Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 21:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သင်​တို့​သည် သည်းခံ​သော​အားဖြင့် သင်​တို့​အသက်​ကို​ရရှိ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သင်​တို့​သည်​ကြံ့​ကြံ့​ခံ​နိုင်​ရည်​ရှိ​ကြ​လော့။ သို့​ပြု​လျှင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 တည် ကြည် ကြ လျှင် အ သက် ချမ်း သာ ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သင်​တို့​သည် တည်​ကြည်​သော​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 သင်တို့​သည် ကြံ့ကြံ့ခံခြင်း​အားဖြင့် ကယ်တင်ခံကြရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

19 သင်​တို့​သည် တည်​ကြည်​သော​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 21:19
26 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​ရှေ့​တော်​၌ တိတ်ဆိတ်​စွာ​နေ​၍ ကိုယ်တော်​ကို​ငံ့လင့်​လော့​။ မိမိ​ပြု​သော​အမှု​၌ အောင်မြင်​သော​သူ​ကြောင့်​လည်းကောင်း​၊ ကောက်ကျစ်​သော​အကြံအစည်​များ​ကို ကြံစည်​သော​သူ​ကြောင့်​လည်းကောင်း စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။


ငါ​သည် ထာဝရဘုရား​ကို စေ့စေ့​စောင့်မျှော်​လျက်​နေ​၏​။ ကိုယ်တော်​သည် ငါ့​ဘက်​သို့​လှည့်​၍ ငါ​၏​အော်ဟစ်သံ​ကို ကြား​တော်မူ​၏​။


အကျွန်ုပ်​သည် အသံ​တော်​ကို​ကြား​ရ​သောအခါ ရင်တုန်​ရ​ပါ​၏​၊ အသံ​တော်​ကြောင့် နှုတ်ခမ်း​လည်း တုန်ခါ​ပါ​၏​။ အရိုး​များ​လည်း ဆွေးမြည့်​ပါ​၏​။ ခြေ​များ​လည်း မခိုင်​တော့​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​၍ အကျွန်ုပ်​တို့​အား ကျူးကျော်တိုက်ခိုက်​သော​လူမျိုး​တို့​ရောက်လာ​သော​နေ့​တိုင်အောင် အကျွန်ုပ်​သည် နေရစ်​ရ​ပါ​မည်​။


လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင်​တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။


သို့သော် အဆုံး​တိုင်အောင် တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။


ကောင်း​သော​မြေ​၌​ကျ​သည်​ဆိုသည်မှာ ကြည်လင်​ကောင်းမြတ်​သော​စိတ်နှလုံး​ဖြင့် တရား​စကား​ကို​ကြား​၍ ၎င်း​ကို​စွဲကိုင်​ထား​ကာ သည်းခံ​သော​အားဖြင့် အသီး​သီး​သော​သူ​တို့​ကို​ဆိုလို​၏။


အကြောင်းမူကား ရှေး​အခါ​က​ရေး​ထား​သမျှ​သော​အရာ​သည် ငါ​တို့​ကို​သွန်သင်​ရန်​ရေး​ထား​ခြင်း​ဖြစ်​ပြီး ကျမ်းစာ​၌​ပါ​သော သည်းခံ​ခြင်း​နှင့် နှစ်သိမ့်​ခြင်း​အားဖြင့် ငါ​တို့​၌ မျှော်လင့်​ခြင်း​ရှိ​စေရန်​ဖြစ်​၏။


ကောင်း​သော​အမှု​ကို ဇွဲ​လုံ့လ​ဖြင့်​ပြု​လျက် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​တို့​ကို​ရှာဖွေ​သော​သူ​တို့​အား ထာဝရ​အသက်​ကို ပေး​တော်မူ​လိမ့်မည်။


ထိုမျှမက ဆင်းရဲ​ဒုက္ခ​များ​၌​လည်း ဂုဏ်ယူ​ဝမ်းမြောက်​ကြ​၏။ အကြောင်းမူကား ဆင်းရဲ​ဒုက္ခ​သည် သည်းခံ​ခြင်း​ကို​လည်းကောင်း၊


သည်းခံ​ခြင်း​သည် ပါရမီ​ရင့်ကျက်​ခြင်း​ကို​လည်းကောင်း၊ ပါရမီ​ရင့်ကျက်​ခြင်း​သည် မျှော်လင့်​ခြင်း​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​သည်​ကို ငါ​တို့​သိ​ကြ​၏။


မ​မြင်​သေး​သော​အရာ​ကို ငါ​တို့​မျှော်လင့်​ကြ​လျှင်​မူကား ထို​အရာ​ကို သည်းခံ​သော​စိတ်​နှင့်​စောင့်မျှော်​ကြ​၏။


သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု၊ မေတ္တာ​ဖြင့်​ကြိုးပမ်း​အားထုတ်​မှု​နှင့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ကို မျှော်လင့်​ခြင်း​အားဖြင့်​ဖြစ်ပေါ်​သော​သည်းခံ​မှု​တို့​ကို ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ရှေ့​တော်​၌ အမြဲမပြတ်​အောက်မေ့​ကြ​၏။


သခင်​ဘုရား​သည် သင်​တို့​၏​စိတ်နှလုံး​ကို ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ခရစ်တော်​၏​သည်းခံ​ခြင်း​ထဲသို့ ပို့ဆောင်​တော်မူ​ပါစေသော။


ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​ပြီး ကတိ​တော်​ကို​ခံစား​ရရှိ​နိုင်​ရန် သင်​တို့​၌​လိုအပ်​သော​အရာ​မှာ သည်းခံ​ခြင်း​ဖြစ်​၏။


သင်​တို့​တစ်ဦးစီ​သည် မျှော်လင့်​ခြင်း​နှင့်ဆိုင်သော​စိတ်ချမှု​အပြည့်အဝ​ရှိ​ကြ​ရန် ထိုသို့​သော​စိတ်အား​ထက်သန်​မှု​ကို အဆုံး​တိုင်အောင်​ပြ​မည့်​အကြောင်း ငါ​တို့​အလိုရှိ​ကြ​၏။


ဤသို့ဖြင့် အာဗြဟံ​သည် စိတ်ရှည်​စွာ​စောင့်ဆိုင်း​သဖြင့် ကတိ​တော်​ကို​ခံစား​ရရှိ​ခဲ့​၏။


အကြောင်းမူကား သင်​တို့​၏​ယုံကြည်​ခြင်း​ကို​စစ်ကြော​စုံစမ်း​ခြင်း​သည် သည်းခံ​ခြင်း​ကို​ဖြစ်ပေါ်​စေ​ကြောင်း သင်​တို့​သိ​ကြ​၏။


သင်​တို့​သည် မည်သည့်​ချို့တဲ့​မှု​မျှ​မ​ရှိ​ဘဲ ရင့်ကျက်​၍​ပြည့်စုံ​သော​သူ​ဖြစ်​ကြ​မည့်​အကြောင်း ထို​သည်းခံ​ခြင်း​စုံလင်​သည့်​တိုင်အောင် ပြုစု​ကြ​လော့။


အသိပညာ​၌ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ကို​လည်းကောင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​၌ သည်းခံ​ခြင်း​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​၌ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​ကို​လည်းကောင်း၊


ယေရှု​၌​ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊ နိုင်ငံ​တော်​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​ကို​လည်းကောင်း သင်​တို့​နှင့်အတူ မျှဝေ​ခံစား​သူ​ဖြစ်​သော သင်​တို့​၏​ညီအစ်ကို ငါ​ယောဟန်​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့် ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​တို့​ကြောင့် ပတ်မု​ဟု​ခေါ်​သော​ကျွန်း​တွင်​ရောက်​နေ​၏။


ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည့်​သူ​သည် ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည်​ဖြစ်​၏။ ဓား​ဖြင့်​အသေ​သတ်​ခြင်း​ခံရ​မည့်​သူ​သည် ဓား​ဖြင့်​အသေ​သတ်​ခြင်း​ကို​ခံရ​မည်​ဖြစ်​၏။ ဤ​နေရာ​တွင် သန့်ရှင်း​သူ​တို့​၏​သည်းခံ​ခြင်း​နှင့်​သစ္စာစောင့်​ခြင်း​တို့​ရှိ​ကြ​၏။


ဤ​နေရာ​တွင် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​လည်းကောင်း၊ ယေရှု​၌​ယုံကြည်​ခြင်း​ကို​လည်းကောင်း စောင့်ထိန်း​သော သန့်ရှင်း​သူ​တို့​၏​သည်းခံ​ခြင်း​ရှိ​၏။


သင်​သည် သည်းခံ​ခြင်း​နှင့်ဆိုင်သော ငါ​၏​နှုတ်ကပတ်တရား​ကို လိုက်နာ​စောင့်ထိန်း​သောကြောင့် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​ကြ​သော​သူ​တို့​ကို စမ်းသပ်​စစ်ဆေး​ရန်​အတွက် ကမ္ဘာ​တစ်ခုလုံး​အပေါ်သို့ သက်ရောက်​လာ​တော့မည့် စမ်းသပ်​စစ်ဆေး​ရာ​ကာလ​တွင် ငါ​သည်​လည်း သင့်​ကို​စောင့်ရှောက်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ