သို့သော် သင်သည် ရေကဲ့သို့ဘောင်ဘင်ခတ်တတ်သည်ဖြစ်၍ အထွတ်သို့မရောက်။ အကြောင်းမူကား သင်သည် သင့်ဖခင်၏အိပ်ရာပေါ်တက်၍ညစ်ညူးစေ၏။ သူသည် ငါ့ခုတင်ပေါ်တက်ဝံ့လေပြီတကား။
လုကာ 7:24 - မြန်မာ့စံမီသမ္မာကျမ်း ယောဟန်၏စေတမန်များပြန်သွားကြသောအခါ ကိုယ်တော်သည် လူထုပရိသတ်တို့အား ယောဟန်နှင့်ပတ်သက်၍ မြွက်ဆိုတော်မူသည်မှာ“သင်တို့သည် မည်သည့်အရာကိုကြည့်ရှုရန် တောကန္တာရသို့ ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသော ကျူပင်ကိုလော။ Common Language Bible ယောဟန်တပည့်များအထံတော်မှထွက်သွား ကြသောအခါ သခင်ယေရှုသည်ယောဟန် အကြောင်းနှင့်ပတ်သက်၍လူပရိသတ်တို့ အား ``သင်တို့သည်အဘယ်အရာကိုကြည့်ရှု ရန်တောကန္တာရသို့သွားကြသနည်း။ လေတိုက် ၍လှုပ်သောကူပင်ကိုကြည့်ရှုကြရန်လော။- Garrad Bible ယော ဟန်၏ တ မန် တို့ ပြန် သွား ကြ သည့် နောက် ကိုယ် တော် သည် ယော ဟန် နှင့် စပ် လျဉ်း၍ လူ ပ ရိ သတ် အား မိန့် တော် မူ သည် မှာ မည် သည့် အ ရာ ကို ရှု ကြည့် ရန် တော သို့ ထွက် သွား ကြ သ နည်း။ လေ တိုက်၍ လှုပ် နေ သော ကျူ ပင် လော။ Judson Bible ယောဟန်စေလွှတ်သော သူတို့သည် သွားကြသည်နောက်၊ ယေရှုသည် ယောဟန်ကို အကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ တောသို့ ထွက်သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှာ သွားသလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောဟန်၏တပည့်များ ထွက်သွားကြပြီးနောက် ယေရှုသည် ယောဟန်အကြောင်းနှင့် ဆက်စပ်၍ လူထုတို့အား ဤသို့ ဟောပြောတော်မူ၏။ ယေရှုက “သင်တို့သည် မည်ကဲ့သို့သောသူကိုရှာရန် တောသို့ ထွက်သွားကြသနည်း။ လေတိုက်လျှင် လှုပ်ယမ်းသည့် ကျူပင်ကဲ့သို့သောသူကိုလော။ မြန်မာ ယောဟန်စေလွှတ်သော သူတို့သည် သွားကြသည်နောက်၊ ယေရှုသည် ယောဟန်ကို အကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ တောသို့ ထွက်သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှာ သွားသလော။- |
သို့သော် သင်သည် ရေကဲ့သို့ဘောင်ဘင်ခတ်တတ်သည်ဖြစ်၍ အထွတ်သို့မရောက်။ အကြောင်းမူကား သင်သည် သင့်ဖခင်၏အိပ်ရာပေါ်တက်၍ညစ်ညူးစေ၏။ သူသည် ငါ့ခုတင်ပေါ်တက်ဝံ့လေပြီတကား။
သူငယ်သည်လည်းကြီးထွား၍ စိတ်ဝိညာဉ်ကြံ့ခိုင်လာကာ အစ္စရေးလူမျိုးရှေ့၌ ထင်ရှားသည့်နေ့ရက်တိုင်အောင် တောကန္တာရ၌နေလေ၏။
အန္နတ်နှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းဖြစ်စဉ် ဘုရားသခင်၏နှုတ်ကပတ်တော်သည် တောကန္တာရ၌ ဇာခရိ၏သားယောဟန်ထံသို့ရောက်လာ၏။
သို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူကိုလော။ တင့်တယ်သောအဝတ်များဝတ်ဆင်လျက် သောက်စားပျော်ပါးနေသောသူတို့သည် နန်းတော်များ၌ရှိကြ၏။
ယောဟန်က “ငါသည် ပရောဖက်ဟေရှာယဟောပြောခဲ့သည့်အတိုင်း ‘ထာဝရဘုရား၏လမ်းတော်ကို ဖြောင့်တန်းစေကြလော့’ဟူ၍ တောကန္တာရ၌ဟစ်ကြော်သောသူ၏အသံဖြစ်၏”ဟု ဆို၏။
ဤသို့ဖြင့် ငါတို့သည် လူတို့၏ကောက်ကျစ်စဉ်းလဲမှုနှင့် ပရိယာယ်ဖြင့်လှည့်ဖြားတတ်သည့်လျှို့ဝှက်အကြံအစည်တို့ကြောင့် ဖြစ်ပေါ်လာသည့်သြဝါဒလေအမျိုးမျိုး၌ လွင့်ပါ၍လူးလွန့်နေသော ကလေးသူငယ်များကဲ့သို့မဟုတ်တော့ဘဲ
ထိုသူတို့သည် ခန်းခြောက်သောစမ်းရေတွင်းများ၊ မုန်တိုင်းဖြင့်လွင့်ပါသွားသည့်မိုးတိမ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထိန်းသိမ်းထားလျက်ရှိ၏။
ထို့ကြောင့် ချစ်ရသောသူတို့၊ ဤအရာတို့ကို သင်တို့သိထားနှင့်ပြီဖြစ်၍ စောင့်စည်းမှုမရှိသောသူတို့၏မှားယွင်းခြင်းသို့ လိုက်ပါသွားလျက် မိမိတို့၏တည်ကြည်မှုကို မဆုံးရှုံးစေရန် မိမိကိုယ်ကိုစောင့်ထိန်းကြလော့။