အကြောင်းမူကား မြင့်မြတ်သောသူ၏ရှေ့တွင် နှိမ့်ချခြင်းခံရသည်ထက် “ဤနေရာသို့တက်လာပါ”ဟု ဖိတ်ခေါ်ခြင်းခံရသည်က ပို၍ကောင်း၏။ သင့်မျက်စိဖြင့်တွေ့မြင်သောအရာကို
လုကာ 14:7 - မြန်မာ့စံမီသမ္မာကျမ်း ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် အထူးနေရာများရွေးချယ်နေကြပုံကို ကိုယ်တော်မြင်တော်မူလျှင် ထိုသူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ Common Language Bible စားသောက်ပွဲသို့ဖိတ်ခေါ်ထားသောသူတို့သည် အကောင်းဆုံးသောနေရာများကိုရွေးချယ်နေ ကြသည်ကိုကိုယ်တော်မြင်တော်မူလျှင် ထိုသူ တို့အားပုံဥပမာတစ်ခုကိုမိန့်ကြားတော်မူ၏။- Garrad Bible အ ဖိတ် ခံ ရ သူ တို့ သည် မြင့် မြတ် သော နေ ရာ များ ကို ရွေး ချယ် ကြ ကြောင်း ဂ ရု စိုက် လျက် ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ၊ Judson Bible ထိုအခါ ခေါ်ဖိတ်သောသူတို့သည် မြင့်မြတ်သော နေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖိတ်ခေါ်ခြင်းခံရသော ဧည့်သည်များသည် စားပွဲဝိုင်း၏အထူးနေရာကိုသာ ရွေးချယ်လျက် ရှိကြောင်းကို ယေရှုသည် မြင်တော်မူလျှင် သူတို့အား ပုံဥပမာပေး၍ မိန့်တော်မူ၏။ မြန်မာ ထိုအခါ ခေါ်ဖိတ်သောသူတို့သည် မြင့်မြတ်သော နေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊- |
အကြောင်းမူကား မြင့်မြတ်သောသူ၏ရှေ့တွင် နှိမ့်ချခြင်းခံရသည်ထက် “ဤနေရာသို့တက်လာပါ”ဟု ဖိတ်ခေါ်ခြင်းခံရသည်က ပို၍ကောင်း၏။ သင့်မျက်စိဖြင့်တွေ့မြင်သောအရာကို
“အချင်းလူသား၊ အစ္စရေးလူမျိုးတို့အား စကားထာဝှက်၍ ပုံဥပမာခိုင်းနှိုင်းပြလော့။
ယေရှုသည် ဤအကြောင်းအရာအလုံးစုံတို့ကို ပုံဥပမာများဖြင့် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူ၏။ ပုံဥပမာမပါဘဲ သူတို့အား မြွက်ဆိုတော်မမူ။
စားသောက်ပွဲများ၌ အထူးနေရာကိုလည်းကောင်း၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊
ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံကိုလည်းကောင်း၊ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။
“ကျမ်းပြုဆရာတို့ကို သတိထားကြလော့။ သူတို့သည် ဝတ်လုံကိုဝတ်လျက် သွားလာရန် အလိုရှိကြ၍ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊ စားသောက်ပွဲများ၌ အထူးနေရာများကိုလည်းကောင်း နှစ်သက်ကြ၏။
မည်သည့်အမှုကိုမျှ တုပြိုင်လိုသောစိတ်နှင့်လည်းကောင်း၊ အချည်းနှီးကျော်စောလိုသောစိတ်နှင့်လည်းကောင်း မပြုဘဲ နှိမ့်ချသောစိတ်ရှိလျက် သူတစ်ပါးတို့သည် မိမိတို့ထက် ထူးမြတ်သည်ဟု မှတ်ယူကြလော့။
ငါသည် အသင်းတော်ထံသို့ စာအနည်းငယ်ရေးခဲ့သော်လည်း သူတို့တွင် ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်သည် ငါတို့ကိုလက်မခံ။
ရှံဆုန်က ထိုသူတို့အား “ယခု သင်တို့ကို စကားထာဝှက်မည်။ ပွဲခံရာခုနစ်ရက်အတွင်း အဖြေကို ရှာတွေ့ပြီး ပြောပြနိုင်လျှင် ပိတ်ချောဝတ်ရုံအထည်သုံးဆယ်နှင့် ဝတ်စုံအစုံသုံးဆယ်ကို သင်တို့အားငါပေးမည်။