သို့သော် သင်တို့ဦးခေါင်းမှ ဆံပင်တစ်ပင်မျှမပျက်စီးရ။
သို့ရာတွင်သင်တို့ဦးခေါင်းကဆံပင်တစ်ပင် မျှပျက်စီးရလိမ့်မည်မဟုတ်။-
သင် တို့ ဦး ဆံ တစ် ပင် မျှ မ ကျွတ် ရ။
သို့သော်လည်း သင်တို့ ဆံခြည်တစ်ပင်မျှ မပျက်စီးရ။-
သို့သော်လည်း သင်တို့ဦးခေါင်းမှ ဆံခြည်တစ်မျှင်မျှ ပျက်စီးလိမ့်မည်မဟုတ်။
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ သွေးကြွေးတောင်းသောသူတို့သည် လူ့အသက်ကို ထပ်၍မသတ်ကြစေရန်၊ အကျွန်ုပ်၏သားကိုမဖျက်ဆီးကြစေရန် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားကို အောက်မေ့တော်မူပါ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်သား၏ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ”ဟု ပြန်မိန့်ဆို၏။
သင်တို့ဦးခေါင်းမှ ဆံပင်ရှိသမျှကိုပင် ရေတွက်ထားတော်မူ၏။
သင်တို့ဦးခေါင်းမှဆံပင်ရှိသမျှကိုပင် ရေတွက်ထားတော်မူ၏။ မကြောက်ကြနှင့်။ သင်တို့သည် စာကလေးများစွာတို့ထက်အဖိုးထိုက်ကြ၏။
လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။
ထို့ကြောင့် အစာစားကြရန် သင်တို့အား အကျွန်ုပ်တိုက်တွန်းပါသည်။ ဤသည်ကား သင်တို့၏လွတ်မြောက်ခြင်းအတွက် ဖြစ်၏။ သင်တို့၏ဦးခေါင်းမှ ဆံပင်တစ်ပင်မျှ ပျက်စီးမည်မဟုတ်”ဟု ဆိုလေ၏။
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။
တစ်စုံတစ်ယောက်သည် ထ၍ သခင့်ကိုလိုက်ပြီး သခင့်အသက်ကို ရန်ရှာမည်ဆိုလျှင် သခင်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အသက်ကို အသက်အိတ်ထဲ၌လုံခြုံစွာ ထုပ်ထားတော်မူပါစေသော။ သခင့်ရန်သူတို့၏အသက်ကိုကား လောက်လွှဲထဲမှလောက်စာလုံးကို လွှဲပစ်သကဲ့သို့ လွှဲပစ်တော်မူပါစေသော။