အစ်ကိုတို့သည် သူ့ကိုမနာလိုဖြစ်ကြ၏။ ဖခင်မူကား ထိုအကြောင်းအရာကို စိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။
လုကာ 2:19 - မြန်မာ့စံမီသမ္မာကျမ်း မာရိမူကား ဤအခြင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏။ Common Language Bible သို့သော်မာရိသည်အကြောင်းအရာအလုံးစုံ တို့ကိုမှတ်ကျုံးကာစဉ်းစားဆင်ခြင်လျက်နေ ၏။- Garrad Bible မာ ရိ မူ ကား ထို အ ခြင်း အ ရာ ရှိ သ မျှ ကို နှ လုံး သွင်း၍ စဉ်း စား လျက် နေ၏။ Judson Bible မာရိသည် ထိုအကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက် နေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း မာရိသည် ဤဖြစ်ပျက်သမျှအကြောင်းအရာအားလုံးကို မိမိစိတ်နှလုံးထဲတွင် မှတ်သား၍ စဉ်းစားဆင်ခြင်လျက်နေ၏။ မြန်မာ မာရိသည် ထိုအကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက် နေ၏။- |
အစ်ကိုတို့သည် သူ့ကိုမနာလိုဖြစ်ကြ၏။ ဖခင်မူကား ထိုအကြောင်းအရာကို စိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။
ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
ငါ၏ဖခင်သည် ငါ့ကိုသွန်သင်လျက် မြွက်ဆိုသည်မှာ “ငါ့စကားတို့ကို သင်၏စိတ်နှလုံးထဲ၌ စွဲမှတ်ထားလော့။ ငါ၏ပညတ်ချက်တို့ကိုစောင့်ထိန်း၍ အသက်ရှင်လော့။
ဤသည်ကား အဖြစ်အပျက်အလုံးစုံတည်း။ ငါဒံယေလသည် အတွေးများကြောင့် စိုးရိမ်ထိတ်လန့်ကာ မျက်စိမျက်နှာပျက်လေ၏။ သို့သော် ထိုအဖြစ်အပျက်တို့ကို ငါ့စိတ်ထဲတွင် သိမ်းဆည်းထားလေ၏”ဟု ဆို၏။
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။
ကြားရသောသူအပေါင်းတို့သည်လည်း ထိုအကြောင်းအရာတို့ကို နှလုံးသွင်း၍ “ဤသူငယ်သည် မည်သို့သောသူဖြစ်လိမ့်မည်နည်း”ဟု ဆိုကြ၏။ အကြောင်းမူကား ထာဝရဘုရား၏လက်တော်သည် သူငယ်နှင့်အတူရှိတော်မူ၏။
ကြားရသောသူအပေါင်းတို့သည်လည်း မိမိတို့အား သိုးထိန်းတို့ပြောဆိုသောအကြောင်းအရာများကြောင့် အံ့ဩကြ၏။
ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူပြန်သွား၍ နာဇရက်မြို့သို့ရောက်သောအခါ သူတို့ကိုနာခံလျက်နေတော်မူ၏။ မယ်တော်မူကား ဤအကြောင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။
ထိုစကားတို့သည် ဒါဝိဒ်၏စိတ်ထဲ၌စွဲနေသောကြောင့် သူသည် ဂါသဘုရင်အာခိတ်မင်းကြီးကို အလွန်တရာမှကြောက်ရွံ့လေ၏။