အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 24:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် ကိုယ်တော်​သည် မောရှေ​နှင့်​ပရောဖက်​အပေါင်း​တို့​၏​ကျမ်း​များ​မှ​အစပြု​၍ ကျမ်းစာ​တစ်ခုလုံး​တွင် မိမိ​နှင့်​ပတ်သက်၍ ရေး​ထား​သည့်​အကြောင်းအရာ​တို့​ကို သူ​တို့​အား ရှင်းပြ​တော်မူ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မော​ရှေ​ကျမ်း​မှ အ​စ​ပြု​၍​ပ​ရော​ဖက်​ကျမ်း​အား​လုံး​တွင် ကိုယ်​တော်​အ​ကြောင်း​နှင့်​ပတ်​သက်​သည့်​ကျမ်း ပိုဒ်​များ​ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ရှင်​လင်း ၍​ပြ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

မော ရှေ ကျမ်း နှင့် ပ ရော ဖက် တို့ ကျမ်း ခပ် သိမ်း မှ စ၍ ကိုယ် တော် နှင့် စပ် လျဉ်း သော အ ချက် ချက် ကို ဖွင့် ပြ တော် မူ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​ခါ မော​ရှေ၏​ကျမ်း​စာ​မှ​စ၍ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ၌ ကိုယ်​တော်​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော ကျမ်း​စာ​ချက်​အ​နက်​ကို ရှင်း​လင်း​စွာ ဖော်​ပြ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့နောက် ယေရှု​သည် မောရှေ​၏​ကျမ်းများ​မှ​စ​၍ ပရောဖက်ကျမ်းများ​ထဲမှ မိမိ​နှင့်​ပတ်သက်သော​ကျမ်းပိုဒ်များ​၏​အနက်အဓိပ္ပာယ်တို့​ကို​ရှင်းပြတော်မူ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ထို​အ​ခါ မော​ရှေ၏​ကျမ်း​စာ​မှ​စ၍ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ၌ ကိုယ်​တော်​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော ကျမ်း​စာ​ချက်​အ​နက်​ကို ရှင်း​လင်း​စွာ ဖော်​ပြ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။



လုကာ 24:27
50 ပူးပေါင်းရင်းမြစ်များ  

သင့်​ကို​ကောင်းချီးပေး​သော​သူ​တို့​ကို ငါ​ကောင်းချီးပေး​၍ သင့်​ကို​ကျိန်ဆဲ​သော​သူ​ကို ငါ​ကျိန်ဆဲ​မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ မျိုးနွယ်စု​အပေါင်း​တို့​သည် သင့်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား သင်​သည် ငါ့​စကား​ကို​နားထောင်​သောကြောင့်​ဖြစ်​၏​”​ဟု မြွက်ဆို​၏​။


ငါ​သည် သင်​၏​သားစဉ်မြေးဆက်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ​များပြား​စေ​၍ သင်​၏​သားစဉ်မြေးဆက်​အား ဤ​မြေ​ရှိသမျှ​တို့​ကို ပေး​မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။


ငါ​သည် သင်​နှင့်​မိန်းမ​ကို​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကို​လည်းကောင်း ရန်ငြိုး​ဖွဲ့​စေ​မည်​။ သူ​သည် သင်​၏​ခေါင်း​ကို​ကြိတ်​လိမ့်မည်​။ သင်​သည်​လည်း သူ​၏​ဖနောင့်​ကို​ကြိတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


လူမျိုး​တို့​သည် ရှိလော​ကို​နာခံ​ကြ​လိမ့်မည်​။ သူ​မ​ရောက်လာ​မီ​တိုင်အောင် ရာဇလှံတံ​သည် ယုဒ​ထံမှ ထွက်သွား​မည်​မ​ဟုတ်​၊ ကျိုင်း​သည်​လည်း သူ့​ခြေထောက်​ကြား​မှ​ထွက်သွား​မည်​မ​ဟုတ်​။


ထာဝရဘုရား​သည် ဒါဝိဒ်​အား သစ္စာ​နှင့်​ကျိန်ဆို​ပြီး ပြန်လည်​ရုပ်သိမ်း​တော်မူ​မည်​မ​ဟုတ်​သော​စကား​မှာ “​ငါ​သည် သင်​မှ​ပေါက်ဖွား​သော​ရင်သွေး​တစ်ဦး​ကို သင်​၏​ရာဇပလ္လင်​ပေါ်​ထိုင်​စေ​မည်​။


သင်​၏​အကြီးအကဲ​တို့​သည် သူပုန်​ဖြစ်​ကြ​ပြီ​။ သူခိုး​လက်ခံ​ဖြစ်​ကြ​ပြီ​။ သူ​တို့​အားလုံး​သည် တံစိုးလက်ဆောင်​ကို​နှစ်သက်​၍ ဂုဏ်ပကာသန​နောက်​သို့​လိုက်​ကြ​ပြီ​။ သူ​တို့​သည် ဖတဆိုး​ဘက်​မှ တရားသဖြင့်​မ​စီရင်​ကြ​။ မုဆိုးမ​၏​အမှု​ကို​လည်း မ​ဖြေရှင်း​ကြ​။


ရိုက်နှက်​သူ​တို့​အား ငါ့​ကျော​ကို​ပေး​၏​။ မုတ်ဆိတ်​ဆွဲနုတ်​သူ​တို့​အား ငါ့​ပါး​ကို​ပေး​၏​။ အသရေဖျက်​ခံရ​ခြင်း​၊ တံတွေးထွေး​ခံရ​ခြင်း​မှ ငါ့​မျက်နှာ​ကို ငါ​မ​လွှဲ​။


ဘုရားရှင်​ကိုယ်တော်တိုင် သင်​တို့​အား နိမိတ်လက္ခဏာ​ပေး​တော်မူ​မည်​။ ကြည့်ရှု​လော့​။ အပျိုကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်​။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု​ခေါ်​ကြ​လိမ့်မည်​။


ယာကုပ်​အမျိုးအနွယ်​ထံမှ မျက်နှာ​လွှဲ​တော်မူ​သော​ထာဝရဘုရား​ကို ငါ​မျှော်လင့်​စောင့်စား​မည်​။


သို့သော် ဒုက္ခဝေဒနာ​ခံစား​ခဲ့​ရ​သော​ပြည်​၌ အမှောင်​ဖုံး​တော့​မည်​မ​ဟုတ်​။ ယခင်​အချိန်​က ဇာဗုလုန်​နယ်​နှင့် နဿလိ​နယ်​ကို နှိမ့်ချ​ခဲ့​သော်လည်း နောင်တွင် ထို​နယ်​၏​ပင်လယ်​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ လူမျိုးခြား​တို့​နေရာ​ဂါလိလဲ​နယ်​တို့​ကို အသရေတင့်တယ်​စေ​တော်မူ​မည်​။


သူ​တို့​ကို​ထိန်းကျောင်း​ရန် သိုးထိန်း​တစ်​ဦး​အဖြစ် ငါ့​အစေအပါး​ဒါဝိဒ်​ကို ငါ​ခန့်ထား​မည်​။ သူ​သည် သိုးထိန်း​တစ်​ဦး​အဖြစ် သိုး​တို့​ကို ထိန်းကျောင်း​ပေး​လိမ့်မည်​။


ငါ​၏​အစေအပါး​ယာကုပ်​အား ငါ​ပေး​၍ ဘိုးဘေး​တို့​နေထိုင်​ခဲ့​ဖူး​သော​ပြည်​၌ နေထိုင်​ကြ​ရ​လိမ့်မည်​။ သူ​တို့​နှင့် သူ​တို့​၏​သားသမီး​မြေးမြစ်​တို့​သည် ထို​ပြည်​တွင် အစဉ်အမြဲ​နေထိုင်​ကြ​ရ​၍ ငါ​၏​အစေအပါး​ဒါဝိဒ်​သည် သူ​တို့​ကို အစဉ်​အုပ်စိုး​မည်​။


ညအချိန် စိတ်အာရုံ​တွင် လူသား​နှင့်​တူ​သော​သူ​တစ်ဦး မိုး​တိမ်​ကို​စီး​လျက်​ကြွလာ​သည်​ကို ငါ​မြင်​ရ​၏​။ ရှေး​အရှင်သခင်​ရှိ​ရာ​သို့​ရောက်လာ​သောအခါ သူ့​ကို​အထံ​တော်​သို့ ခေါ်သွင်း​ကြ​၏​။


သူ​တို့​သည် အဆီးရီးယား​ပြည်​ကို ဓား​ဖြင့်​စောင့်ကြပ်​လိမ့်မည်​။ နိမ်ရောဒ​ပြည်​အဝင်ဝ​တို့​၌​လည်း စောင့်ကြပ်​လိမ့်မည်​။ အဆီးရီးယား​လူမျိုး​တို့​သည် ငါ​တို့​ပြည်​သို့​လာ​၍ ငါ​တို့​နယ်နိမိတ်​ထဲသို့ ကျူးကျော်​ဝင်ရောက်​သောအခါ သူ​တို့​သည် ငါ​တို့​ကို အဆီးရီးယား​လူမျိုး​တို့​လက်​မှ ကယ်တင်​လိမ့်မည်​။


ကိုယ်တော်​သည် ရှေးယခင်​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​သည့်​အတိုင်း ယာကုပ်​အား သစ္စာ​တော်​ကို​လည်းကောင်း​၊ အာဗြဟံ​အား မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း ပြ​တော်မူ​မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အို ဓား​၊ ထ​လော့​။ ငါ​၏​သိုးထိန်း​ကို တိုက်ခိုက်​လော့​။ ငါ​၏​အိမ်နီးချင်း​ကို တိုက်ခိုက်​လော့​။ သိုးထိန်း​ကို​ရိုက်နှက်​လော့​။ ထိုအခါ သိုး​တို့ ကွဲလွင့်​သွား​ကြ​လိမ့်မည်​။ ငါ​သည်​လည်း သိုးငယ်​များ​ကို လက်​ဖြင့်​ရွယ်​၍ တိုက်ခိုက်​မည်”​ဟု မိန့်​တော်မူ​၏​။


အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။


“ငါ​၏​နာမ​တော်​ကို ကြောက်ရွံ့ရိုသေ​သော သင်​တို့​အဖို့ ဖြောင့်မတ်​ခြင်း​နေမင်း​သည် ကုသ​ခြင်း​တောင်ပံ​နှင့်တကွ ပေါ်ထွန်း​လာ​လိမ့်မည်​။ သင်​တို့​သည်​လည်း တင်းကုပ်​မှ နွားသငယ်​ကဲ့သို့ ခုန်ပေါက်​လျက် ထွက်လာ​မည်​။


သို့ဖြစ်၍ ထာဝရဘုရား​၏​စစ်ပွဲ​များ ဟူသော​စာအုပ်​တွင် “​သုပ​အရပ်​ရှိ ဝါဟက်​မြို့​၊ အာနုန်​ချောင်း​များ​၊


ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား ဟောပြော​တော်​မ​မူ။ သို့သော် မိမိ​တပည့်​တော်​တို့​ကို​မူကား အကြောင်းအရာ​အားလုံး​ကို သီးသန့်​ရှင်းပြ​တော်မူ​၏။


ထိုအခါ ကိုယ်တော်​က“အို မိုက်မဲ​၍ ပရောဖက်​များ​ဟောပြော​ခဲ့​သမျှ​တို့​ကို​ယုံကြည်​ရန် စိတ်နှလုံး​ထိုင်းမှိုင်း​သော​သူ​တို့၊


တစ်ဖန် ကိုယ်တော်​က“သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အား ငါ​ပြော​ခဲ့​သော​စကား​မှာ မောရှေ​၏​ပညတ်​တရား​ကျမ်း၊ ပရောဖက်​ကျမ်း​များ​နှင့် ဆာလံ​ကျမ်း​တွင် ငါ​နှင့်​ပတ်သက်၍ ရေး​ထား​သမျှ​တို့​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဟူ၍​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


ဖိလိပ္ပု​သည် နာသနေလ​ကို​တွေ့​လျှင် “မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​လည်းကောင်း၊ ပရောဖက်​တို့​သည်​လည်း သူတို့ကျမ်း​၌​လည်းကောင်း ရေးသား​ဖော်ပြ​ထား​သော​သူ၊ ယောသပ်​၏​သား၊ နာဇရက်​မြို့​မှ​ယေရှု​ကို ငါ​တို့​တွေ့​ကြ​ပြီ”​ဟု ဆို​၏။


ဟေရှာယ​သည် ယေရှု​၏​ဘုန်း​အသရေ​တော်​ကို​မြင်​ရ​သောကြောင့် ဤသို့​ပြောဆို​ပြီး ကိုယ်တော်​၏​အကြောင်း​ကို ဟောပြော​ခဲ့​ခြင်း​ဖြစ်​၏။


ငါ့​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​ကိုယ်တိုင်​သည်​လည်း ငါ့​အကြောင်း​ကို သက်သေခံ​တော်မူ​၏။ သင်​တို့​မူကား တစ်ခါမျှ သူ​၏​အသံ​တော်​ကို​မ​ကြား၊ အဆင်း​သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဖူး​ကြ။


သင်​တို့​သည် ကျမ်းစာ​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​မည်​ဟု​ထင်မှတ်​၍ ကျမ်းစာ​ကို​စူးစမ်း​လေ့လာ​နေ​ကြ​၏။ ထို​ကျမ်းစာ​က​ပင် ငါ့​အကြောင်း​ကို သက်သေခံ​လျက်​ရှိ​၏။


ထို​အရှင်​နှင့်​ပတ်သက်၍ ပရောဖက်​အားလုံး​တို့​သည်​လည်း ‘ကိုယ်တော်​ကို​ယုံကြည်​သော​သူ​တိုင်း ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​ခံစားရ​၏’​ဟု သက်သေခံ​ကြ​၏”​ဟူ၍ ပြောဆို​လေ​၏။


သို့သော် ဘုရားသခင်​သည် မိမိ​၏​ခရစ်တော်​ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည်​ဟု ပရောဖက်​အပေါင်း​တို့​၏​နှုတ်​အားဖြင့် ကြိုတင်​ဖော်ပြ​ထား​သော​အရာ​တို့​ကို ထိုသို့​ပြည့်စုံ​စေ​တော်မူ​၏။


မောရှေ​က​လည်း ‘သင်​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် သင်​တို့​၏​ညီအစ်ကို​များ​ထဲမှ ငါ​နှင့်​တူ​သော​ပရောဖက်​တစ်​ပါး​ကို သင်​တို့​အတွက်​ပေါ်ထွန်း​စေ​တော်မူ​လိမ့်မည်။ သင်​တို့​အား ထို​သူ​ပြော​သမျှ​တို့​ကို သင်​တို့​နားထောင်​ကြ​ရ​မည်။


ရှမွေလ​မှစ၍ သူ့​နောက်မှ အဆက်ဆက်​ပေါ်ထွန်း​သော​ပရောဖက်​ရှိသမျှ​တို့​သည်​လည်း ဤ​နေ့ရက်​ကာလ​အကြောင်း​ကို ဟောပြော​လျက်​ကြေညာ​ကြ​၏။


ထို​မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ‘ဘုရားသခင်​သည် သင်​တို့​၏​ညီအစ်ကို​များ​ထဲမှ ငါ​နှင့်​တူ​သော​ပရောဖက်​တစ်​ပါး​ကို သင်​တို့​အတွက်​ပေါ်ထွန်း​စေ​တော်မူ​လိမ့်မည်’​ဟု ပြောဆို​ခဲ့​သူ​ဖြစ်​၏။


ဖိလိပ္ပု​သည်​လည်း မိမိ​နှုတ်​ကို​ဖွင့်​လျက် ဤ​ကျမ်းချက်​မှ​အစပြု​၍ ယေရှု​အကြောင်း​ကို သူ့​အား ဟောပြော​လေ​၏။


သင်​တို့​သည် ပြန်လာ​၍ ထာဝရဘုရား​ရှေ့မှောက်​၌ ငိုကြွေး​ကြ​သော်လည်း ထာဝရဘုရား​သည် သင်​တို့​၏​အသံ​ကို​နားညောင်း​တော်​မ​မူ​။ သင်​တို့​ကို ဂရုစိုက်​တော်​မ​မူ​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အမျိုးသားချင်း​ထဲမှ ငါ​နှင့်တူသော​ပရောဖက်​တစ်​ပါး​ကို သင့်​အတွက် ပေါ်ထွန်း​စေ​တော်မူ​မည်​။ သူ့​စကား​ကို သင်​တို့​နားထောင်​ရ​မည်​။


ထိုအခါ ငါ​သည် ထို​ကောင်းကင်​တမန်​ကို​ရှိခိုး​ရန် သူ​၏​ခြေ​ရင်း​၌​ပျပ်ဝပ်​လေ​သော် သူ​က “ထိုသို့​မ​ပြု​နှင့်။ ငါ​သည် သင်​မှစ၍ ယေရှု​နှင့်ဆိုင်သည့်​သက်သေခံ​ချက်​ကို​ရရှိ​ထား​သော သင့်​ညီအစ်ကို​တို့​၏​အစေအပါး​ချင်း​ဖြစ်​၏။ ဘုရားသခင်​ကို​ရှိခိုး​လော့။ အကြောင်းမူကား ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​သည် ပရောဖက်ပြု​ဟောပြော​ခြင်း​၏​ဝိညာဉ်​ဖြစ်​၏”​ဟု ဆို​၏။