အပင်ကို အသီးအားဖြင့် သိရသည်ဖြစ်၍ အသီးကောင်းလျှင် အပင်ကောင်းသည်ဟုမှတ်ယူကြလော့။ သို့မဟုတ် အသီးမကောင်းလျှင် အပင်မကောင်းဟု မှတ်ယူကြလော့။
လုကာ 6:44 - မြန်မာ့စံမီသမ္မာကျမ်း အပင်တိုင်းကို ၎င်း၏အသီးအားဖြင့် သိရ၏။ အကြောင်းမူကား ဆူးပင်မှ သဖန်းသီးကိုဆွတ်ခူး၍မရနိုင်။ ချုံပုတ်မှလည်း စပျစ်သီးကိုမစုသိမ်းနိုင်။ Common Language Bible အသီးကိုထောက်၍အပင်အကြောင်းကိုသိရ ၏။ သင်္ဘောသဖန်းသီးကိုဆူးပင်မှလည်းကောင်း၊ စပျစ်သီးကိုဆူးချုံမှလည်းကောင်းလူတို့ မဆွတ်မခူးနိုင်ကြ။- Garrad Bible အ သီး ကို ထောက်၍ အ ပင် တိုင်း ကို သိ ရ သည့် အ လျောက် ဆူး ပင် တွင် သ ဖန်း သီး၊ ပေါင်း ပင် တွင် စ ပျစ် သီး ကို မ ဆွတ် ခူး တတ်။ Judson Bible အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အသီးအားဖြင့် အပင်အကြောင်းကို သိရ၏။ အဘယ်ကြောင့်ဆိုသော် သဖန်းသီးကို ဆူးပင်မှ မဆွတ်ခူးနိုင်။ စပျစ်သီးကို ဆူးခြုံမှ မဆွတ်ခူးနိုင်။ မြန်မာ အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။- |
အပင်ကို အသီးအားဖြင့် သိရသည်ဖြစ်၍ အသီးကောင်းလျှင် အပင်ကောင်းသည်ဟုမှတ်ယူကြလော့။ သို့မဟုတ် အသီးမကောင်းလျှင် အပင်မကောင်းဟု မှတ်ယူကြလော့။
သူတို့၏အသီးများအားဖြင့် သူတို့ကို သင်တို့သိကြလိမ့်မည်။ ဆူးပင်မှ စပျစ်သီးကိုလည်းကောင်း၊ ဆူးလေပင်မှ သဖန်းသီးကိုလည်းကောင်း ဆွတ်ခူးရလေ့ရှိသလော။
ငါ့ညီအစ်ကိုတို့၊ သဖန်းပင်သည် သံလွင်သီးများကို သီးနိုင်သလော။ စပျစ်ပင်သည် သဖန်းသီးများကို သီးနိုင်သလော။ ထို့အတူ ရေငန်တွင်းသည်လည်း ရေချိုကို မထွက်ပေါ်စေနိုင်ပေ။
သူတို့သည် သင်တို့နှင့်အတူစားသောက်သောအခါ ရှက်ကြောက်ခြင်းမရှိဘဲ မိမိတို့အတွက်သာ ဂရုစိုက်လျက် သင်တို့၏မေတ္တာပွဲ၌ အစွန်းအထင်းများဖြစ်ကြ၏။ သူတို့သည် လေ၌လွင့်ပါသွားသော မိုးရေမပါသည့်မိုးတိမ်များ၊ အမြစ်ပါမကျန်ဆွဲနုတ်ခံရ၍ နှစ်ကြိမ်သေသည့် အသီးမသီးသော ဆောင်းဦးကာလသစ်ပင်များ၊