“ငါ၏သန့်ရှင်းသောဇိအုန်တောင်ပေါ်တွင် ငါ၏ရှင်ဘုရင်ကို ငါခန့်အပ်ထားပြီ”ဟု မိန့်တော်မူ၏။
လုကာ 23:42 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် “ယေရှု၊ ကိုယ်တော်၏နိုင်ငံတော်သို့ ကိုယ်တော်ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ”ဟု လျှောက်လေ၏။ Common Language Bible ထိုနောက်သခင်ယေရှုအား ``အရှင်အုပ်စိုးရန် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိ ရတော်မူပါ'' ဟုလျှောက်၏။- Garrad Bible အို ယေ ရှု၊ နိုင် ငံ တော် သို့ ကြွ လာ သော် ကျွန် တော် ကို သ တိ ရ တော် မူ ပါ ဟု လျှောက် သည့် ကာ လ၊ Judson Bible သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုအား “အရှင်ယေရှု… ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ဝင်တော်မူသောအခါ အကျွန်ုပ်ကို သတိရတော်မူပါ” ဟု လျှောက်လေ၏။ မြန်မာ သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။- |
“ငါ၏သန့်ရှင်းသောဇိအုန်တောင်ပေါ်တွင် ငါ၏ရှင်ဘုရင်ကို ငါခန့်အပ်ထားပြီ”ဟု မိန့်တော်မူ၏။
သင်တို့အား ငါဆိုသည်ကား မည်သူမဆို လူတို့ရှေ့၌ ငါ့ကိုဝန်ခံလျှင် လူ့သားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်တို့ရှေ့၌ ထိုသူကို ဝန်ခံမည်။
အခွန်ကောက်ခံသူမူကား အဝေး၌ရပ်လျက် ကောင်းကင်သို့ပင်မော်မကြည့်ဝံ့ဘဲ ရင်ဘတ်စည်တီးလျက် ‘အို ဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားတော်မူပါ’ဟု ဆုတောင်း၏။
ငါတို့သည် ငါတို့ပြုခဲ့သည့်အမှုများနှင့် ထိုက်သင့်သောဒဏ်ကိုခံကြရသည်ဖြစ်၍ အမှန်ပင်တရားပါသည်။ ဤအရှင်မူကား မည်သည့်အပြစ်ကိုမျှ မပြုခဲ့ပါ”ဟု ဆို၏။
ကိုယ်တော်ကလည်း“သင့်အား ငါအမှန်ဆိုမည်။ သင်သည် ယနေ့ပင် ငါနှင့်အတူပရဒိသုဘုံ၌ရှိမည်”ဟု သူ့အား မိန့်တော်မူ၏။
ခရစ်တော်သည် ဤသို့ဒုက္ခဝေဒနာခံစားရ၍ မိမိ၏ဘုန်းအသရေထဲသို့ဝင်စားရမည်မဟုတ်လော”ဟု သူတို့အား မိန့်တော်မူ၏။
နာသနေလက “ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်။ အစ္စရေးဘုရင်လည်းဖြစ်ပါသည်”ဟု လျှောက်လေ၏။
သူတို့ကလည်း “သခင်ယေရှုကိုယုံကြည်လော့။ သို့ပြုလျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်”ဟု ဆိုကြ၏။
ဘုရားသခင်ရှေ့တော်၌နောင်တရခြင်း၊ ငါတို့၏သခင်ယေရှုကိုယုံကြည်ခြင်းအကြောင်းတို့ကို ဂျူးလူမျိုးနှင့်ဂရိလူမျိုး နှစ်မျိုးစလုံးတို့အား သက်သေခံခဲ့၏။
သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်တော်သည် ခရစ်တော်၏ဒုက္ခဝေဒနာများနှင့် ထိုဝေဒနာများနောက်တွင်ဖြစ်လာမည့် ဘုန်းအသရေတို့အကြောင်းကို ကြိုတင်သက်သေခံသောအခါ မည်သူ၊ သို့မဟုတ် မည်သည့်အချိန်ကိုဆိုလိုကြောင်း သူတို့စူးစမ်းလေ့လာကြ၏။
ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်၏။ ပေါက်ဖွားစေတော်မူသောအရှင်ကို ချစ်သောသူတိုင်းသည် ထိုအရှင်ထံမှပေါက်ဖွားလာသောသူကိုလည်းချစ်၏။