အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 20:36 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

နောက်တစ်ဖန် သေ​သည်​ဟူ၍​လည်း​မ​ရှိ​နိုင်​ကြ။ အကြောင်းမူကား သူ​တို့​သည် ကောင်းကင်တမန်​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် ရှင်ပြန်​ထမြောက်​ခြင်း​၏​သား​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​၏​သား​များ​လည်း​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ် သ​ဖြင့်​သေ​နိုင်​ကြ​မည်​မ​ဟုတ်။ သူ​တို့​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​သူ​များ​ဖြစ် သော​ကြောင့်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​၏။

အခန်းကိုကြည့်ပါ။

Judson Bible

သေ​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်၍ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဖြစ်​သည်​သာ​မ​က၊ ထ​မြောက်​ခြင်း၏​သား ဖြစ်​သော​ကြောင့် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထပ်မံ၍​လည်း သေဆုံးကြမည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် ကောင်းကင်တမန်များ​ကဲ့သို့​ဖြစ်ကြ၏။ သူတို့​သည် သေရာ​မှ​ပြန်ရှင်ခွင့်​ကို ခံစားရမည့် သားသမီးများ​ဖြစ်သည်​နှင့်အညီ ဘုရားသခင်​၏​သားသမီးများ​လည်း ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

သေ​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်၍ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဖြစ်​သည်​သာ​မ​က၊ ထ​မြောက်​ခြင်း၏​သား ဖြစ်​သော​ကြောင့် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။



လုကာ 20:36
20 ပူးပေါင်းရင်းမြစ်များ  

သေ​ခြင်း​ကို ထာဝရ​ပျက်စီး​စေ​တော်မူ​မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် လူ​ခပ်သိမ်း​တို့​၏​မျက်နှာ​မှ မျက်ရည်​ကို သုတ်ပေး​တော်မူ​မည်​။ မိမိ​လူမျိုး​တော်​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို မြေ​တစ်ပြင်လုံး​မှ​ဖယ်ရှား​တော်မူ​မည်​။ ထိုသို့ ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။


ငါ​သည် သူ​တို့​ကို မရဏာနိုင်ငံ​မှ ကယ်နုတ်​မည်​။ သေမင်း​လက်​မှ ရွေးနုတ်​မည်​။ အို သေမင်း​၊ သင်​၏​ဘေး​ကား အဘယ်မှာ​နည်း​။ အို မရဏာနိုင်ငံ​၊ သင်​၏​အဆိပ်ဆူး​ကား အဘယ်မှာ​နည်း​။ သင့်​ကို ငါ​မသနား​မကြင်နာ​တော့​ပြီ​။”


“​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ ‘သင်​သည် ငါ့​လမ်းစဉ်​များ​အတိုင်း လိုက်လျှောက်​ပြီး ငါ​ညွှန်ကြား​သည့်​အတိုင်း လိုက်နာ​မည်​ဆိုလျှင် ငါ့​အိမ်​တော်​တွင် တာဝန်ထမ်း​ရ​သော​အခွင့်​၊ ငါ့​ဝင်း​တော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရ​သော​အခွင့်​ကို ပေး​မည်​။ ရပ်​နေ​သော ဤ​သူ​တို့​နှင့်အတူ ဝင်ထွက်​သွားလာ​ရ​သော​အခွင့်​ကို​လည်း သင့်​အား ငါ​ပေး​မည်​။


အကြောင်းမူကား ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ လူ​တို့​သည် ထိမ်းမြား​စုံဖက်​ခြင်း​ကို​မ​ပြု၊ ပေးစား​ဆောင်နှင်း​ခြင်း​လည်း​မ​ရှိ​ဘဲ ကောင်းကင်​၌​ရှိ​သော ကောင်းကင်တမန်​များ​ကဲ့သို့ ဖြစ်​ကြ​၏။


အကြောင်းမူကား လူ​တို့​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​ကြ​သောအခါ ထိမ်းမြား​စုံဖက်​ခြင်း​ကို​မ​ပြု၊ ပေးစား​ဆောင်နှင်း​ခြင်း​လည်း​မ​ရှိ​ဘဲ ကောင်းကင်​ဘုံ​၌​ရှိ​သော ကောင်းကင်တမန်​များ​ကဲ့သို့​ဖြစ်​ကြ​၏။


ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြောင်း​ကို ဝိညာဉ်​တော်​ကိုယ်တိုင် ငါ​တို့​၏​ဝိညာဉ်​နှင့်အတူ​သက်သေခံ​တော်မူ​၏။


ဖျက်ဆီး​ခြင်း​ခံရ​မည့် နောက်ဆုံး​ရန်သူ​မှာ သေ​ခြင်း​ဖြစ်​၏။


သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည်​လည်း ထိုနည်းတူ​ဖြစ်​၏။ ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။


ငါ​တို့​သည် မြေမှုန့်​နှင့်ဆိုင်သော​သူ​၏​ပုံသဏ္ဌာန်​ကို​ဆောင်​သကဲ့သို့ ကောင်းကင်​နှင့်ဆိုင်သော​သူ​၏​ပုံသဏ္ဌာန်​ကို​လည်း ဆောင်​ရ​ကြ​လိမ့်မည်။


ထို​သခင်​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​အား​နာခံ​စေ​နိုင်​သော​တန်ခိုး​အားဖြင့် ငါ​တို့​၏​ဂုဏ်​သေးသိမ်​သော​ကိုယ်ခန္ဓာ​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ကိုယ်ခန္ဓာ​နှင့်​တူညီ​စေရန် ပြောင်းလဲ​စေ​တော်မူ​လိမ့်မည်။


ပထမ​ရှင်ပြန်​ထမြောက်​ခြင်း​၌​ပါ​သော​သူ​သည် မင်္ဂလာရှိ​သူ၊ သန့်ရှင်း​သူ​ဖြစ်​၏။ ဒုတိယ​သေ​ခြင်း​သည် သူ​တို့​အပေါ်​မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။ သူ​တို့​သည် ဘုရားသခင်​နှင့်​ခရစ်တော်​၏​ယဇ်ပုရောဟိတ်​များ​ဖြစ်​ကြ​ပြီး ခရစ်တော်​နှင့်အတူ အနှစ်​တစ်ထောင်​စိုးစံ​ကြ​လိမ့်မည်။


ကိုယ်တော်​သည် သူ​တို့​၏​မျက်စိ​မှ​မျက်ရည်​ရှိသမျှ​တို့​ကို သုတ်​ပေး​တော်မူ​လိမ့်မည်။ သေ​ခြင်း​သည် ရှိ​တော့မည်​မ​ဟုတ်။ ဝမ်းနည်း​ကြေကွဲ​ခြင်း၊ အော်ဟစ်​ငိုကြွေး​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​သည်​လည်း ရှိ​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ယခင်​ဖြစ်​ခဲ့​သော​အရာ​တို့​သည် ပျောက်ကွယ်​သွား​ကြ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


သူ​က “ထိုသို့​မ​ပြု​နှင့်။ ငါ​သည် သင်​မှစ၍ သင့်​ညီအစ်ကို​များ​ဖြစ်​ကြ​သည့် ပရောဖက်​များ​နှင့် ဤ​စာစောင်​၌​ပါ​သော​စကား​တို့​ကို လိုက်နာ​စောင့်ထိန်း​သော​သူ​များ​၏​အစေအပါး​ချင်း​ဖြစ်​၏။ ဘုရားသခင်​ကို​ရှိခိုး​လော့”​ဟု ဆို​၏။