အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
လုကာ 23:40 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အခြားတစ်ဦးသည် သူ့ကိုဆုံးမ၍ “သင်သည် သူနှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းကိုခံရလျက်ပင် ဘုရားသခင်ကိုမကြောက်သလော။ Common Language Bible အခြားရာဇဝတ်သင့်သူကထိုသူ့အား ``သင် သည်ဘုရားသခင်ကိုမကြောက်ပါသလော။ ငါ တို့သည်ဤသူကဲ့သို့ပင်ဒဏ်စီရင်ခြင်းကို ခံရသော်လည်း၊- Garrad Bible တစ် ယောက် မူ ကား ထို သူ့ ကို ဆုံး မ၍ သင် သည် ထို သို့ သော စီ ရင် ဒဏ် ခံ ရ လျက် ပင် ဘု ရား သ ခင် ကို မ ကြောက် လော။ ငါ တို့ သည် ကိုယ့် ပြစ် မှု များ ကြောင့်၊ Judson Bible တစ်ယောက်မူကား၊ မိမိအဖော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် အခြားသောရာဇဝတ်သားက ထိုသူအား “သင်သည် သူနှင့်တူညီသောပြစ်ဒဏ် ခံရလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ မြန်မာ တစ်ယောက်မူကား၊ မိမိအဖော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။- |
အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
ဆိုးယုတ်သောသူကျူးလွန်သောအပြစ်နှင့်ပတ်သက်၍ ငါ၏စိတ်နှလုံးအထဲမှမိန့်ကြားတော်မူချက်မှာ “သူ၏မျက်စိရှေ့တွင် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းမရှိ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
သင်၏ညီအစ်ကိုကို စိတ်ထဲ၌ အမုန်းမထားရ။ သင့်အိမ်နီးချင်းကြောင့် သင်အပြစ်မသင့်မည့်အကြောင်း သူ့ကို မဆုံးမဘဲမနေနှင့်။
ထိုအခါ ညနေငါးနာရီခန့်တွင်ငှားထားသောသူတို့သည် လာ၍ ဒေနာရိတစ်ပြားစီရကြ၏။
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။
သင်တို့ကြောက်ရမည့်သူကို သင်တို့အား ငါပြောပြမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးနောက် ငရဲထဲသို့ပစ်ချပိုင်ခွင့်ရှိသောသူကို ကြောက်ကြလော့။ မှန်ပေ၏။ ထိုသူကိုကြောက်ကြလော့ဟု သင်တို့အား ငါဆို၏။
ဆွဲထားခြင်းခံရသောရာဇဝတ်သားတို့ထဲမှ တစ်ဦးသည်လည်း ကိုယ်တော်ကိုစော်ကားလျက် “သင်သည် ခရစ်တော်မဟုတ်လော။ သင့်ကိုယ်သင်ကယ်တင်၍ ငါတို့ကိုလည်းကယ်တင်လော့”ဟု ဆို၏။
ငါတို့သည် ငါတို့ပြုခဲ့သည့်အမှုများနှင့် ထိုက်သင့်သောဒဏ်ကိုခံကြရသည်ဖြစ်၍ အမှန်ပင်တရားပါသည်။ ဤအရှင်မူကား မည်သည့်အပြစ်ကိုမျှ မပြုခဲ့ပါ”ဟု ဆို၏။
အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။
လူတို့သည် သူတို့ခံရသောနာကျင်ခြင်းဝေဒနာနှင့် သူတို့၏အနာစိမ်းတို့ကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို စော်ကားပြောဆို၍ မိမိတို့ပြုသောအမှုများအတွက် နောင်တမရကြပေ။