အကြောင်းမူကား ယောနသည် ငါးကြီးဝမ်းထဲ၌ သုံးနေ့နှင့်သုံးညနေခဲ့ရသကဲ့သို့ လူ့သားသည်လည်း မြေကြီးအတွင်း၌ သုံးနေ့နှင့်သုံးညနေရလိမ့်မည်။
လုကာ 24:6 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဤအရပ်၌မရှိ။ ထမြောက်တော်မူပြီ။ ဂါလိလဲနယ်၌ရှိတော်မူစဉ် သင်တို့အားမည်သို့မိန့်တော်မူခဲ့သည်ကို သတိရကြလော့။ Common Language Bible ကိုယ်တော်သည်ဤအရပ်တွင်မရှိ။ ရှင်ပြန်ထမြောက် တော်မူပြီ။ ကိုယ်တော်သည်ဂါလိလဲပြည်မှာရှိ တော်မူခဲ့စဉ်က၊- Garrad Bible ကိုယ် တော် သည် ဤ တွင် မ ရှိ။ ရှင် ပြန် ထ မြောက် တော် မူ ပြီ။ ဂါ လိ လဲ နယ်၌ ရှိ နေ တော် မူ သေး စဉ် လူ့ သား သည် အ ပြစ် သား တို့ လက် သို့ ပို့ အပ် ခံ ရ၍ ကား တင် ခံ ရ လိမ့် မည်။ သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် ရ လိမ့် မည် ဟူ သော မိန့် တော် မူ ချက် ကို သ တိ ရ ကြ လော့ ဟု ဆို ကြ သည့် အ တိုင်း၊ Judson Bible ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအရှင်သည် ဤနေရာတွင် မရှိ။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ ဂါလိလဲပြည်၌ ရှိတော်မူစဉ် အရှင်က သင်တို့အား ‘လူသားသည် အပြစ်သားများလက်သို့ အပ်နှံခြင်းကို ခံရမည်။ လက်ဝါးကပ်တိုင်တွင် သတ်ခြင်းခံရမည်။ ထို့နောက် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်မည်’ ဟူ၍ မိန့်တော်မူသည်ကို သတိရကြလော့” ဟု ဆိုကြ၏။ မြန်မာ ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။- |
အကြောင်းမူကား ယောနသည် ငါးကြီးဝမ်းထဲ၌ သုံးနေ့နှင့်သုံးညနေခဲ့ရသကဲ့သို့ လူ့သားသည်လည်း မြေကြီးအတွင်း၌ သုံးနေ့နှင့်သုံးညနေရလိမ့်မည်။
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏လက်၌ ဒုက္ခဝေဒနာများစွာခံစားရပြီး အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
“အရှင်၊ ထိုလှည့်ဖြားသောသူအသက်ရှင်စဉ်က ‘ငါသည် သုံးရက်ကြာလျှင် ထမြောက်မည်’ဟု ပြောဆိုခဲ့သည်ကို အကျွန်ုပ်တို့ မှတ်မိပါသည်။
ကိုယ်တော်သည် ဤနေရာ၌မရှိ။ အကြောင်းမူကား မိန့်တော်မူခဲ့သည့်အတိုင်း ထမြောက်တော်မူပြီ။ ကိုယ်တော်လျောင်းတော်မူခဲ့သည့်နေရာကို လာကြည့်ကြလော့။
သို့သော် ထိုသူက “ထိတ်လန့်အံ့ဩခြင်းမရှိကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော နာဇရက်မြို့သားယေရှုကိုရှာကြ၏။ ကိုယ်တော်သည်ထမြောက်တော်မူပြီ။ ဤနေရာ၌မရှိ။ အလောင်းတော်သွင်းထားသည့်နေရာကိုကြည့်ကြလော့။
ထို့နောက် ကိုယ်တော်က လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရလျက် သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ကျမ်းပြုဆရာများ၏ငြင်းပယ်ခြင်းကိုခံရပြီး အသေသတ်ခြင်းခံရကာ သုံးရက်ကြာသောအခါ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား သွန်သင်တော်မူ၏။
ထိုသူအပေါင်းတို့က “သခင်ဘုရားသည် အမှန်ပင်ထမြောက်တော်မူ၍ ရှိမုန်ထံထင်ရှားပြတော်မူပြီ”ဟု ပြောဆိုနေကြ၏။
အမျိုးသမီးတို့သည် ကြောက်လန့်၍ ခေါင်းကို အောက်သို့ငုံ့လျက်နေကြရာ ထိုသူတို့က “သင်တို့သည် သေသောသူတို့တွင် အသက်ရှင်သောသူကို အဘယ်ကြောင့်ရှာကြသနည်း။
“လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရလျက် သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏ငြင်းပယ်ခြင်းကိုခံရ၍ အသေသတ်ခြင်းခံရပြီး သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်၏”ဟု မိန့်တော်မူ၏။
“ဤစကားများကို သင်တို့နားထဲ၌ စွဲမြဲစေကြလော့။ လူ့သားသည် လူတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်”ဟု မိန့်တော်မူ၏။
သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းနှင့်ဆိုင်သောဝေဒနာမှလွတ်မြောက်စေ၍ ထမြောက်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် ထိုအရှင်ကို အစဉ်ချည်နှောင်ထား၍မရနိုင်ချေ။
သင်တို့နှင့်အတူရှိနေစဉ်က ဤအရာများကို သင်တို့အား ငါပြောခဲ့ကြောင်း သင်တို့သတိမရကြသလော။