်းပန်​၏။


ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​၍ ဆေးဆရာ​များ​ထံ မိမိ​ပိုင်ဆိုင်​သော​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ခဲ့​သော်လည်း မည်သူ​က​မျှ ကျန်းမာ​အောင် မ​ကု​ပေး​နိုင်​သော​အမျိုးသမီး​တစ်​ဦး​သည်


ထိုအခါ ယေရှု​က“ငါ့​ကို မည်သူ​တို့ထိ​သနည်း”​ဟု မေး​တော်မူ​လျှင် အားလုံး​က​ငြင်းဆို​ကြ​၏။ ပေတရု​က “သခင်၊ လူထု​ပရိသတ်​သည် ကိုယ်တော်​ကို​ဝိုင်းရံ​လျက် တိုးဝှေ့​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။


ထို့ကြောင့် တစ်​ယောက်​သော​သူ​အားဖြင့် အပြစ်​တရား​သည် ဤ​လောက​ထဲသို့​ဝင်​လာ​၍ အပြစ်​တရား​အားဖြင့် သေ​ခြင်း​တရား​ဝင်လာ​သည်​နှင့်အညီ လူ​အပေါင်း​တို့​သည် အပြစ်​ပြု​သဖြင့် လူသား​အားလုံး​အပေါ်၌ သေ​ခြင်း​တရား​သက်ရောက်​ခဲ့​၏။