ငါ့စကားကိုနားထောင်၍ ငါ့တံခါးတို့အနားတွင် နေ့စဉ်နေ့တိုင်းစောင့်ကြည့်လျက် ငါ့တံခါးတိုင်တို့အနားတွင် စောင့်မျှော်လျက်နေသောသူသည် မင်္ဂလာရှိ၏။
လုကာ 8:40 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုပြန်ကြွလာသောအခါ လူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုဆိုကြ၏။ အကြောင်းမူကား သူတို့အားလုံးသည် ကိုယ်တော်ကိုစောင့်မျှော်နေကြ၏။ Common Language Bible သခင်ယေရှုပြန်လည်ကြွလာတော်မူသောအခါ လူပရိသတ်တို့သည်ကိုယ်တော်ကိုစောင့်မျှော်နေ ကြသည့်အလျောက်ခရီးဦးကြိုပြုကြ၏။- Garrad Bible ယေ ရှု ပြန် ရောက် တော် မူ သော် လူ ပ ရိ သတ် ရှိ သ မျှ သည် ကိုယ် တော် ကို စောင့် မျှော် ကြ သည့် အ လျောက် လက် ခံ ကြ စဉ်၊ Judson Bible ယေရှုသည် ပြန်တော်မူလျှင်၊ လူအစုအဝေးအပေါင်းတို့သည် ကိုယ်တော်ကိုမျှော်လင့်လျက် နေကြသောကြောင့် ဝမ်းမြောက်စွာလက်ခံကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် အိုင်တစ်ဖက်သို့ ပြန်ကြွတော်မူသောအခါ လူအုပ်ကြီးသည် ခရီးဦးကြိုပြုကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကိုယ်တော်ကို စောင့်မျှော်နေကြသောကြောင့်ဖြစ်၏။ မြန်မာ ယေရှုသည် ပြန်တော်မူလျှင်၊ လူအစုအဝေးအပေါင်းတို့သည် ကိုယ်တော်ကိုမျှော်လင့်လျက် နေကြသောကြောင့် ဝမ်းမြောက်စွာလက်ခံကြ၏။- |
ငါ့စကားကိုနားထောင်၍ ငါ့တံခါးတို့အနားတွင် နေ့စဉ်နေ့တိုင်းစောင့်ကြည့်လျက် ငါ့တံခါးတိုင်တို့အနားတွင် စောင့်မျှော်လျက်နေသောသူသည် မင်္ဂလာရှိ၏။
ထို့နောက် ကိုယ်တော်သည် လှေပေါ်တက်၍ ပင်လယ်ကိုကူးပြီးလျှင် မိမိနေရပ်မြို့သို့ကြွတော်မူ၏။
ဒါဝိဒ်ကိုယ်တိုင် ခရစ်တော်ကို ‘သခင်’ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။ များစွာသောလူထုပရိသတ်သည် ကိုယ်တော်၏စကားတော်ကို ဝမ်းမြောက်စွာနားထောင်နေကြ၏။
ထို့နောက် ယေရှုသည် လှေဖြင့် တစ်ဖက်ကမ်းသို့ ပြန်၍ကူးတော်မူရာ များစွာသောလူထုပရိသတ်သည် အထံတော်သို့စုဝေးလာကြ၏။ ကိုယ်တော်သည် ပင်လယ်ကမ်းနားတွင်ရှိနေတော်မူစဉ်
အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသူဖြစ်ကြောင်း ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေလျက် စောင့်ရှောက်ထားသည့်အပြင် ယောဟန်၏စကားကိုကြားရသည့်အခါ အလွန်စိတ်အနှောင့်အယှက်ဖြစ်တတ်သော်လည်း ဝမ်းမြောက်စွာနားထောင်လေ့ရှိသောကြောင့်ဖြစ်၏။
လူအပေါင်းတို့သည် ကိုယ်တော်ကို အာရုံစိုက်၍နားထောင်နေကြသောကြောင့် မည်သို့မျှမပြုနိုင်ကြချေ။
တစ်နေ့သ၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်လျက်နေတော်မူစဉ် လူထုပရိသတ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြားနာရန် ကိုယ်တော်ထံသို့တိုးဝှေ့လာကြ၏။
“သင့်အိမ်သို့ပြန်၍ သင့်အပေါ် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားလော့”ဟု မိန့်တော်မူပြီး သူ့ကိုပြန်သွားစေ၏။ ထိုအခါ သူသည်ထွက်သွား၍ မိမိအပေါ် ယေရှုပြုတော်မူသမျှတို့ကို တစ်မြို့လုံးအနှံ့ပြောကြားလေ၏။
ယောဟန်သည် တောက်လောင်၍ထွန်းလင်းသောဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခေတ္တခဏရွှင်မြူးလိုကြ၏။
သို့ဖြစ်၍ အကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းလူလွှတ်ခဲ့ပါသည်။ သင်သည်လည်း ကြွရောက်လာသောကြောင့် ကျေးဇူးတင်ပါသည်။ ယခု အကျွန်ုပ်တို့အားလုံးသည် သင့်အား သခင်ဘုရားမိန့်မှာတော်မူသမျှတို့ကို ကြားနာရန် ဘုရားသခင်ရှေ့တော်၌ ရှိနေကြပါသည်”ဟု ဆိုလေ၏။