မိမိ၏ကောက်နယ်တလင်းကိုလည်း အကုန်အစင်ရှင်းလင်းပြီး ဂျုံဆန်ကို မိမိ၏ကျီ၌စုသိမ်းရန် လက်တော်၌ ဆန်ကောကိုကိုင်ထားတော်မူ၏။ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့် ရှို့တော်မူလိမ့်မည်”ဟု လူအပေါင်းတို့အားပြန်ပြောလေ၏။
လုကာ 3:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ယောဟန်သည် အခြားသောအကြောင်းအရာအမျိုးမျိုးတို့ဖြင့် တိုက်တွန်းနှိုးဆော်ကာ လူတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။ Common Language Bible ယောဟန်သည်အခြားနှိုးဆော်ချက်များဖြင့် လူတို့အားသတင်းကောင်းကိုဟောပြောကြေ ညာ၏။- Garrad Bible အ ခြား သော နှိုး ဆော် ချက် များ နှင့် တ ကွ လူ ပ ရိ သတ် အား၊ သ တင်း တော် မြတ် ကို ဟော ပြော လေ၏။ Judson Bible အခြားသောစကားများနှင့် ဆုံးမသွေးဆောင်၍ ဧဝံဂေလိတရားကို လူများတို့အား ဟောပြောလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောဟန်သည် အခြားသောနှိုးဆော်ချက်များဖြင့် သတင်းကောင်းကို လူတို့အား ဟောပြောလေ၏။ မြန်မာ အခြားသောစကားများနှင့် ဆုံးမသွေးဆောင်၍ ဧဝံဂေလိတရားကို လူများတို့အား ဟောပြောလေ၏။ |
မိမိ၏ကောက်နယ်တလင်းကိုလည်း အကုန်အစင်ရှင်းလင်းပြီး ဂျုံဆန်ကို မိမိ၏ကျီ၌စုသိမ်းရန် လက်တော်၌ ဆန်ကောကိုကိုင်ထားတော်မူ၏။ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့် ရှို့တော်မူလိမ့်မည်”ဟု လူအပေါင်းတို့အားပြန်ပြောလေ၏။
သို့ရာတွင် နယ်စားဟေရုဒ်သည် မိမိအစ်ကို၏ဇနီး ဟေရောဒိနှင့်ပတ်သက်၍လည်းကောင်း၊ မိမိကျူးလွန်ခဲ့သော မကောင်းမှုအလုံးစုံတို့နှင့်ပတ်သက်၍လည်းကောင်း ယောဟန်၏ဆိုဆုံးမခြင်းကိုခံရသောအခါ
ယောဟန်သည် ထိုအရှင်၏အကြောင်းကိုသက်သေခံလျက် “ငါ့နောက်တွင် ကြွလာသောအရှင်သည် ငါ့ထက်အလျင်ဦးစွာရှိနှင့်သည်ဖြစ်၍ ငါ့ထက်ကြီးမြတ်သည်ဟု ငါဆိုခဲ့သည်မှာ ထိုအရှင်ပင်ဖြစ်သည်”ဟု ကြွေးကြော်လေ၏။
နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
ငါမြင်ရသဖြင့် ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ငါသက်သေခံသည်”ဟု ဆိုလေ၏။
ပေတရုသည် အခြားသောစကားအမျိုးမျိုးတို့ဖြင့် သက်သေခံလျက် “ဤကောက်ကျစ်သောမျိုးဆက်ထဲမှလွတ်မြောက်ရန် ကယ်တင်ခြင်းကိုခံယူကြလော့”ဟု သူတို့အား တိုက်တွန်းနှိုးဆော်လေ၏။
ထိုဒေသများကိုဖြတ်သွားရင်း များစွာသောတရားစကားတို့ဖြင့် တပည့်တော်တို့ကို တိုက်တွန်းနှိုးဆော်ပြီးလျှင် ဂရိပြည်သို့ရောက်လာ၏။
တိုက်တွန်းနှိုးဆော်သူဖြစ်လျှင် တိုက်တွန်းနှိုးဆော်ခြင်းကိုပြုစေ။ ပေးကမ်းဝေမျှသောသူသည် ရက်ရောစွာပေးကမ်းဝေမျှစေ။ စီမံအုပ်ချုပ်သောသူသည် လုံ့လဝီရိယဖြင့်စီမံအုပ်ချုပ်စေ။ မစသနားခြင်းအမှုကိုပြုသောသူသည် ကြည်ဖြူသောစိတ်နှင့်ပြုစေ။