လုကာ 5:13 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လက်တော်ကိုဆန့်၍ ထိုသူကိုတို့ထိကာ“ငါအလိုရှိ၏။ စင်ကြယ်ခြင်းသို့ရောက်စေ”ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူ၏အနာကြီးရောဂါသည် ပျောက်ကင်းသွားလေ၏။ Common Language Bible ကိုယ်တော်သည်လက်တော်ကိုဆန့်၍ထိုသူ့ကို တို့ထိတော်မူ၏။ ထိုနောက် ``ငါအလိုရှိ၏။ သန့် စင်စေ'' ဟုမိန့်တော်မူ၏။ ထိုခဏ၌ထိုသူ သည်ရောဂါပျောက်လေ၏။- Garrad Bible ကိုယ် တော် သည် လက် ဆန့်၍ တို့ တော် မူ လျက် ငါ အ လို ရှိ၏။ သန့် စေ ဟု မိန့် တော် မူ လျှင် မူ ချင်း နူ နာ ကင်း ပျောက် ၏။ Judson Bible ယေရှုကလည်း၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက်၊ လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏချင်းတွင် နူနာပျောက်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် လက်ကို ဆန့်၍ ထိုသူကို တို့ပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထိုခဏအတွင်း၌ ထိုသူ၏ရောဂါသည်လည်း ပျောက်ကင်းလေ၏။ မြန်မာ ယေရှုကလည်း၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက်၊ လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏချင်းတွင် နူနာပျောက်လေ၏။- |
တစ်ဖန် ဘုရားသခင်က “မိုးကောင်းကင်အောက်၌ရှိသောရေသည် တစ်နေရာတည်း၌စုဝေးစေ။ ကုန်းမြေပေါ်လာစေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ဧလိရှဲက သူ့ထံလူလွှတ်၍ “ဂျော်ဒန်မြစ်သို့သွားပြီး ခုနစ်ကြိမ်ရေချိုးပါ။ သို့ပြုလျှင် သင့်အသားအရေသည် ပြန်ကောင်းလာပြီး စင်ကြယ်သွားလိမ့်မည်”ဟု မှာလိုက်၏။
ထို့ကြောင့် နေမန်သည် ဘုရားသခင်၏လူပြောသောစကားအတိုင်း ဂျော်ဒန်မြစ်သို့ဆင်းသွားပြီး ခုနစ်ကြိမ်ရေနှစ်လိုက်သောအခါ သူ့အသားအရေသည် သူငယ်အသားအရေကဲ့သို့ဖြစ်ပြီး စင်ကြယ်သွားလေ၏။
အကြောင်းမူကား ကိုယ်တော်မြွက်ဆိုတော်မူသောအခါ ထိုအတိုင်းဖြစ်၏။ ကိုယ်တော်အမိန့်ပေးတော်မူသောအခါ ထိုအတိုင်းတည်လျက်နေ၏။
သင်တို့ကို မသန့်ရှင်းသောအပြုအမူများမှ ကယ်တင်မည်။ ကောက်ပဲသီးနှံများကိုလည်း ပေါများစေမည်။ သင်တို့ကို ငတ်မွတ်ခြင်းဘေးနှင့် ကြုံစေမည်မဟုတ်။
“ငါသည် အမျက်ပြေပြီဖြစ်၍ သူတို့လမ်းလွဲဖောက်ပြန်သည်များကို ပြန်လည်ပြုပြင်ပေးမည်။ စေတနာစိတ်ထက်သန်သည့်အလျောက် သူတို့ကို ငါချစ်မည်။
ကိုယ်တော်သည် လက်တော်ကိုဆန့်၍ ထိုသူကိုတို့ထိကာ“ငါအလိုရှိ၏။ စင်ကြယ်ခြင်းသို့ရောက်စေ”ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူသည် အနာကြီးရောဂါပျောက်ကင်း၍ စင်ကြယ်ခြင်းသို့ရောက်လေ၏။
ကိုယ်တော်သည်လည်း ထိုအမျိုးသမီး၏အနီး၌ရပ်လျက် အဖျားအနာကိုဆုံးမတော်မူလျှင် သူသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူတို့ကိုဧည့်ဝတ်ပြုလေ၏။
ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ် တစ်ကိုယ်လုံးအနာကြီးရောဂါစွဲကပ်နေသူတစ်ဦးသည် ယေရှုကိုမြင်လျှင် ပျပ်ဝပ်လျက် “သခင်ဘုရား၊ ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လေ၏။
ထိုအခါ ကိုယ်တော်သည် မည်သူ့ကိုမျှမပြောရန် သူ့အားမိန့်မှာလျက်“ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌ သက်သေဖြစ်စေရန် မောရှေပညတ်ထားသည့်အတိုင်း သင်၏စင်ကြယ်ခြင်းဝတ်အတွက် ပူဇော်သက္ကာကို ဆက်သလော့”ဟု မိန့်တော်မူ၏။