ထို့နောက် ကိုယ်တော်သည် ကပေရနောင်မြို့သို့ဝင်တော်မူလျှင် တပ်မှူးတစ်ဦးသည် အထံတော်သို့ချဉ်းကပ်လာ၍
လုကာ 7:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုတပ်မှူးသည် ယေရှု၏သတင်းကိုကြားသောအခါ ဂျူးလူမျိုးတို့၏သက်ကြီးဝါကြီးများကို ကိုယ်တော်ထံသို့စေလွှတ်ကာ ကြွလာ၍ သူ့အစေအပါးကို ကျန်းမာစေတော်မူမည့်အကြောင်း လျှောက်စေ၏။ Common Language Bible တပ်ခွဲမှူးသည်သခင်ယေရှု၏သတင်းတော်ကို ကြားသောအခါ ယုဒအမျိုးသားခေါင်းဆောင် များကိုအထံတော်သို့စေလွှတ်ပြီးလျှင် ကိုယ် တော်ကြွ၍မိမိအစေခံအားကျန်းမာစေရန် လျှောက်စေ၏။- Garrad Bible ယု ဒ လူ ကြီး တို့ ကို လွှတ်၍ ထို ကျွန် ကို ကယ် လာ ရန် တောင်း ပန် စေ သည့် အ တိုင်း၊ Judson Bible ယေရှု၏ သတင်းတော်ကိုကြားလျှင်၊ ယုဒအမျိုး အကြီးအကဲတို့ကိုအထံတော်သို့ စေလွှတ်သဖြင့်၊ ကိုယ်တော်သည်ကြွ၍ ထိုကျွန်ကို ချမ်းသာပေးတော်မူမည်အကြောင်း တောင်းပန်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုတပ်မှူးသည် ယေရှု၏သတင်းတော်ကို ကြားသောအခါ ဂျူးလူမျိုးအကြီးအကဲတချို့ကို ကိုယ်တော်ထံတော်သို့ စေလွှတ်ကာ ကြွလာ၍ မိမိအစေခံကို ကျန်းမာစေတော်မူရန် တောင်းလျှောက်စေ၏။ မြန်မာ ယေရှု၏ သတင်းတော်ကိုကြားလျှင်၊ ယုဒအမျိုး အကြီးအကဲတို့ကိုအထံတော်သို့ စေလွှတ်သဖြင့်၊ ကိုယ်တော်သည်ကြွ၍ ထိုကျွန်ကို ချမ်းသာပေးတော်မူမည်အကြောင်း တောင်းပန်လေ၏။- |
ထို့နောက် ကိုယ်တော်သည် ကပေရနောင်မြို့သို့ဝင်တော်မူလျှင် တပ်မှူးတစ်ဦးသည် အထံတော်သို့ချဉ်းကပ်လာ၍
ထိုစဉ် တပ်မှူးတစ်ယောက်၏အလွန်အားထားရသော အစေအပါးတစ်ဦးသည် နာမကျန်းဖြစ်ပြီး သေအံ့ဆဲဆဲဖြစ်နေ၏။
သူတို့သည် ယေရှုထံသို့ရောက်လာ၍ “သူ့အတွက် ထိုသို့ကိုယ်တော်ပြုပေးခြင်းကို သူခံထိုက်ပါသည်။
ထိုအခါ ယာဣရုအမည်ရှိသောလူတစ်ဦးသည် အထံတော်သို့ရောက်လာ၏။ ထိုသူသည် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံဖြစ်၏။ သူသည် ယေရှု၏ခြေတော်ရင်း၌ပျပ်ဝပ်ကာ မိမိအိမ်သို့ကြွတော်မူရန် တောင်းပန်၏။
ထိုအခါ လူထုပရိသတ်ထဲမှ လူတစ်ဦးက “ဆရာ၊ အကျွန်ုပ်၏သားကိုကြည့်ရှုပေးပါရန် အကျွန်ုပ်တောင်းပန်ပါ၏။ အကြောင်းမူကား သူသည် အကျွန်ုပ်၏တစ်ဦးတည်းသောသားဖြစ်ပါ၏။
ယုဒနယ်မှ ဂါလိလဲနယ်သို့ ယေရှုကြွလာတော်မူကြောင်းကို ထိုမှူးမတ်သည်ကြားသောအခါ သူ၏သား သေအံ့ဆဲဆဲဖြစ်သောကြောင့် ကိုယ်တော်ထံသို့သွားပြီးလျှင် ကြွလာ၍ သား၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါရန် တောင်းပန်လေ၏။