Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:40 - မြန်မာ

40 ယေ​ရှု​သည် ပြန်​တော်​မူ​လျှင်၊ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မျှော်​လင့်​လျက် နေ​ကြ​သော​ကြောင့် ဝမ်း​မြောက်​စွာ​လက်​ခံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

40 သ​ခင်​ယေ​ရှု​ပြန်​လည်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​စောင့်​မျှော်​နေ ကြ​သည့်​အ​လျောက်​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

40 ယေ ရှု ပြန် ရောက် တော် မူ သော် လူ ပ ရိ သတ် ရှိ သ မျှ သည် ကိုယ် တော် ကို စောင့် မျှော် ကြ သည့် အ လျောက် လက် ခံ ကြ စဉ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

40 ယေ​ရှု​သည် ပြန်​တော်​မူ​လျှင်၊ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မျှော်​လင့်​လျက် နေ​ကြ​သော​ကြောင့် ဝမ်း​မြောက်​စွာ​လက်​ခံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 ယေရှု​ပြန်ကြွ​လာ​သောအခါ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​ကြ​၏။ အကြောင်းမူကား သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို​စောင့်မျှော်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

40 ယေရှု​သည် အိုင်တစ်ဖက်​သို့ ပြန်ကြွတော်မူ​သောအခါ လူအုပ်ကြီး​သည် ခရီးဦးကြိုပြုကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့​သည် ကိုယ်တော်​ကို စောင့်မျှော်နေကြ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:40
12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ကိုယ်​တော်​သည် လှေ​စီး၍ ကူး​ပြန်​သ​ဖြင့်၊ မိ​မိ​မြို့​သို့ ရောက်​တော်​မူ၏။-


ထို​သို့ ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟူ၍ ခေါ်​လျှင် အ​ဘယ်​သို့ သူ၏​သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ၏။ လူ​များ​အ​ပေါင်း​တို့​သည် အား​ရ​ဝမ်း​မြောက်​သော​စိတ်​နှင့် စ​ကား​တော်​ကို နား​ထောင်​ကြ၏။


ယေ​ရှု​သည် ကမ်း​တစ်​ဖက်​သို့​ကူး​ပြန်၍ အိုင်​နား​မှာ ရှိ​တော်​မူ​စဉ်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်၌ စု​ဝေး​ကြ၏။-


သို့​သော်​လည်း ယော​ဟန်​သည် ဖြောင့်​မတ်​သန့်​ရှင်း​သော​သူ​ဖြစ်​ကြောင်း​ကို ဟေ​ရုဒ်​သည် သိ၍ သူ့​ကို ကြောက်​ရွံ့​ရို​သေ၏။ သူ့​ကို​လည်း စောင့်​မ၏။ အ​မှု​အ​ရာ​များ​တို့၌ သူ၏​စ​ကား​ကို နား​ထောင်၍ ဝမ်း​မြောက်​သော​စိတ်​နှင့်​လည်း နား​ထောင်​တတ်​သည်​ဖြစ်​သော​ကြောင့် ထို​မိန်း​မ​သည် အ​ခွင့်​မ​ရ​နိုင်။


လူ​အ​ပေါင်း​တို့​သည် ဒေ​သ​နာ​တော်​ကို စေ့​စေ့​နား​ထောင်​သော​ကြောင့် သတ်​နိုင်​သော​အ​ခွင့်​ကို မ​တွေ့​မ​ရ​ကြ။


ဇ​က္ခဲ၊ မြန်​မြန်​ဆင်း​လော့။ သင်၏​အိမ်၌ ယ​နေ့ ငါ​တည်း​နေ​မည်​ဟု မိန့်​တော်​မူ၏။ ဇ​က္ခဲ​သည် အ​လျင်​အ​မြန်​ဆင်း၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ကိုယ်​တော်​ကို မိ​မိ​အိမ်၌ ဧည့်​ခံ​လေ၏။-


တစ်​ရံ​ရော​အ​ခါ ဂင်္နေ​သ​ရက်​အိုင်​နား​မှာ ရပ်​တော်​မူ၍၊ လူ​များ​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို နား​ထောင်​ခြင်း​ငှာ ကိုယ်​တော်​အ​နီး​သို့ တိုး​ဝင်​ကြ​စဉ်​တွင်၊ ကမ်း​နား​မှာ​ဆိုက်​သော လှေ​နှစ်​စင်း​ကို မြင်​တော်​မူ၏။-


ယေ​ရှု​က၊ သင်​သည် ကိုယ်​အိမ်​သို့​ပြန်​သွား​လော့။ ဘု​ရား​သ​ခင်​သည် သင်၌​အ​ဘယ်​မျှ​လောက် ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို ကြား​ပြော​လော့​ဟူ၍ လွှတ်​လိုက်​တော်​မူ​လျှင်၊ ထို​သူ​သည်​သွား၍ ယေ​ရှု​သည် အ​ဘယ်​မျှ​လောက် ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို တစ်​မြို့​လုံး​တွင် အ​နှံ့​အ​ပြား သ​တင်း​ကြား​ပြော​လေ၏။


ယော​ဟန်​သည် ညှိ​ထွန်း၍​လင်း​သော ဆီ​မီး​ဖြစ်၏။ သင်​တို့​သည် သူ၏​အ​လင်း၌ ခ​ဏ​သာ​မွေ့​လျော်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ